အားသွင်းစရာမလိုသော ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကား(ရုပ်သံ)
အားသွင်းစရာမလိုသော ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကား(ရုပ်သံ)
ကို မော်တော်ယာဉ်ရဲ့နေရာတိုင်းမှာ တပ်ဆင်ထားသလို တစ်နှစ်လျှင် မိုင် ၁၁၀၀၀ ကျော်သွားနိုင်ပြီး နရောင်အလုံအလောက်
Unicode
အားသှငျးစရာမလိုသော ကမ်ဘာ့ပထမဆုံး လြှပျစစျကား(ရုပျသံ)
ကယ်လီဖိုးနီးယားအခြေစိုက်ဆိုလာစွမ်းအင်သုံးမော်တာကုမ္ပဏီတစ်ခုဖြစ်တဲ့ Aptera ကဘယ်တော့မှအားသွင်းစရာမလိုတဲ့
ပထမဆုံးလျှပ်စစ်ကားကို ကြော်ငြာပြီးနောက် ၂၄ နာရီအတွင်းမှာ ရောင်းထွက်သွားခဲ့ပါတယ်။  Aptera  ကုမ္ပဏီရဲ့ အဆိုအရ
အခုကားဟာ ဒေါ်လာ ၂၆,၀၀၀ ( ၃၆၅ သိန်း)သာ ကျသင့်ပြီး ဘယ်သောအခါမှအားသွင်းရန်မလိုအပ်ကြောင်း ၊ ဖောက်သည်
များအား သူတို့ကိုယ်တိုင်ဒီဇိုင်းဆွဲနိုင်တဲ့ကား model များ အော်ဒါလက်ခံဖို့ အစီအစဉ်တွေလည်း ကျန်ရှိနေသေးကြောင်း
ပြောကြားခဲ့ပါတယ်။Aptera ကုမ္ပဏီ က ပေါ့ပါးတဲ့ဖွဲ့စည်းတည်ဆောက်ပုံများ၊လေနှင့်အအေး ဆွဲအား ထိန်းစေခြင်း၊ သိပ္ပံ
ပစ္စည်း နှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များမှာ အမြင့်ဆုံးမော်တော်ယာဉ်များကို အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့တယ် လို့
အဆိုပါကားရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြတဲ့ဝက်ဘ်ဆိုက်က ပြောကြားခဲ့ပါတယ်။ Aptera ကုမ္ပဏီ ဟာ အားသွင်းစရာမလို
တဲ့စနစ်ကို မော်တော်ယာဉ်ရဲ့နေရာတိုင်းမှာ တပ်ဆင်ထားသလို တစ်နှစ်လျှင် မိုင် ၁၁၀၀၀ ကျော်သွားနိုင်ပြီးနေရောင်အလုံ
အလောက်စုပ်ယူနိုင်တဲ့ ဒီဇိုင်းအဖြစ် ပြုလုပ်ထားပါတယ်။ဥပမာအားဖြင့် ဆိုလာပြားတွေဟာတစ်နေ့လျှင် မိုင် ၄၀ လောက်စွမ်း
အင်ကိုစုပ်ယူနိုင်စွမ်းရှိပြီး ၎င်းအထိ ရရှိရန်အတွက် အလွန်နေသာတဲ့ရာသီဥတု လိုအပ်ပါတယ်။ကုမ္ပဏီမှ ပူးတွဲတည်ထော
င်သူ Steve Fambro က “အဆိုပါကားက မိုင် ၄၀ လောက်ဆို အားသိပ်မဝင်သလိုဖြစ်နေလိမ့်မယ် ၊ ဒါပေမယ့် ကားကို ရပ်လို
က်ရင် အံ့ဩစရာကောင်းလောက်အောင် ညတွင်းချင်းအား ပြန်ဖြည့်လာလိမ့်မယ် ၊ ဒါကြောင့် အခကြေးငွေပေးစရာမလိုပဲ နေ့
တိုင်း သင် ကားကို အေးဆေးမောင်းနိုင်တယ် ၊ လူအများစုကလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” လို့
ရှင်းပြခဲ့ပါတယ်။အခု လက်ရှိကမ္ဘာမြေကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာဆီတွေကနေ ရေရှည်တည်တံ့ခိုင်မြဲတဲ့စွမ်းအင်
နည်းလမ်းတွေဆီသို့ တစ်ဖြည်းဖြည်းဦးတည်လာတာနှင့်အမျှ ဓာတ်ဆီ ၊ ဒီဇယ်သုံးကားတွေက အတိတ်ကာလရဲ့အရာတစ်ခုဖြ
စ်လာနိုင်ပါတယ်။ယခုနှစ်အစောပိုင်းမှာ ယူကေအစိုးရဟာ ၂၀၃၀ ခုနှစ်မှာ ဓာတ်ဆီနှင့်ဒီဇယ်ကားများရောင်းချခြင်းကို ပိတ်ပင်
လိမ့်မယ် လို့ ကြေငြာခဲ့ပြီး ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇယ်နှင့်ဓာတ်ဆီကားများရောင်းချမှုကို တားမြစ်ခြင်း နှင့် ရာသီဥတု
ပြောင်းလဲမှုကို တိုက်ဖျက်မယ့် အစီအစဉ် ၁၀ ချက်​ကိုလည်း ရှင်းပြခဲ့ပါသေးတယ်။
Credit;