တနသၤာရီက ရွားပါးမ်ိဳးစိတ္ ႀကံ့သူေတာ္ကို ရန္ကုန္တိရစၧာန္ဥယ်ာဥ္သို႔ ပို႔ေဆာင္ရန္စီစဥ္ထား

တနသၤာရီက ရွားပါးမ်ိဳးစိတ္ ႀကံ့သူေတာ္ကို ရန္ကုန္တိရစၧာန္ဥယ်ာဥ္သို႔ ပို႔ေဆာင္ရန္စီစဥ္ထား

 

 

တနသၤာရီတိုင္းေဒသႀကီး ေတြ႕ရွိခဲ့သည့္ ႀကံ့သူေတာ္ကို က်န္းမာေရးေကာင္းမြန္လာပါက ရန္ကုန္တိရစၧာန္ဥယ်ာဥ္သို႔ ပို႔ေဆာင္သြားရန္

 

စီစဥ္ထားေၾကာင္း တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ သယံဇာတႏွင့္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန သတင္းမ်ားအရ သိရပါတယ္။

 

ၿပီးခဲ့သည့္ နိုဝင္ဘာလအတြင္းက ႀကံ့သူေတာ္အမေလးတစ္ေကာင္ကို တနသၤာရီ သိန္ခြန္းႀကိဳးဝိုင္းအတြင္း ေက်ာ့ကြင္းမွလြတ္လာသည္ဟု

 

ထင္ရေသာ ယာလက္မွ ဒဏ္ရာျဖင့္ ျခဳံအတြင္းလဲေနစဥ္ ၿခံပိုင္ရွင္တစ္ဦးျဖစ္ေသာ ကိုေအာင္မိုးစိုးက ေတြ႕ရွိခဲ့ၿပီး သစ္ေတာဦးစီးဌာနကို

 

လာေရာက္အပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ရန္ကုန္တိရစၧာန္ဥယ်ာဥ္တြင္ ႀကံ့သူေတာ္အထီး တစ္ေကာင္ရွိေနသည့္အတြက္ တနသၤာရီ

 

 

တိုင္းေဒသႀကီးတြင္ ေတြ႕ရွိခဲ့ရေသာ ႀကံ့သူေတာ္ အမ ေလး ကို က်န္းမာေရးေကာင္းမြန္ပါက ရန္ကုန္တိရစၧာန္ဥယ်ာဥ္သို႔ ပို႔ေဆာင္ရန္စီစဥ္

 

ထားေၾကာင္း သိရပါတယ္။ ႀကံ့သူေတာ္(အမ)သည္ အလ်ား ၆ေပ၊ လုံးပတ္ ၆ ေပ၊ အျမင့္ ၃ေပ ၇ လက္မႏွင့္ အၿမီး ၅ လက္မအရြယ္ရွိၿပီး ယာလက္

 

မွာ ဒဏ္ရာမွာပုပ္ေနသည့္အတြက္ ညာလက္ဆစ္ကို ထုံေဆးအသုံးျပဳကာ ျဖတ္ပစ္ခဲ့ရေၾကာင္း သိရပါတယ္။ လက္ရွိ ႀကံ့သူေတာ္ကို ထားဝယ္

 

ခရိုင္ ေရျဖဴၿမိဳ႕နယ္ ကလိန္ေအာင္ၿမိဳ႕ရွိ တနသၤာရီသဘာဝႀကိဳးဝိုင္း စီမံကိန္းစခန္းသို႔ ပို႔ေဆာင္၍ ေဆးကုသေပးလ်က္ရွိၿပီး ယာယီထိန္း

 

သိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရပါတယ္။ ႀကံ့သူေတာ္လာေရာက္အပ္ႏွံခဲ့သူ ကိုေအာင္မိုးစိုးကို သစ္ေတာဦးစီးဌာနမွ ဂုဏ္ျပဳမွတ္တမ္းလႊာ

 

 

ႏွင့္ ဆုေၾကးေငြမ်ားခ်ီးျမႇင့္ခဲ့ေၾကာင္း သိရပါတယ္။ ႀကံ့သူေတာ္ကို ျမန္မာနိုင္ငံတြင္လုံးဝကာကြယ္ထားသည့္ တိရစၧာန္အျဖစ္ သတ္မွတ္ထားၿပီး

 

နိုင္ငံတကာသဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕က မ်ိဳးသုဥ္းရန္အႏၲရာယ္ရွိေသာ မ်ိဳးစိတ္အျဖစ္သတ္မွတ္ထားေၾကာင္း သိရပါတယ္။

 

Credit

 

 

 

Unicode

 

တနင်္သာရီက ရှားပါးမျိုးစိတ် ကြံ့သူတော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ရန်စီစဉ်ထား

 

 

တနင်္သာရီတိုင်းဒေသကြီး တွေ့ရှိခဲ့သည့် ကြံ့သူတော်ကို ကျန်းမာရေးကောင်းမွန်လာပါက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်သွား

 

ရန် စီစဉ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းများအရ

 

သိရပါတယ်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ကြံ့သူတော်အမလေးတစ်ကောင်ကို တနင်္သာရီ သိန်ခွန်းကြိုးဝိုင်းအတွင်း ကျော့ကွင်းမှ

 

လွတ်လာသည်ဟု ထင်ရသော ယာလက်မှ ဒဏ်ရာဖြင့် ခြုံအတွင်းလဲနေစဉ် ခြံပိုင်ရှင်တစ်ဦးဖြစ်သော ကိုအောင်မိုးစိုးက တွေ့ရှိခဲ့ပြီး သစ်

 

တောဦးစီးဌာနကို လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကြံ့သူတော်အထီး တစ်ကောင်ရှိနေ

 

 

သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးတွင် တွေ့ရှိခဲ့ရသော ကြံ့သူတော် အမ လေး ကို ကျန်းမာရေးကောင်းမွန်ပါက ရန်ကုန်တိရစ္ဆာ

 

န်ဥယျာဉ်သို့ ပို့ဆောင်ရန်စီစဉ်ထားကြောင်း သိရပါတယ်။ ကြံ့သူတော်(အမ)သည် အလျား ၆ပေ၊ လုံးပတ် ၆ ပေ၊ အမြင့် ၃ပေ ၇ လက်မ

 

နှင့် အမြီး ၅ လက်မအရွယ်ရှိပြီး ယာလက်မှာ ဒဏ်ရာမှာပုပ်နေသည့်အတွက် ညာလက်ဆစ်ကို ထုံဆေးအသုံးပြုကာ ဖြတ်ပစ်ခဲ့ရကြောင်း

 

သိရပါတယ်။ လက်ရှိ ကြံ့သူတော်ကို ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းစခန်းသို့ ပို့ဆောင်

 

၍ ဆေးကုသပေးလျက်ရှိပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရပါတယ်။ ကြံ့သူတော်လာရောက်အပ်နှံခဲ့သူ ကိုအောင်မိုးစိုးကို

 

 

သစ်တောဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ကြံ့သူတော်ကို မြန်မာနိုင်ငံတွင်လုံးဝကာကွယ်

 

ထားသည့် တိရစ္ဆာန်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မျိုးသုဉ်းရန်အန္တရာယ်ရှိသော

 

မျိုးစိတ်အဖြစ်သတ်မှတ်ထားကြောင်း သိရပါတယ်။

Credit