ျပင္သစ္ဘဲေမြးျမဴေရးၿခံမွာ အလြန္ကူးစက္လြယ္တဲ့ H5N8 ၾကက္ငွက္တုပ္ေကြးေရာဂါျဖစ္ပြားေန

ျပင္သစ္ဘဲေမြးျမဴေရးၿခံမွာ အလြန္ကူးစက္လြယ္တဲ့ H5N8 ၾကက္ငွက္တုပ္ေကြးေရာဂါျဖစ္ပြားေန

 

ျပင္သစ္နိုင္ငံ ေတာင္ပိုင္းရွိ ဘဲၿခံတစ္ခုမွာ အလြန္ကူးစက္လြယ္တဲ့ H5N8 ၾကက္ငွက္တုပ္ေကြးေရာဂါ ျဖစ္ပြားေနေၾကာင္း ျပင္သစ္စိုက္ပ်ိဳးေရး

 

ဝန္ႀကီးဌာနက အဂၤါေန႔က ထုတ္ျပန္ေျပာၾကားလိုက္ပါတယ္။ ယခုႏွစ္အတြင္း ျပင္သစ္ရွိ ေမြးျမဴေရးၿခံမွာ ပထမဆုံး ၾကက္ငွက္တုပ္ေကြးေရာဂါျဖစ္

 

ပြားမႈ ျဖစ္ေၾကာင္းလည္း အတည္ျပဳခဲ့ပါတယ္။ အဆိုပါေရာဂါျဖစ္ပြားမႈကို တနလၤာေန႔က သတင္းထုတ္ျပန္ခဲ့ေပမယ့္ အဲဒီအခ်ိန္က ဗိုင္းရပ္စ္ပိုး

 

အမ်ိဳးအစားအေၾကာင္းကို ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။ ဥေရာပတစ္လႊား ၾကက္တုပ္ေကြးေရာဂါဟာ အလ်င္အျမန္ ကူးစက္ပ်ံ႕ႏွံေနၿပီး ယခင္ေရာဂါျဖစ္

 

ပြားမႈေၾကာင့္ ၾကက္နဲဘဲေတြ သန္းနဲ႔ခ်ီ သုတ္သင္ခဲ့ရတာေၾကာင့္ ၾကက္ဘဲေမြးျမဴေရးလုပ္ငန္းအေပၚ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ရပါတယ္။

 

 

ဒီဇင္ဘာ ၅ ရက္ေန႔ Benesse-Maremne (Landes ေဒသရွိ ဘဲၿခံတစ္ခုမွာ ဘဲ အေကာင္ေရ ၆၀၀၀ H5N8 ဗိုင္းရပ္စ္ကူးစက္ခံထားရတာကို

 

ေတြ႕ရေၾကာင္း ANSES အမ်ိဳးသား ဓါတ္ခြဲခန္းက အတည္ျပဳခဲ့တယ္လို႔ ျပင္သစ္စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

 

တနလၤာေန႔က အဆိုပါေမြးျမဴေရးၿခံအနီး လုံျခဳံေရးဇုန္တစ္ခု ခ်ခဲ့ၿပီး အထူးေစာင့္ၾကည့္ စစ္ေဆးေနတာေတြနဲ႔ သန႔္ရွင္းေရးေတြ ျပဳလုပ္ခဲ့တယ္လို႔

 

သိရပါတယ္။ အဲဒီေနာက္ ကူးစက္ခံထားရတဲ့ဘဲေတြကို သုတ္သင္ပစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ျပင္သစ္ရွိ အိမ္ေမြးတိရစၧာန္ေရာင္းခ်တဲ့ ဆိုင္သုံးခုမွာ

 

လည္း H5N8 ဗိုင္းရပ္စ္ကူးစက္ခဲ့တာေတြ႕ရွိၿပီး ျဖစ္ပါတယ္။ စုံစမ္းစစ္ေဆးမႈေတြအရ ျပင္သစ္ေျမာက္ပိုင္းက လူတစ္ဦးက အဆိုပါငွက္ေတြကို

 

 

ေရာင္းခ်ခဲ့တာ ျဖစ္တယ္လို႔ ၿပီးခဲ့တဲ့အပတ္က စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ထာ ဥေရာပမွာ ၾကက္တုပ္ေကြး ဗိုင္းရပ္စ္ပ်ံ႕ႏွံ့ေန

 

တာေၾကာင့္ နိုဝင္ဘာ အေစာပိုင္းက စတင္ၿပီး ၾကက္တုပ္ေကြး ေရာဂါနဲ႔ လုံျခဳံေရး သတိေပးခ်က္ အျမင့္ဆုံး ခ်မွတ္ထားေၾကာင္း သိရပါတယ္။

 

အဆိုပါၾကက္တုပ္ေကြးေရာဂါဟာ လူေတြမွာ ကူးစက္တာမ်ိဳး မေတြ႕ရဘဲ ၾကက္နဲ႔ဘဲေတြကို စားေသာက္ျခင္းကေန မကူးစက္နိုင္ေၾကာင္း ဝန္ႀကီး

 

ဌာနက အေလးအနက္ ေျပာၾကားထားပါတယ္။

 

Credit

 

 

 

Unicode

 

ပြင်သစ်ဘဲမွေးမြူရေးခြံမှာ အလွန်ကူးစက်လွယ်တဲ့ H5N8 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေ

 

 

ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ဘဲခြံတစ်ခုမှာ အလွန်ကူးစက်လွယ်တဲ့ H5N8 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ပြင်သစ်စိုက်ပျိုးရေး

 

ဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ယခုနှစ်အတွင်း ပြင်သစ်ရှိ မွေးမြူရေးခြံမှာ ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါ

 

ဖြစ်ပွားမှု ဖြစ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ အဆိုပါရောဂါဖြစ်ပွားမှုကို တနင်္လာနေ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အဲဒီအချိန်က ဗိုင်း

 

ရပ်စ်ပိုး အမျိုးအစားအကြောင်းကို ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဥရောပတစ်လွှား ကြက်တုပ်ကွေးရောဂါဟာ အလျင်အမြန် ကူးစက်ပျံ့နှံနေပြီး ယခင်

 

ရောဂါဖြစ်ပွားမှုကြောင့် ကြက်နဲဘဲတွေ သန်းနဲ့ချီ သုတ်သင်ခဲ့ရတာကြောင့် ကြက်ဘဲမွေးမြူရေးလုပ်ငန်းအပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့

 

 

ရပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ Benesse-Maremne (Landes ဒေသရှိ ဘဲခြံတစ်ခုမှာ ဘဲ အကောင်ရေ ၆၀၀၀ H5N8 ဗိုင်းရပ်စ်ကူးစက်ခံထား

 

ရတာကို တွေ့ရကြောင်း ANSES အမျိုးသား ဓါတ်ခွဲခန်းက အတည်ပြုခဲ့တယ်လို့ ပြင်သစ်စိုက်ပျိုးရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

တနင်္လာနေ့က အဆိုပါမွေးမြူရေးခြံအနီး လုံခြုံရေးဇုန်တစ်ခု ချခဲ့ပြီး အထူးစောင့်ကြည့် စစ်ဆေးနေတာတွေနဲ့ သန့်ရှင်းရေးတွေ ပြုလုပ်ခဲ့တယ်လို့

 

သိရပါတယ်။ အဲဒီနောက် ကူးစက်ခံထားရတဲ့ဘဲတွေကို သုတ်သင်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်ရှိ အိမ်မွေးတိရစ္ဆာန်ရောင်းချတဲ့ ဆိုင်

 

သုံးခုမှာလည်း H5N8 ဗိုင်းရပ်စ်ကူးစက်ခဲ့တာတွေ့ရှိပြီး ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ပြင်သစ်မြောက်ပိုင်းက လူတစ်ဦးက အဆိုပါငှက်

 

 

တွေကို ရောင်းချခဲ့တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ထာ ဥရောပမှာ ကြက်တုပ်ကွေး ဗိုင်းရပ်စ်

 

ပျံ့နှံ့နေတာကြောင့် နိုဝင်ဘာ အစောပိုင်းက စတင်ပြီး ကြက်တုပ်ကွေး ရောဂါနဲ့ လုံခြုံရေး သတိပေးချက် အမြင့်ဆုံး ချမှတ်ထားကြောင်း သိရပါတယ်။

 

အဆိုပါကြက်တုပ်ကွေးရောဂါဟာ လူတွေမှာ ကူးစက်တာမျိုး မတွေ့ရဘဲ ကြက်နဲ့ဘဲတွေကို စားသောက်ခြင်းကနေ မကူးစက်နိုင်ကြောင်း ဝန်ကြီး

 

ဌာနက အလေးအနက် ပြောကြားထားပါတယ်။

 

Credit