NEWS
ကလေးအရွယ်ထဲက ရောင်းစားခြင်းခံရသူ၊ FBရဲ့ကျေးဇူးကြောင့် မိဘတွေနဲ့ ပြန်ဆုံ
Written by admm
ကလေးအရွယ်ထဲက ရောင်းစားခြင်းခံရသူ၊ FBရဲ့ကျေးဇူးကြောင့် မိဘတွေနဲ့ ပြန်ဆုံ
Credit
Unicode
လက်ရှိအချိန်မှာ အသက်(၂၆)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ လူမှုကွန်ရက် FB ရဲ့ ကျေးဇူးကြောင့်
မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ သူမဟာ အသက်(၁)နှစ်အရွယ်မှာပဲ ပြန်ပေးဆွဲခံရပြီး ရောင်းစားခံခဲ့ရတာပါ။ ဘုရားသခင်
ကျေးဇူးကြောင့် သူမဟာ တကယ်ကောင်းတဲ့ ဒုတိယမိဘတွေနဲ့ ဆုံစည်းခွင့် ရခဲ့ပါတယ်။ သူမအရဲ့အမည်ကတော့ Belle Barbu ဖြစ်ပါ
တယ်။ သူမဟာ (၁)နှစ်သမီးခန့် အရွယ်မှာပဲ ရိုမေးနီးယားမိဘနှစ်ဦးထံကနေ ပြန်ပေးဆွဲခံရပြီး၊ မိုင်ပေါင်း (၅၆၀၀)ကျော်ကွာဝေးတဲ့
အမေရိကန်က မိသားစုတစ်စုထံ ရောင်းစားခံခဲ့ရပါတယ်။ သူမဟာ Utah က ဒုတိယမိသားစုထံမှာ နေခဲ့ရပြီး၊ တွေးတတ်ခေါ်တတ်ချိန်
ရောက်လာတော့- မိဘတွေနဲ့ လုံးဝမတူပဲ ခြားနားနေတာကို သတိထားမိခဲ့ပါတယ်။ သူမက ဘာလို့ မိဘတွေနဲ့ မတူတာလဲဆိုတာကို တတွ
တ်တွတ်မေးပေမယ့် ကန်မိဘနှစ်ပါးက မဖြေခဲ့ပါဘူး။ ဒါပေမယ့် သူမ (၈)နှစ်သမီးအရွယ်မှာ ကန်မိဘတွေက သူမကို တခြားမိသားစုဆီက
နေ မွေးစားခဲ့တာလို့ ပြောခဲ့ပါတယ်။ ဒါဆို မိဘအရင်းတွေက ဘယ်မှာတုန်း မေးတော့ သေကုန်ပြီလို့ ပြောခဲ့ပါသတဲ့။ သူမ အထက်တန်း
ကျောင်း ပြီးတဲ့အချိန်ထိ ဇာတိနိုင်ငံက ဘာဆိုတာကို သူမ သိခဲ့ရပါဘူးတဲ့။ မိဘတွေ မရှိတော့ဘူးဆိုသော်လည်း သူမ မယုံကြည်ခဲ့ပါဘူး။
သူမရဲ့ တကယ့်မိရင်းဖရင်းတွေဟာ ကမ္ဘာမြေပေါ်မှာ တကယ်ရှင်သန်နေဦးမယ်လို့ ယုံကြည်ခဲ့ပါတယ်။ နောက်တော့ ကန်မိဘတွေရဲ့
ကျေးဇူးနဲ့ သူမဟာ ရိုမေးနီးယားမလေးဆိုတာ သိခဲ့ရပါတယ်။ ဒါပေမယ့် ရင်နာဖို့ကောင်းတာက မိဘအရင်းတွေက မလိုချင်တော့လို့ သူတို့
က မွေးစားခဲ့တာလို့ ကန်မိဘတွေက ပြောခဲ့တာပါ။ ဒါပေမယ့် Belle အတွက် လမ်းစတစ်ချို့ ပွင့်လာခဲ့ပါတယ်။ သူမ တက္ကသိုလ်စတက်
ရတော့ မွေးစားမိဘတွေနဲ့ ပုဂ္ဂိုလ်ရေး ပိုအဆင်မပြေဖြစ်လာခဲ့ပါတယ်။ (၂၀၁၉)ခုနှစ်မှာတော့ သူမဟာ လူမှုကွန်ရက် FB GP တစ်ခုထဲမှာ
သူမအကြောင်း မျှဝေခဲ့ပါတယ်။ ရိုမေးနီးယားဒေသခံတွေနဲ့ သက်ဆိုင်တဲ့ GP ဖြစ်တာကြောင့် တုန့်ပြန်မှုအားကောင်းခဲ့ပြီး၊ နောက်ထပ်
(၄၈)နာရီအကြာမှာ အသက်(၂၀)အရွယ် Miose အမည်ရကောင်လေးက ဆက်သွယ်လာပါတယ်။ အဲဒီကောင်လေးကတော့ ရိုမေးနီး
ယားမိဘတွေက မွေးတဲ့သားဖြစ်ပြီး၊ သူမရဲ့ မောင်လေးအရင်း ဖြစ်နေပါတယ်။ ဘာသာစကားအခက်အခဲ ရှိခဲ့ပေမယ့် သူမ ဘယ်သူဆိုတာ
သိခွင့်ရခဲ့ပါတယ်။ သူမမှာ အစ်မကြီးအစ်ကိုကြီးနှစ်ဦးလည်း ရှိနေပါသေးတယ်။ အစ်မကြီးကတော့ Simona (၃၃)နှစ်ဖြစ်ပြီး အစ်ကိုကြီး
ကတော့ Florian (၂၉)နှစ်ပါ။ အခု သူမရဲ့မိဘတွေကတော့ အီတလီရောမမှာ နေထိုင်နေကြပြီး၊ မိခင်အမည်မှာ Margari ဖြစ်ပြီး၊ ဖခင်က
တော့ Zambila ပါ။ နောက်ထပ်(၃)ပတ်အကြာမှာ သူတို့ချင်း ဖုန်းပြောနိုင်ခဲ့ပါတယ်။ သူမအကြောင်း နောက်ကြောင်းပြန်ရင်- (၁၉၉၄)ခုနှစ်
မှာ ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ တစ်နှစ်သမီးအရွယ်လောက်မှာ နေမကောင်းလို့ ဆေးရုံတက်စဉ် မသမာတဲ့ဒေါက်တာ
တွေက သူမကို သေပြီပြောပြီး မိဘတွေကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူနာပြုဆရာမတစ်ယောက်က မိဘတွေကိုဆက်သွယ်ပြီး
Belle ဟာ လူမှောင်ခိုသမားတွေလက်ထဲရောက်သွားတာဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။ မိဘတွေဟာ ငွေကုန်ကြေးကျခံပြီး သမီး
လေးကို လိုက်ရှာခဲ့သော်လည်း အကြွေးနွံနစ်တာသာ အဖက်တင်ပြီး အဆက်ပြတ်သွားခဲ့ပါတယ်။ အခုတော့ Belle ဟာ Charity
Operation Underground Railroad ရဲ့အကူအညီနဲ့ မိဘအရင်းတွေနဲ့အတူ DNA စစ်နိုင်ခဲ့သလို၊ (၂၀၁၉)ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြန်လည်
ဆုံစည်းခွင့်လည်း ရခဲ့ပါပြီ။ သူတို့တစ်တွေ အတူတူ ဖက်ငိုနိုင်ခဲ့သလို၊ ရက်တိုတိုနဲ့ ပြန်ပြီး ခွဲခွာခဲ့ရပါတယ်။ မကြာမီမှာ သူတို့တစ်တွေ
ဒီထက်ပိုကြာကြာ တွေ့နိုင်တော့မှာပါ။
Credit
About the author
admm