ကာကြယ္ေဆး စတင္ထြက္ရွိလာၿပီျဖစ္ေသာ္လည္း အလွမ္းေဝးေနဆဲ ဆင္းရဲတဲ့ နိုင္ငံမ်ား…

ကာကြယ္ေဆး စတင္ထြက္ရွိလာၿပီျဖစ္ေသာ္လည္း အလွမ္းေဝးေနဆဲ ဆင္းရဲတဲ့ နိုင္ငံမ်ား…

 

 

အေမရိကန္မွာေဆးစထိုးၿပီ၊ ထုံးစံအတိုင္း အေရးေပၚ႒ာနက်မ္းမာေရးဝန္ထမ္းေတြ၊ ဘိုးဘြားျပဳစုသူေတြ၊

 

ကိုဗစ္ကုသေပးေနတဲ့ဆရာဝန္ေတြ အယင္ထိုးရမယ္။ေနာက္ ႏွစ္ပါတ္ေလာက္မွ တျခားဆရာဝန္ေတြထိုးရမွာ။

 

ျပႆနာက အေမရိကန္က Pfizer ကိုဗစ္ကာကြယ္ေဆး သန္းတရာ ပဲ ေအာ္ဒါ မွာထားတယ္၊

 

သူ႔လူဦးေရရဲ့ သုံးပုံတပုံ။ အခုေဆး တကယ္ထြက္လာေတာ့ နိုင္ငံ့လူဦးေရ နဲ႔ မေလာက္ေတာ့ဘူး။ ရြာလည္ေရာ။

 

ကမၻာမွာ ၃၁ နိုင္ငံက ေဆးကို အေမရိကန္နိုင္ငံ ထက္ပိုမွာထားတယ္၊

 

ဒီေတာ့ အခုမွ မွာလို႔ကေတာ့ ပထမရထားတဲ့ ေဆး သန္းတရာရၿပီးရင္ တျခားနိုင္ငံ ၃၁ နိုင္ငံ ဆက္ေပးရမယ္။

 

မွာလည္း အဲ့ဒီနိုင္ငံေတြၿပီးေအာင္ေစာင့္ေပေတာ့ဆိုရင္ ဆင္းခါနီးဆဲဆဲ ထရန႔္ႀကီး နိုင္ငံေရးေသၿပီ။

 

ဒါေၾကာင့္ အေမရိကန္ေဆးကုမၸဏီေတြဟာ အေမရိကန္လူမ်ိဳးကို ကာကြယ္ေဆးေရာင္းၿပီးမွသာ တျခားနိုင္ငံေတြကို

 

ေရာင္းရမယ္ လို႔ သမၼတ က အေရးေပၚအမိန႔္ထုတ္တယ္။ထရန္႔ကေတာ့ သူ႔နိုင္ငံမွသူ… အေမရိကန္လုပ္ပုံနဲ႔ ေဆး

 

ကုမၸဏီေတြ ခဗ်ာ ေဖါက္သည္မ်က္ႏွာပ်က္ရေတာ့မယ္။ကမၻာမွာ ေဆးျပႆနာတက္ေနၾကေလရဲ့။

 

 

ပထမျပႆနာက Pfizer ကလည္း ဒီႏွစ္ထဲမွာ ထင္ထားတာရဲ့တဝက္ပဲထုတ္နိုင္မယ္တဲ့၊

 

ကုန္ၾကမ္းက မွာထားသေလာက္ မပို႔နိုင္ၾကဘူးတဲ့။

 

Pfizer က ဒီဇဘၤာမွာ ေဆးသန္း၅၀ ထုတ္မယ္၊ ၂၀၂၁ မွာ ေဆး သန္း ၁၃၀၀ ထုတ္မယ္တဲ့၊

 

ကမၻာမွာလူဦးေရ သန္း ၇၈၀၀ ရွိတယ္။သန္း ၆၄၅၀ က တျခားေဆးသာေမၽွာ္ေတာ့။

 

ကမၻာမွာေတာ့ ေလာေလာဆယ္ Pfizer ေဆးကိုပဲ ယုံၾကေသးတယ္။

 

ဒုတိယျပႆနာက ေဆးထုတ္တဲ့ စက္႐ုံရွိတဲ့နိုင္ငံေတြကို ခြဲေပးရမယ္၊

 

ဥပမာ Pfizer က ဘယ္လဂ်ီယံမွာ ေဆးထုတ္တာ မနိုင္လို႔ အိႏၵိယမွာ ေဆးလာထုတ္ရင္ အိႏၵိယနိုင္ငံ ေၾကနပ္ေအာင္ ေဆးေရာင္းေပးရမယ္။

 

First come first serve ပဲ။ capitalism ဆိုတာ ခ်မ္းသာသူ ဥာဏ္ေကာင္းသူ နိုင္သူစား စတမ္း။

 

ပထမ ေဆးဝယ္တဲ့ သူေဌးနိုင္ငံေတြ၊ ဒုတိယ ေဆးထုတ္တဲ့ အလုပ္သမား နိုင္ငံေတြ ေပါ့။

 

သူတို႔ေက်ာ္ခြၿပီး ဆင္းရဲတဲ့နိုင္ငံကို မလာနိုင္ေသးပါဘူး။ စစ္ျဖစ္သြားမွာေပါ့။

 

 

ဆင္းရဲနိုင္ငံေတြ စိတ္ေၾကနပ္သြားေအာင္ တသန္းႏွစ္သန္းေတာ့ ေရာင္းေပးၾကမွာပါ။

 

မင္းတို႔နိုင္ငံမွာ -70 ဒီဂရီ အေျခခံအေဆာက္အအုံမရွိဘူး၊

 

ေဆးေပးလို႔မရဘူး ပ်က္သြားရင္ဘယ္လိုလုပ္မလဲ ဘာဘူး ညာဘူး ေျပာၿပီး သူတို႔အခ်င္းခ်င္းအယင္ခြဲၾကပါလိမ့္မယ္။

 

ျမန္မာကိုဘယ္က ေဆးလာမလဲ?

 

႐ုရွေဆး Sputnik V vaccine ေတာ္ေတာ္ေကာင္းတယ္ေျပာတယ္၊ ေအာ္ဒါတက္တာေတာင္ တဘီလီယံ ရွိၿပီတဲ့။

 

အဂၤလန္က Oxford AstraZeneca ကာကြယ္ေဆး က ေဆးပိုထြက္ေအာင္ ႐ုရွရဲ့ ကာကြယ္ေဆးနဲ႔ေပါင္းထုတ္မယ္ေျပာတယ္။

 

တ႐ုတ္ေဆးလည္း အလုပ္ျဖစ္မွာပါ။ ေအာ္ဒါမွာထားလားမသိဘူး။

 

တ႐ုတ္ကေတာ့ သူ႔နိုင္ငံသားေတြအကူးခံရမွာစိုးေတာ့ အိမ္နီးခ်င္းေတြနဲနဲေဝမွာေပါ့။

 

ကၽြန္ေတာ္တို႔ကိုေဆးေရာင္းေပးပါလို႔ WHO ကတဆင့္ အဖြဲ႕ဝင္ထားတဲ့ Covex အဖြဲ႕ မွာ နိုင္ငံ ၁၈၀ ေက်ာ္ပါတယ္။

 

၂၀၂၁ မကုန္ခင္ ဆင္းရဲတဲ့နိုင္ငံေတြအတြက္ ေဆး တဘီလီယံ ရဖို႔ႀကိဳးစားမယ္လို႔ WHO ကေျပာတယ္။

 

 

 

ဒီေတာ့ ေနာက္ ၁၂ လအတြင္း ျမန္မာျပည္ထဲက လူ၁၀ ေယာက္ မွာ တေယာက္ လက္ေမာင္းမွာ အပ္လာစိုက္ဖို႔ မေသခ်ာေသးပါဘူး။

 

ဒီၾကားထဲ ေဆးမ်ားမ်ားထြက္လာဖို႔၊ ကာကြယ္ေဆး အျပင္ ကုသေဆးပါ ရွာေတြ႕ဖို႔၊

 

နိုင္ငံႀကီးေတြ ေဆးနဲနဲထိုးၿပီးတာနဲ႔ ေရာဂါေပ်ာက္ကုန္ၾကဖို႔ ဆုေတာင္းၾကပါ။

 

ကၽြန္ေတာ္တို႔ အနည္းဆုံး ေနာက္ ၆လ ကိုဗစ္နဲ႔ လုံးေထြးေနရဦးမယ္။

 

ကဲ ကပ္ေရာဂါပဲ မထူးပါဘူး လု႔ကံ ဝ ကံေပါ့ ဆိၿပီး ဒီအတိုင္းဆက္သြားမလား?

 

ေသနတ္နဲ႔ခ်ိန္ၿပီး လုံးဝ မထြက္ၾကနဲ႔ လို႔ အိမ္ထဲ ႏွစ္ပါတ္ ေနခိုင္းတာေကာင္းမလား?

 

ဘယ္ေလာက္ကူးေနၿပီလဲ? ဘာဆက္လုပ္ရမလဲ? အစိုးရလည္း စဥ္းစားရၾကပ္မွာေပါ့။

 

ဘာျဖစ္ျဖစ္ ၈ လရွိၿပီဆိုေတာ့ လြန္တာေတာ့ လြန္ကုန္ပါၿပီ။

 

ေျပာခ်င္တာက ျမန္မာျပည္ထဲ ေဆးေရာက္လာဖို႔ မလြယ္ေသးဘူး ဆိုတာရယ္…

 

Mask တပ္ဖို႔၊ လူစုလူေဝးေရွာင္ဖို႔နဲ႔ ကာလၾကာရွည္စြာ ကိုဗစ္နဲ႔ယွဥ္တြဲေနထိုင္ဖို႔ ျပင္ဆင္ထားဖို႔ပါပဲ။

 

Unicode

 

ကာကွယ်ဆေး စတင်ထွက်ရှိလာပြီဖြစ်သော်လည်း အလှမ်းဝေးနေဆဲ ဆင်းရဲတဲ့ နိုင်ငံများ…

 

 

အမေရိကန်မှာဆေးစထိုးပြီ၊ ထုံးစံအတိုင်း အရေးပေါ်ဋ္ဌာနကျမ်းမာရေးဝန်ထမ်းတွေ၊ ဘိုးဘွားပြုစုသူတွေ

 

ကိုဗစ်ကုသပေးနေတဲ့ဆရာဝန်တွေ အယင်ထိုးရမယ်။နောက် နှစ်ပါတ်လောက်မှ တခြားဆရာဝန်တွေထိုးရမှာ။

 

ပြဿနာက အမေရိကန်က Pfizer ကိုဗစ်ကာကွယ်ဆေး သန်းတရာ ပဲ အော်ဒါ မှာထားတယ်၊

 

သူ့လူဦးရေရဲ့ သုံးပုံတပုံ။ အခုဆေး တကယ်ထွက်လာတော့ နိုင်ငံ့လူဦးရေ နဲ့ မလောက်တော့ဘူး။ ရွာလည်ရော။

 

ကမ္ဘာမှာ ၃၁ နိုင်ငံက ဆေးကို အမေရိကန်နိုင်ငံ ထက်ပိုမှာထားတယ်၊

 

ဒီတော့ အခုမှ မှာလို့ကတော့ ပထမရထားတဲ့ ဆေး သန်းတရာရပြီးရင် တခြားနိုင်ငံ ၃၁ နိုင်ငံ ဆက်ပေးရမယ်။

 

မှာလည်း အဲ့ဒီနိုင်ငံတွေပြီးအောင်စောင့်ပေတော့ဆိုရင် ဆင်းခါနီးဆဲဆဲ ထရန့်ကြီး နိုင်ငံရေးသေပြီ။

 

ဒါကြောင့် အမေရိကန်ဆေးကုမ္ပဏီတွေဟာ အမေရိကန်လူမျိုးကို ကာကွယ်ဆေးရောင်းပြီးမှသာ တခြားနိုင်ငံတွေကို

 

ရောင်းရမယ် လို့ သမ္မတ က အရေးပေါ်အမိန့်ထုတ်တယ်။

 

ထရန့်ကတော့ သူ့နိုင်ငံမှသူ… အမေရိကန်လုပ်ပုံနဲ့ ဆေးကုမ္ပဏီတွေ ခဗျာ ဖေါက်သည်မျက်နှာပျက်ရတော့မယ်။

 

 

ကမ္ဘာမှာ ဆေးပြဿနာတက်နေကြလေရဲ့။ပထမပြဿနာက Pfizer ကလည်း ဒီနှစ်ထဲမှာ ထင်ထားတာရဲ့

 

တဝက်ပဲထုတ်နိုင်မယ်တဲ့၊ကုန်ကြမ်းက မှာထားသလောက် မပို့နိုင်ကြဘူးတဲ့။

 

Pfizer က ဒီဇင်္ဘာမှာ ဆေးသန်း၅၀ ထုတ်မယ်၊ ၂၀၂၁ မှာ ဆေး သန်း ၁၃၀၀ ထုတ်မယ်တဲ့၊

 

ကမ္ဘာမှာလူဦးရေ သန်း ၇၈၀၀ ရှိတယ်။သန်း ၆၄၅၀ က တခြားဆေးသာမျှော်တော့။

 

ကမ္ဘာမှာတော့ လောလောဆယ် Pfizer ဆေးကိုပဲ ယုံကြသေးတယ်။

 

ဒုတိယပြဿနာက ဆေးထုတ်တဲ့ စက်ရုံရှိတဲ့နိုင်ငံတွေကို ခွဲပေးရမယ်၊

 

ဥပမာ Pfizer က ဘယ်လဂျီယံမှာ ဆေးထုတ်တာ မနိုင်လို့ အိန္ဒိယမှာ ဆေးလာထုတ်ရင်

 

အိန္ဒိယနိုင်ငံ ကြေနပ်အောင် ဆေးရောင်းပေးရမယ်။

 

First come first serve ပဲ။ capitalism ဆိုတာ ချမ်းသာသူ ဥာဏ်ကောင်းသူ နိုင်သူစား စတမ်း။

 

ပထမ ဆေးဝယ်တဲ့ သူဌေးနိုင်ငံတွေ၊ ဒုတိယ ဆေးထုတ်တဲ့ အလုပ်သမား နိုင်ငံတွေ ပေါ့။

 

 

သူတို့ကျော်ခွပြီး ဆင်းရဲတဲ့နိုင်ငံကို မလာနိုင်သေးပါဘူး။ စစ်ဖြစ်သွားမှာပေါ့။

 

ဆင်းရဲနိုင်ငံတွေ စိတ်ကြေနပ်သွားအောင် တသန်းနှစ်သန်းတော့ ရောင်းပေးကြမှာပါ။

 

မင်းတို့နိုင်ငံမှာ -70 ဒီဂရီ အခြေခံအဆောက်အအုံမရှိဘူး၊

 

ဆေးပေးလို့မရဘူး ပျက်သွားရင်ဘယ်လိုလုပ်မလဲ ဘာဘူး ညာဘူး ပြောပြီး သူတို့အချင်းချင်းအယင်ခွဲကြပါလိမ့်မယ်။

 

မြန်မာကိုဘယ်က ဆေးလာမလဲ?

 

ရုရှဆေး Sputnik V vaccine တော်တော်ကောင်းတယ်ပြောတယ်၊ အော်ဒါတက်တာတောင် တဘီလီယံ ရှိပြီတဲ့။

 

အင်္ဂလန်က Oxford AstraZeneca ကာကွယ်ဆေး က ဆေးပိုထွက်အောင် ရုရှရဲ့ ကာကွယ်ဆေးနဲ့ပေါင်းထုတ်မယ်ပြောတယ်။

 

တရုတ်ဆေးလည်း အလုပ်ဖြစ်မှာပါ။ အော်ဒါမှာထားလားမသိဘူး။

 

တရုတ်ကတော့ သူ့နိုင်ငံသားတွေအကူးခံရမှာစိုးတော့ အိမ်နီးချင်းတွေနဲနဲဝေမှာပေါ့။

 

ကျွန်တော်တို့ကိုဆေးရောင်းပေးပါလို့ WHO ကတဆင့် အဖွဲ့ဝင်ထားတဲ့ Covex အဖွဲ့ မှာ နိုင်ငံ ၁၈၀ ကျော်ပါတယ်။

 

 

၂၀၂၁ မကုန်ခင် ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆေး တဘီလီယံ ရဖို့ကြိုးစားမယ်လို့ WHO ကပြောတယ်။

 

ဒီတော့ နောက် ၁၂ လအတွင်း မြန်မာပြည်ထဲက လူ၁၀ ယောက် မှာ တယောက် လက်မောင်းမှာ အပ်လာစိုက်ဖို့ မသေချာသေးပါဘူး။

 

ဒီကြားထဲ ဆေးများများထွက်လာဖို့၊ ကာကွယ်ဆေး အပြင် ကုသဆေးပါ ရှာတွေ့ဖို့၊

 

နိုင်ငံကြီးတွေ ဆေးနဲနဲထိုးပြီးတာနဲ့ ရောဂါပျောက်ကုန်ကြဖို့ ဆုတောင်းကြပါ။

 

ကျွန်တော်တို့ အနည်းဆုံး နောက် ၆လ ကိုဗစ်နဲ့ လုံးထွေးနေရဦးမယ်။

 

ကဲ ကပ်ရောဂါပဲ မထူးပါဘူး လု့ကံ ဝ ကံပေါ့ ဆိပြီး ဒီအတိုင်းဆက်သွားမလား?

 

သေနတ်နဲ့ချိန်ပြီး လုံးဝ မထွက်ကြနဲ့ လို့ အိမ်ထဲ နှစ်ပါတ် နေခိုင်းတာကောင်းမလား?

 

ဘယ်လောက်ကူးနေပြီလဲ? ဘာဆက်လုပ်ရမလဲ? အစိုးရလည်း စဉ်းစားရကြပ်မှာပေါ့။

 

ဘာဖြစ်ဖြစ် ၈ လရှိပြီဆိုတော့ လွန်တာတော့ လွန်ကုန်ပါပြီ။

 

ပြောချင်တာက မြန်မာပြည်ထဲ ဆေးရောက်လာဖို့ မလွယ်သေးဘူး ဆိုတာရယ်…

 

Mask တပ်ဖို့၊ လူစုလူဝေးရှောင်ဖို့နဲ့ ကာလကြာရှည်စွာ ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ဖို့ ပြင်ဆင်ထားဖို့ပါပဲ။

 

Credit;