NEWS


Written by admm


 

 


 


 


 


 


 


 

 


 


 


 


 


 


 

 


 


 


 


 

Unicode

 

မြန်မာတွေ ယနေ့အထိ ဘက်စုံသုံးစွဲနေတဲ့ သံပြားပေါက်တွေက ဘယ်ကနေ စဖြစ်လာတာလဲ..?

 

 

မြန်မာပြည် နေရာအနှံ့မှာ ခြံစည်းရိုးတွေ၊ တံတားတွေ၊ မြောင်းဖုံးတွေ အနေနဲ့ ယနေ့ အထိ ဘက်စုံသုံးစွဲနေကြတဲ့

 

သံပြားပေါက် တွေကို မြင်ဖူးကြပါလိမ့်မယ်..အဲ့ဒီ သံပြားပေါက်တွေကို Marston mats (မာစတန် ကြမ်းခင်း) လို့

 

ခေါ်ပါတယ်…ဒီ သံပြားပေါက် အခင်းပြားတွေကို ဒုတိယကမ္ဘာစစ် မစမှီလေးမှာပဲ အမေရိကန်တွေက တီထွင်

 

ခဲ့တာပါ..ယာဉ်သွားလမ်းတွေ၊ လေယာဉ်ပြေးလမ်းတွေကိုအမြန်တည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်

 

လုပ်ခဲ့တာပါ…သံပြားရဲ့အလျားလိုက်တစ်ဖက်မှာချိတ်တွေပါပြီးအလျားလိုက် နောက်တစ်ဖက်မှာ အဲ့ဒီချိတ်တွေ

 

နဲ့ ချိတ်ဆက်ဖို့ အပေါက်တွေ ပါဝင်ပါတယ်…M8 PSP တစ်ချပ်သည် အလျား ၁၀ ပေ၊အနံ ၁၅ လက်မရှိပြီး ၆၆

 

ပေါင် လေးပါတယ်သံပြားပေါက် တစ်ချပ်မှာအပေါက်ရေ၈၇ ပေါက် ပါပါတယ်သံပြားပေါက်တွေကိုManganese

 

 

ပါဝင်မှုနှုန်းများတဲ့ steel နဲ့ လုပ်ထားတာပါအဲ့ဒီအတွက်အရမ်း အကြမ်းခံပါတယ်၊ ရာသီဥတုဒဏ် ခံနိုင်ပါတယ်၊

 

အဖြုတ်အတပ်၊အရွေ့အပြောင်း အကြိမ်ရေ များများ သုံးနိုင်ပါတယ်ဒါကြောင့်မို့လည်း ဒီနေ့အထိအဲ့ သံပြားပေါက်

 

တွေကို သုံးလို့ ရနေသေးတာပါ.လေယာဉ်ပြေးလမ်း ဆောက်ဖို့ဆိုရင်မြေကြီးကိုအရင်ညှိရပါတယ်အဲ့ဒီ မြေသား

 

လမ်းပေါ်မှာM8 သံပြားပေါက်တွေကို ခင်း…ပြီးတော့မှ အဲ့ဒီ သံပြားပေါက်တွေ အပေါ်ကိုကျောက်မှုန့်တွေ၊ မြေကြီး

 

တွေနဲ့ ဖို့ကြပါတယ်..တစ်ခါလေ သံပြားပေါက် အတိုင်းလည်း ခင်းထားတတ်ကြပါတယ်…ရန်သူ့ဗုံးဒဏ်ကြောင့်

 

လေယာဉ်ပြေးလမ်း ပျက်စီးသွားရင်လည်း ပျက်စီးသွားတဲ့ သံပြားပေါက်တွေ နေရာမှာ သံပြားအသစ်တွေ အစား

 

 

ထိုးလိုက်တာနဲ့ ပြေးလမ်းပြန်ကောင်းသွားပါပြီ…စစ်ပြီးချိန်မှာတော့ အသုံးပြုပြီး M8 သံပြားပေါက်တွေကို ပြန်သယ်

 

မသွားနိုင်တော့ပါဘူး…ပြန်သယ်ရမယ့်စားရိတ်က  အရမ်းကြီးမြင့်နေတာကြောင့်  လေလံပစ်တဲ့ ဟာတွေကို ပစ်၊

 

ရောင်းမရလည်း ဒီတိုင်းပဲ ပုံထားခဲ့ကြတာ များပါတယ်..အဲ့ဒီသံပြားပေါက်တွေကို ဒေသခံ နိုင်ငံတွေက အနေ့အထိ

 

ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြဆဲပါပဲ…

 

Credit;

About the author

admm