ေဂဟာေရွ႕မွာလာပစ္သြားတဲ့ကေလးငယ္ကို ထပ္မံေမြးစားလိုက္တဲ့ ခိုင္ႏွင္းေဝ

 

ေဂဟာေရွ႕မွာလာပစ္သြားတဲ့ကေလးငယ္ကို ထပ္မံေမြးစားလိုက္တဲ့ ခိုင္ႏွင္းေဝ

 

 

သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝကေတာ့ ကိုဗစ္ ၁၉ ကာလမွာအေျခခံလူတန္းစားေတြကို ကူညီေပးေနတဲ့အျပင္ကေလးငယ္တခ်ိဳ႕ကို

 

လည္း ရက္ျခားၿပီး ေမြးစားတာ ေတြ႕ရပါတယ္။ဒီကေန႔မနက္ပိုင္းမွာလည္း ေဂဟာေရွ႕မွာ လာပစ္ထားတဲ့သမီးငယ္ေလးတစ္ဦး

 

ကိုလည္း ထပ္မံေမြးစားခဲ့တာျဖစ္ပါတယ္။ “ ဒီေန႔ မနက္ ၅ နာရီေလာက္မွာက်မရဲ့ေဂဟာ အေရွ႕ မွာေမြးကာစ သမီးေလး တစ္

 

 

ေယာက္ကို လာေရာက္ စြန႔္ပစ္သြားပါတယ္။ ကေလးငိုသံၾကားလို႔ ထြက္ၾကည့္ တဲ့အခါသမီးေလးကိုေအးစက္ၿပီးငိုေနတာေတြ.

 

ရပါတယ္။ စိတ္လဲမေကာင္းျဖစ္ရသလို ေတာ္ေတာ္လဲ စိတ္တိုမိပါတယ္။ က်မေဂဟာေရွ႕လာပစ္တာ က်မဆီေရာက္ေစခ်င္လို.

 

ဆိုလဲ ကေလးေတြကို ခုလိုမ်ိဳးေတြ မလုပ္ဖို႔ေတာင္းပန္ပါတယ္ကေလးေတြက  အရမ္းႏုေနတဲ့ ခ်ိန္မွာ ေဆာင္းတြင္းျဖစ္တာရယ္

 

 

အိတ္ထဲမွာမို႔ အသက္ရႉ က်ပ္တာေတြ ျဖစ္ၿပီး ကေလး အသက္ ဆုံးရႈံးနိုင္ပါတယ္။ စုံစမ္းေမးျမန္းစရာေတြ စုံစမ္းၿပီး သမီးေလးကို

 

က်မတို႔ “ခိုင္ ” မိသားစု ေဂဟာရဲ့(၃၉) ေယာက္ေျမာက္ သမီးေလး အျဖစ္ ေစာင့္ေရွာက္ထားလိုက္ပါတယ္ရွင္” လို႔ သူမရဲ့ဆိုရွယ္

 

မီဒီယာထက္ကေန ေရးသားအသိေပးထားတာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္  ခိုင္ႏွင္းေဝကေတာ့ ကေလးငယ္ေတြနဲ ႔ ပတ္သက္တဲ့

 

 

ပရဟိတလုပ္ငန္း ေတြကိုပိုမိုလုပ္ကိုင္တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္သလို၊ ဆင္းရဲမႈပေပ်ာက္ေရး လုပ္ငန္းစဥ္ေတြကိုလည္း ေဆာင္

 

ရြက္ခဲ့တာျဖစ္ပါတယ္။အဲဒါေၾကာင့္ သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝကိုကေလးသူငယ္မ်ားလူကုန္ကူးမႈတားဆီးေရး အထူးသံတမန္အျဖစ္

 

၂၀၁၄ ခုႏွစ္ဒီဇင္ ဘာလကခန႔္အပ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

 

Unicode

 

ဂေဟာရှေ့မှာလာပစ်သွားတဲ့ကလေးငယ်ကို ထပ်မံမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

 

 

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ကိုဗစ် ၁၉ ကာလမှာအခြေခံလူတန်းစားတွေကို ကူညီပေးနေတဲ့အပြင်ကလေးငယ်တချို့ကို

 

လည်း ရက်ခြားပြီး မွေးစားတာ တွေ့ရပါတယ်။ဒီကနေ့မနက်ပိုင်းမှာလည်းဂေဟာရှေ့မှာလာပစ်ထားတဲ့သမီးငယ်လေး တစ်ဦး

 

ကိုလည်း ထပ်မံမွေးစားခဲ့တာဖြစ်ပါတယ်။“ ဒီနေ့ မနက် ၅ နာရီလောက်မှာကျမရဲ့ဂေဟာ အရှေ့ မှာမွေးကာစ သမီးလေး တစ်

 

 

ယောက်ကို လာရောက် စွန့်ပစ်သွားပါတယ်။ ကလေးငိုသံကြားလို့ ထွက်ကြည့် တဲ့ အခါ သမီးလေးကိုအေးစက်ပြီး ငိုနေတာ

 

တွေ့ရပါတယ်။ စိတ်လဲမကောင်းဖြစ်ရသလို တော်တော်လဲ စိတ်တိုမိပါတယ်။ကျမဂေဟာရှေ့လာပစ်တာကျမဆီရောက်စေ

 

ချင်လို့ ဆိုလဲ ကလေးတွေကို ခုလိုမျိုးတွေ မလုပ်ဖို့တောင်းပန်ပါတယ်. ကလေးတွေက အရမ်းနုနေတဲ့ ချိန်မှာ ဆောင်းတွင်း

 

 

ဖြစ်တာရယ်၊ အိတ်ထဲမှာမို့ အသက်ရှူ ကျပ်တာတွေ ဖြစ်ပြီး ကလေး အသက် ဆုံးရှုံးနိုင်ပါတယ်။ စုံစမ်းမေးမြန်းစရာတွေ စုံစမ်း

 

ပြီး သမီးလေးကို ကျမတို့ “ခိုင် ” မိသားစု ဂေဟာရဲ့(၃၉) ယောက်မြောက် သမီးလေး အဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင်”

 

လို့ သူမရဲ့ဆိုရှယ်မီဒီယာထက်ကနေ ရေးသားအသိပေးထားတာဖြစ်ပါတယ်။သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ကလေးငယ်တွေ

 

 

နဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်း တွေကိုပိုမိုလုပ်ကိုင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်သလို၊ ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းစဉ်

 

တွေကိုလည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် သရုပ်ဆောင်ခိုင်နှင်းဝေကို ကလေးသူငယ်များ လူကုန်ကူးမှုတားဆီး

 

ရေး အထူးသံတမန်အဖြစ် ၂၀၁၄ ခုနှစ်ဒီဇင် ဘာလကခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

 

Credit;