LOCAL NEWS


Written by admm


 

 


 


 


 


 


 

 

 

 


 


 


 


 


 

 

 

 


 


 

 

Credit

 

 

 

Unicode

 

မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီးဖီမော်နှင့်ဆော့လော်ကျေးရွာကြားရှိရေခဲတောင်သို့ သွားရောက်နိုင်မည့် ခရီးစဉ်သစ်ဖော်မည်

 

 

 

 

မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီးဖီမော်နှင့်ဆော့လော်ကျေးရွာကြားရှိရေခဲတောင်သို့ သွားရောက်နိုင်မည့် ခရီးစဉ်သစ် တစ်ခုအကောင်အ

 

ထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ခရီးစဉ်သစ် တစ်ခုကို COVID-19

 

ရောဂါကာလအလွန်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်း ခရီးစဉ်သည် မြစ်ကြီးနား-ချီဖွေ- ဖီမော် လမ်းအတိုင်း တရုတ်နိုင်ငံ

 

နယ်စပ် အထိသွားရောက်ရမည်ဖြစ်ကာ မြစ်ကြီးနားမှချီဖွေအထိ ၈၈ မိုင်ရှည်သောလမ်းပိုင်းသည် နိုင်လွန်လမ်းနှင့် ကွန်ကရစ်လမ်းရှိသော်

 

လည်းချီဖွေမှ ဖီမော် လမ်းပိုင်းသည် ၆၉ မိုင်ရှည်လျား သောမြေသားလမ်းဖြစ်တယ်လို့ဆိုပါတယ်။ ယင်းအပြင် မြစ်ကြီးနားမှ ချီဖွေအထိ သုံးနာရီ

 

 

 

 

ကြာမောင်းနှင်ရမည်ဖြစ်ပြီး ဖီမော်လမ်းပိုင်းမှာ ခြောက်နာရီကြာ မောင်းနှင်ရမည်ဖြစ်ကြောင်း၊ ဖီမော်မြို့၌ ခရီးသွားများတည်းခိုနိုင်ရန် တည်းခိုရိပ်

 

သာနှစ်ခုရှိပြီး ယင်းမှတစ်ဆင့် ရေခဲတောင်သို့ ဆက်လက်သွားရောက်နိုင်မည်ဖြစ်ကာ သဘာဝအလှအပများစွာတည်ရှိနေကြောင်း၊ ရေခဲတောင်

 

ဒေသသည် တစ်နှစ်ပတ်လုံးရေခဲများ ဖုံးလွှမ်းနေခြင်းမဟုတ်ဘဲ ဒီဇင်ဘာလကုန်မှ မတ်လကုန်အထိသာ ရေခဲများဖုံးလွှမ်း နေခြင်းဖြစ်ကြောင်း

 

သိရပါတယ်။ ယင်းဒေသအားခရီးသွားလာခွင့်ပြုပါက ပြည်တွင်းခရီးသွားများကိုလည်ပတ်ခွင့်ပြုနိုင်ရန် စီစဉ်ထားပြီးကန့်သတ်နယ်မြေဖြစ်သည့်

 

အတွက် နိုင်ငံခြားခရီးသွားဧည့်သည်များကို သွားလာခွင့်ပြုမည်မဟုတ်ကြောင်းသိရပါတယ်။ ရေခဲတောင်ခရီးစဉ်ဒေသ၌ ကချင်မျိုးနွယ်စုခြေ

 

 

 

 

ာက်ခုရှိသည့်အနက် မျိုးနွယ်စုသုံးစုတွင် ရိုးရာဓလေ့ အပါအဝင် လှေကားထစ်စိုက်ပျိုးခင်းများ၊ တိုင်းရင်းသားအစားအစာများကိုလည်း လေ့လာစား

 

သုံးနိုင် မည်ဖြစ်ကြောင်း၊ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားများအဆင်ပြေစွာလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ပေးသွား

 

မည်ဖြစ်ကြောင်းသိရပါတယ်။

 

Credit

About the author

admm