

 

 


 


 


 


 


 


 


 


 

Credit

 

 

 

Unicode

 

ဆွီဒင်နိုင်ငံက ချီးမြှင့်သည့် နိုင်ငံသားအခွင့်အရေး ကာကွယ်ရေးလှုပ်ရှားသူဆုကို နော်အုန်းလှ ချီးမြှင့်ခြင်းခံရ

 

ဆွီဒင်နိုင်ငံက ချီးမြှင့်သည့် နိုင်ငံသားအခွင့်အရေး ကာကွယ်ရေးလှုပ်ရှားသူဆုကို နော်အုန်းလှ ချီးမြှင့်ခြင်းခံရကြောင်း သိရပါတယ်။

 

ယခု ၂၀၂၀ ပြည်နှစ်အတွက် ဆွီဒင်နိုင်ငံ Civil Rights Defenders အဖွဲ့က ချီးမြှင့်တဲ့ “Civil Rights Defender of The Year Award”

 

နိုင်ငံသားအခွင့်အရေး ကာကွယ်ရေးလှုပ်ရှားသူဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ နော်အုန်းလှက “ ဒီလို ဆုချီးမြှင့်ခံရတဲ့အတွက် အရမ်းဝမ်း

 

သာပီတိဖြစ်ပြီး ပျော်ရွှင်ရပါတယ်။ ဒီဆုက ကျွန်မတို့ကို ဘာပြောနေတာလဲဆိုတော့ ကျွန်မတို့တွေ အခုလုပ်နေတာတွေထက်ပိုပြီးတော့

 

ထပ်ပြီး လုပ်ရအုံးမယ်ဆိုပြီးတော့ သတိပေးလိုက်သလိုပါပဲ။ တစ်ချိန်ထဲမှာပဲ ကျွန်မတို့တွေကို ပိုပြီးသန်မာ လာအောင်၊ ခံနိုင်ရည်ရှိလာ

 

အောင် ခွန်အားတွေ စွမ်းအင်တွေ ပို့ထည့်ပေး ဖြည့်ပေးလိုက်သလို ခံစား ရပါတယ်။ ကျွန်မတို့အတွက် စိတ်လုံခြုံမှု အများကြီးရရှိပါတယ်”

 

လို့ဆိုပါတယ်။ နော်အုန်းလှသည် ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး ကရင်လူမျိုးရေးရာကိုယ်စားလှယ်လောင်း

 

အဖြစ် ‌ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အရွေးခံရခြင်းမရှိခဲ့ပါဘူး။

 

Credit