ထုတ်လွှင့် ပေးမှာဖြစ်ပြီး အွန်လိုင်းပေ့ခ်ျတွေဖြစ်တဲ့ MMN Facebook နဲ့YoutTube Channel၊ MandalayHillside Resort & Villas၊ Mytel
Credit
Unicode
“အသက်ရှူနေသမျှ ချစ်ပါရစေ” လို့အမည်ရှိတဲ့ အွန်လိုင်းဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်သွားမယ်
ဂီတအနုပညာလောကမှ ဝါရင့်အဆိုတော်ကြီးဖြစ်သူ ဂျက်မြသောင်းက “အသက်ရှူ နေသမျှ ချစ်ပါရစေ” လို့အမည်ရှိတဲ့ အွန်လိုင်းဖျော်ဖြေပွဲ
တစ်ခုကို ဒီဇင်ဘာ ၁၂ ရက်တွင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုတော်ကြီးဂျက်မြသောင်းရဲ့ တေးသီချင်းတွေဟာဆိုရင် လက်ရှိအချိန်
အထိ ပရိသတ်တွေအားပေးနေကြဆဲဖြစ်ပြီး၊ မျိုးဆက်သစ်အဆိုရှင်တွေရဲ့ ပြန်ဆိုတေးတွေ အဖြစ်လည်း ထွက်ရှိနေတာဖြစ်ပါတယ်။
“ ယနေ့ ရိုက်ကူးရေးနဲ့ ရီဟာဇယ် The Yangon Gallery ခန်းမမှာ 12ရက်နေ့ အတွက်နောက်ဆုံးရိုက်ကူးမှာပါ။ ပရိတ်သတ်ကို တင်ဆက်
ချင်လွန်းလို့ ခြေထောက် သွေးကျပြီး ယောင်နေပေမယ့် အားတင်း၍ သီချင်း အပြီးတိုက်မှာပါ။ ပရိတ်သတ်ကို ကျနော့်သီချင်းလေးတွေ စဉ်
ဆက်မပြတ် တင်ပြဖို့ အစီအစဉ်တွေဆွဲနေရင်း တိုင်ပင်နေ ရင်း ကျနော့်ကို အနားက ကူညီပေးနေတဲ့ မန်နေဂျာ(အောင်မင်းခန့်) ဒါရိုက်တာ
ဇော်ကြီး နဲ့ 747 MusicBand မှPlayer တွေ ကျေးဇူးတင်ရင်း” လို့အဆိုတော် ဂျက်မြသောင်းက ဆိုထားတာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို
တော့ 747 Music Band က တီးခတ်ပေးမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီမှာစတင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ အဆိုတော်ကြီး
ဂျက်မြသောင်းရဲ့ ဖျော်ဖြေပွဲကို Channel 9 ရုပ်သံလိုင်းမှ ထုတ်လွှင့် ပေးမှာဖြစ်ပြီး အွန်လိုင်းပေ့ချ်တွေဖြစ်တဲ့ MMN Facebook နဲ့
YoutTube Channel၊ MandalayHillside Resort & Villas၊ Mytel Myanmar၊ Channel 9 နဲ့ Shwe FM အစရှိတဲ့ Facebook Page တို့
ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။
Credit