Love & Relationship
၈နှစ်အကြာတွဲခဲ့ပြီးမှလက်ထပ်ခွင့်တောင်းတဲ့ချစ်သူအား အမှုဖွင့်တရားစွဲဆိုခဲ့တဲ့ မိန်းကလေး
Written by admm
၈နှစ်အကြာတွဲခဲ့ပြီးမှလက်ထပ်ခွင့်တောင်းတဲ့ချစ်သူအား အမှုဖွင့်တရားစွဲဆိုခဲ့တဲ့ မိန်းကလေး
မသိတော့ပါဘူးဗျာ။
Credit
Unicode
ချစ်သူစုံတွဲတော်တော်များများဟာ သစ္စာရှိရှိနဲ့နှစ်ရှည်ကြာတွဲလာကြပြီးနောက်မှာ ချစ်သူကောင်လေးက လက်ထပ်ခွင့်တောင်းတတ်ကြပြီး
ကောင်မလေးကလည်း yes ဆိုတဲ့အဖြေပေးတတ်ကြပါတယ်။သို့ပေမဲ့ အခုစုံတွဲကတော့ လက်ထပ်ခွင့်တောင်းပြီး နောက်ရက်တော့ တရားရုံ
းရောက်သွားခဲ့ကြပါတယ်။အရှေ့အာဖရိက Zambiaနိုင်ငံ ရှိ Gertrude Ngoma အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ Herbert Salaliki အမည်ရှိ
အမျိုးသား နှင့် ရှစ်နှစ်အကြာချိန်းတွေ့ခဲ့ပြီး သူမရဲ့ချစ်သူရည်းစားက နောက်ဆုံးမှာ သူမအား လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သို့ပေမဲ့ Gertrude
ဟာ သူမစောင့်မျှော်နေတဲ့အချိန်ရောက်လာတော့ သူမရဲ့ချစ်သူကောင်လေးအား တရားစွဲဆိုပစ်ခဲ့ပါတယ်။ Tuko သတင်းအရ တရားရုံးမှာ
အသက်၂၈ နှစ်ရှိပြီဖြစ်တဲ့သတို့သမီးက သူမရဲ့ချစ်သူကောင်လေးဟာ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုအလေးအနက်မထားဘူးလို့ခံစားနေရတာ
ကြောင့် တရားစွဲဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။Gertrude က ” သူ ကျွန်မကို ဘယ်တော့မှလေးလေးနက်နက်မဆက်ဆံခဲ့ဖူးဘူး ၊ ဒါကြောင့်
ကျွန်မတို့ရဲ့အနာဂတ်အတွက် သူ့ကို တရားစွဲခဲ့တယ် “ လို့ ပြောကြားခဲ့ပါတယ်။Gertrude နှင့် Herbert တို့ဆီမှာ ကလေးတစ်ယောက်ရှိနေပြီဖြစ်
ပြီး မင်္ဂလာပွဲအတွက် ပစ္စည်းဥစ္စာတွေဝယ်ယူဖို့ စီစဉ်ပြီးနေပြီဖြစ်ပေမဲ့ သူတို့နှစ်ဦးမှာ မင်္ဂလာပွဲအတွက် ငွေပေးချေရန် ငွေရေးကြေးရေး
အာမခံချက်မရှိသေးပါဘူး။ Herbert ကလည်း သူ့ကောင်မလေးက သူ့ကိုထိုက်တန်တယ်လို့မတွေးနေခဲ့ကြောင်း နှင့် သူမဟာယခုအချိန်မှာ
တွန့်ဆုတ်နေခြင်းဖြစ်ကြောင်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်။သူတို့နှစ်ဦးဟာ တရားဝင်လက်မထပ်ထားတဲ့အတွက်ကြောင့် Zambian တရားရုံး
က ပြဿနာဖြေရှင်းပေးဖို့ အခက်တွေ့နေခဲ့ရပါတယ်။နောက်ဆုံး အဆိုပါကိစ္စကို ဦးဆောင်နေတဲ့တရားသူကြီးက သူတို့နှစ်ဦးရဲ့သဘောထားကွဲလွှဲ
နေမှုကို တရားရုံးမှာဘဲ ပြန်လည်သင့်မြတ်အောင်ကြိုးစားသင့်တယ် လို့ဘဲ အဆုံးအဖြတ်ပေးခဲ့ရပါတယ်။အခုပြဿနာက ရှစ်နှစ်အကြာ တွဲခဲ့ပေမဲ့
မယုံကြည်ဖြစ်နေတဲ့ကောင်မလေးကိုဘဲ အပြစ်တင်ရမလား ၊ အလေးအနက်မရှိတဲ့ကောင်လေးကိုဘဲ အပြစ်တင်ရမလား ဘယ်သူ့ကိုအပြစ်တင်
လို့ တင်ရမှန်းတောင်မသိတော့ပါဘူးဗျာ။
Credit
About the author
admm