Life style
၈၀ကီလိုဂရမ် မ နိုင်တဲ့ ကမ္ဘာ့အငယ်ဆုံးအလေးမသမားအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ အသက် ၇နှစ်အရွယ်ကောင်မလေး(ရုပ်သံ)
Written by admm
၈၀ကီလိုဂရမ် မ နိုင်တဲ့ ကမ္ဘာ့အငယ်ဆုံးအလေးမသမားအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ အသက် ၇နှစ်အရွယ်ကောင်မလေး(ရုပ်သံ)
Credit
Unicode
Rory van Ulft အမည်ရှိတဲ့ကောင်မလေးတစ်ဦးဟာ ကျွမ်းဘား အားကစားကိုလေ့လာရင်း သူမ ၅နှစ်ပြည့်မွေးနေ့ပြီးနောက် အလေးမတဲ့
လေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။အသက် ၁၁နှစ် နှင့် ၁၃ နှစ်အောက် ၃၃ ကီလိုဂရမ်အလေးမတဲ့အတန်းမှာ အသက် ၇နှစ်အရွယ်သာရှိသေး
တဲ့ Rory က ချန်ပီယံပါ။Rory ဟာ သမိုင်းကြောင်းမှာ အသက်အငယ်ဆုံး လူငယ်အမျိုးသမီးချန်ပီယံဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ၁၁ နှစ်
အောက်အရွယ် အကောင်းဆုံးအလေးမသမားတစ်ဦးလည်း ဖြစ်နေခဲ့ပါတယ်။”ပိုသန်မာလာတာကိုကြိုက်တယ် ၊ ပိုအားကောင်းလာတာနဲ့
ငါ့ကြိုးစားမှုကပိုကောင်းလာတယ် ၊ အရင်ကဘာတွေဖြစ်ခဲ့လဲ၊ နောက်ကော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုမစဉ်းစားဘဲ စိတ်ကိုရှင်း
ရှင်းထားပြီး မတယ် “လို့ Roryက ဆိုထားပါတယ်။”လက်ရှိ သူ မ နိုင်တဲ့အလေးချိန်ပေါ်အခြေခံရင်တော့ Rory က ကမ္ဘာပေါ်မှာအင်အား
အကောင်းဆုံး ၇နှစ်အရွယ် သမီးလေးပါ “လို့ ဖခင်ဖြစ်သူ Cavan van Ulft က ဂုဏ်ယူဝင့်ကြွားစွာပြောကြားခဲ့ပါတယ်။ Rory ဟာ မိဘ နှင့် ၅
နှစ်အရွယ်မောင်လေးတို့နှင့်အတူ ကနေဒါနိုင်ငံ Ottawa မြို့မှာနေထိုင်တာပါ။သူမ ဟာ ကိုယ့်ကိုကိုယ့်အားကစားလေ့ကျင့်သူတစ်ဦးအဖြစ်
သတ်မှတ်ပြီး အလေးမခြင်းကို တစ်ပတ်မှာ ၉ နာရီအထိ လေ့ကျင့်ပါတယ်။Rory ဟာ ၄၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ Ontario အလေးမ
အဖွဲ့အစည်းရဲ့ ၁၇ နှစ်အောက်နယ်ပယ်မှာ ချန်ပီယံဖြစ်ကြောင်း အမေဖြစ်သူLindsay ကလည်း ပြောပြခဲ့ပါသေးတယ်။Rory က ကနေဒါမှာ
အလေးမအားကစားမရှိတဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ” အရင်က တစ်ခါမှမလုပ်ဖူးတဲ့ အလေးချိန်အ
သစ်ကို ချိုးနိုင်တိုင်း အရမ်းပျော်တယ် ၊ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူမိတယ်” လို့ ဆိုထားပါတယ်။ Cavan အား သမီးဖြစ်သူက လေးလံတဲ့
အလေးတုံးတွေမနေတဲ့အချိန် ဘယ်လိုလုပ်နည်းနဲ့ စိတ်ချထားနိုင်တာလဲလို့ မေးမြန်းတော့ ” Rory မှာ အလေးမခြင်း နှင့် ကျွမ်းဘားကျွမ်
းကျင်မှုဆိုင်ရာနည်းပြတွေ ရှိပါတယ် ၊ သူ့အတွက် မိသားစုဆရာဝန်နှင့်အားကစားဆေးပညာအထူးကုဆရာဝန်တစ်ယောက်လည်း ရှိသလို
သူကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကို ကျွန်တော် အမြဲယုံကြည်နေတယ်” လို့ ဖြေကြားခဲ့ပါတယ်။ဟုတ်ပါတယ် သူမရဲ့လုံခြုံရေးက လူတိုင်း
အတွက် ထိပ်တန်းဦးစားပေးဖြစ်နေခဲ့ပြီး အားကစား နှင့် လေ့ကျင့်မှုနှစ်မျိုးလုံးမှာလည်း တိုးတက်လာနေဆဲဖြစ်ပါတယ်။Rory က အလေးမခြင်း
ကိစ္စနှင့် ပတ်သက်ပြီး အခြားအလေးမတဲ့မိန်းကလေးငယ်များအတွက် ” အလေးချိန်ကို မစဉ်းစားပါနဲ့၊ သင့်ရဲ့ပုံစံကိုဘဲစဉ်းစားပါ ” လို့
အကြံဥာဏ်ပေးခဲ့ပါသေးတယ်။
Credit
About the author
admm