INTERNATIONAL NEWS

ကိုဗစ္ ကာကြယ္ေဆး ထိုးစဥ္ကာလအတြင္း အရက္ေသာက္တာ ပိတ္ပင္တားျမစ္ျခင္းမရွိေၾကာင္း ႐ုရွားကာကြယ္ေဆး ထုတ္လုပ္ေရး အႀကီးအကဲ ေျပာ

Written by admm

 

ကိုဗစ္ ကာကြယ္ေဆး ထိုးစဥ္ကာလအတြင္း အရက္ေသာက္တာ ပိတ္ပင္တားျမစ္ျခင္းမရွိေၾကာင္း

 

႐ုရွားကာကြယ္ေဆး ထုတ္လုပ္ေရး အႀကီးအကဲ ေျပာ

 

 

 

 

 

႐ုရွားမွာ ကိုဗစ္ကာကြယ္ေဆး Sputnik V ထိုးၿပီးတဲ့ေနာက္ အရက္၊ဘီယာ ေရွာင္ၾကဥ္စရာ မလိုဘူးလို႔ ႐ုရွား ကာကြယ္ေဆး ထုတ္လုပ္ေရး

 

Gamaleya သုေတသန အႀကီးအကဲ အလက္ဇန္းဒါး ဂင္းဇ္ဘက္က ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ ဆရာဝန္ေတြကေတာ့ ကာကြယ္ေဆး

 

တစ္ႀကိမ္ ထိုးၿပီးတဲ့ေနာက္ သုံးရက္အတြင္း အရက္မေသာက္ၾကဖို႔ အႀကံျပဳထားတာလည္း ျဖစ္ပါတယ္။ ဂင္းဇ္ဘတ္က ကာကြယ္ေဆးထိုးၿပီး

 

ပါက သုံးရက္ၾကာ အရက္မေသာက္ဖို႔ အႀကံျပဳခ်က္ေတြ ထြက္ေပၚလာၿပီး ခလနဲ႔ ခ်ီေရွာင္စရာ မလိုဘူး တုံ႔ျပန္ခဲ့ၿပီး ရွင္းျပခဲ့ပါတယ္။ ကာကြယ္ေဆး

 

ထိုးတဲ့ကာလအတြင္း အရက္ကို လုံးဝ ေရွာင္ၾကဥ္ဖို႔ ေျပာတာမ်ိဳး မဟုတ္ပါဘူး။ က်ိဳးေၾကာင္းဆီေလ်ာက္တဲ့ ကန႔္သတ္ခ်က္တစ္ခုအရ ကာကြယ္ေဆး

 

 

 

 

ထိုးၿပီးရင္ ခႏၶာကိုယ္က ကိုဗစ္ကူးစက္မႈကို တုန႔္ျပန္တဲ့ ကိုယ္ခံအား တိုးလာဖို႔အတြက္ အခ်ိန္တစ္ခုအထိ အရက္ေသာက္တာကို ေရွာင္ၾကဥ္သင့္

 

တယ္လို႔ ဂင္းဇ္ဘတ္က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ Sputnik V ကာကြယ္ေဆးေၾကာင့္သာ မဟုတ္ဘဲ ဘယ္ကာကြယ္ေဆးမဆို

 

ထိုးၿပီးရင္ အရက္ေသာက္တာကို ေရွာင္ရွားသင့္ၿပီး အရက္အလြန္အကၽြံေသာက္တာက ကိုယ္ခံအား စနစ္ကို သိသိသာသာ ထိခိုက္ေစနိုင္တာေၾကာင့္

 

ကာကြယ္ေဆး ထိေရာက္မႈကိုလည္း ေလၽွာ့ပါးေစနိုင္ေၾကာင္း ႐ုရွားကာကြယ္ေဆးသုေတသနအႀကီးအကဲ ရွင္းျပခဲ့ပါတယ္။ အဂၤေန႔ကေတာ့

 

ကိုဗစ္ ကာကြယ္ေဆးထိုးမယ့္သူေတြဟာ ပထမထိုးေဆး မတိုင္ခင္ အနည္းဆုံး ႏွစ္ပတ္အလို နဲ႔ ေဆးထိုးၿပီး ၄၂ ရက္အတြင္း အရက္မေသာက္

 

 

 

 

သင့္ေၾကာင္း ႐ုရွားျပည္သူ႔က်န္းမာေရး ေစာင့္ၾကည့္ေရးအဖြဲ႕ အႀကီးအကဲ အန္နာပိုပိုဗာက ေျပာၾကားခဲ့ပါတယ္။ ယခုတစ္ပတ္အတြင္း ႐ုရွားမွာ

 

လူအေျမာက္အျမားကို Sputnik V ကာကြယ္ေဆးထိုးေပးျခင္း လုပ္ငန္း စတင္ ေဆာင္ရြက္ေနပါတယ္။ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြ၊ လူမႈေရး

 

ဝန္ထမ္းေတြနဲ႔ ဆရာေတြကို ပထမဆုံး အႀကိမ္ ဦးစားေပး ထိုးႏွံေပးေနတယ္လို႔လည္း သိရပါတယ္။

 

 

Credit

 

 

 

 

Unicode

 

ကိုဗစ် ကာကွယ်ဆေး ထိုးစဉ်ကာလအတွင်း အရက်သောက်တာ ပိတ်ပင်တားမြစ်ခြင်းမရှိကြောင်း

 

ရုရှားကာကွယ်ဆေး ထုတ်လုပ်ရေး အကြီးအကဲ ပြော

 

 

 

 

ရုရှားမှာ ကိုဗစ်ကာကွယ်ဆေး Sputnik V ထိုးပြီးတဲ့နောက် အရက်၊ဘီယာ ရှောင်ကြဉ်စရာ မလိုဘူးလို့ ရုရှား ကာကွယ်ဆေး ထုတ်လုပ်ရေး

 

Gamaleya သုတေသန အကြီးအကဲ အလက်ဇန်းဒါး ဂင်းဇ်ဘက်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေကတော့ ကာကွယ်ဆေး

 

တစ်ကြိမ် ထိုးပြီးတဲ့နောက် သုံးရက်အတွင်း အရက်မသောက်ကြဖို့ အကြံပြုထားတာလည်း ဖြစ်ပါတယ်။ ဂင်းဇ်ဘတ်က ကာကွယ်ဆေးထိုးပြီး

 

ပါက သုံးရက်ကြာ အရက်မသောက်ဖို့ အကြံပြုချက်တွေ ထွက်ပေါ်လာပြီး ခလနဲ့ ချီရှောင်စရာ မလိုဘူး တုံ့ပြန်ခဲ့ပြီး ရှင်းပြခဲ့ပါတယ်။ ကာကွယ်ဆေး

 

ထိုးတဲ့ကာလအတွင်း အရက်ကို လုံးဝ ရှောင်ကြဉ်ဖို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကျိုးကြောင်းဆီလျောက်တဲ့ ကန့်သတ်ချက်တစ်ခုအရ ကာ

 

 

 

 

ကွယ်ဆေး ထိုးပြီးရင် ခန္ဓာကိုယ်က ကိုဗစ်ကူးစက်မှုကို တုန့်ပြန်တဲ့ ကိုယ်ခံအား တိုးလာဖို့အတွက် အချိန်တစ်ခုအထိ အရက်သောက်တာကို

 

ရှောင်ကြဉ်သင့်တယ်လို့ ဂင်းဇ်ဘတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ Sputnik V ကာကွယ်ဆေးကြောင့်သာ မဟုတ်ဘဲ

 

ဘယ်ကာကွယ်ဆေးမဆို ထိုးပြီးရင် အရက်သောက်တာကို ရှောင်ရှားသင့်ပြီး အရက်အလွန်အကျွံသောက်တာက ကိုယ်ခံအား စနစ်ကို သိသိ

 

သာသာ ထိခိုက်စေနိုင်တာကြောင့် ကာကွယ်ဆေး ထိရောက်မှုကိုလည်း လျှော့ပါးစေနိုင်ကြောင်း ရုရှားကာကွယ်ဆေးသုတေသနအကြီးအကဲ

 

ရှင်းပြခဲ့ပါတယ်။ အင်္ဂနေ့ကတော့ ကိုဗစ် ကာကွယ်ဆေးထိုးမယ့်သူတွေဟာ ပထမထိုးဆေး မတိုင်ခင် အနည်းဆုံး နှစ်ပတ်အလို နဲ့ ဆေးထိုး

 

 

 

 

ပြီး ၄၂ ရက်အတွင်း အရက်မသောက်သင့်ကြောင်း ရုရှားပြည်သူ့ကျန်းမာရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အန်နာပိုပိုဗာက ပြောကြားခဲ့ပါတယ်။

 

ယခုတစ်ပတ်အတွင်း ရုရှားမှာ လူအမြောက်အမြားကို Sputnik V ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်း စတင် ဆောင်ရွက်နေပါတယ်။ ဆေး

 

ဘက်ဆိုင်ရာဝန်ထမ်းတွေ၊ လူမှုရေးဝန်ထမ်းတွေနဲ့ ဆရာတွေကို ပထမဆုံး အကြိမ် ဦးစားပေး ထိုးနှံပေးနေတယ်လို့လည်း သိရပါတယ်။

 

Credit

About the author

admm