INTERNATIONAL NEWS

ဂ်ပန္မွာ စံခ်ိန္တင္ ႏွင္းက်တာေၾကာင့္ လူရာေပါင္းမ်ားစြာ ပိတ္မိေန

Written by admm

 

ဂ်ပန္မွာ စံခ်ိန္တင္ ႏွင္းက်တာေၾကာင့္ လူရာေပါင္းမ်ားစြာ ပိတ္မိေန

 

 

 

 

ဂ်ပန္နိုင္ငံမွာ စံခ်ိန္တင္ ႏွင္းက်ဆင္းခဲ့တာေၾကာင့္ ၾကာသပေတးေန႔ညက အေဝးေျပးလမ္းမတစ္ခုမွာ လူ ၁၀၀၀ ေက်ာ္ေလာက္ လမ္းပိတ္ၿပီး

 

ေသာင္တင္ေနတယ္လို႔ သိရပါတယ္။ ႏွင္းမုန္တိုင္းေၾကာင့္ လူေတြဟာ ကားထဲမွာ အစားအေသာက္အနည္းအက်ဥ္းနဲ႔ ေနထိုင္ခဲ့ရတယ္လို႔

 

သိရပါတယ္။ တိုက်ိဳနဲ႔ နီအိုဂါတာစီရင္စုကို ဆက္သြယ္ထားတဲ့ ကာနက္ဆုအျမန္လမ္းေပၚမွာ ဗုဒၶဟူးေန႔ ေႏွာင္းပိုင္းကတည္းက လမ္းေတြ

 

ပိတ္ေနတယ္လို႔  ဂ်ပန္သတင္းေတြက ေဖာ္ျပသြားပါတယ္။ ၾကာသပေတးေန႔ အေစာပိုင္းမွာေတာ့ ယာဥ္ေက်ာရွင္းဖို႔ အေဝးေျပးလမ္းမကို

 

အာဏာပိုင္ေတြက ပိတ္ထားခဲ့ပါတယ္။ ဂ်ပန္အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းမွာ ဆီးႏွင္းေတြ မတရားက်ဆင္းလာတာေၾကာင့္ ပိတ္မိေနတဲ့

 

 

 

 

ကားေတြ မ်ားျပားလာခဲ့ၿပီး တစ္ေနရာမွာဆိုရင္ ယာဥ္ေက်ာဟာ ၁၀ မိုင္အကြာ ရွိခဲ့တယ္လို႔ သိရပါတယ္။ ႏွင္းေတြေၾကာင့္ လူေတြဟာ ကား

 

ထဲမွာပဲ ညအိပ္ဖို႔ ျပင္ဆင္ခဲ့ရၿပီး ကိုယ္ထူကိုယ္ထ အစားအေသာက္၊ ေစာင္ေတြအခ်င္းခ်င္းကူညီ ေထာက္ပံ့ခဲ့ၾကတယ္လို႔ သိရပါတယ္။

 

ဂ်ပန္မိုးေလဝသအဖြဲ႕က ေသာၾကာေန႔အထိ ႏွင္းေတြ ဆက္လက္က်ဆင္းနိုင္ေၾကာင္းနဲ႔ လမ္းေတြ ေခ်ာ္ၿပီး တိမ္းေမွာက္နိုင္ေၾကာင္း သတိေပး

 

ထားပါတယ္။ ဂ်ပန္အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းကမ္းရိုးတန္းတေလၽွာက္မွာလည္း ႏွင္းေတြ အဆမတန္ က်ဆင္းေနတာေၾကာင့္ အိမ္ေထာင္စု

 

၁၀၀၀၀ နီးပါး လၽွပ္စစ္မီးျပတ္ေတာက္ေနၿပီး အစိုးရက အေရးေပၚအစည္းအေဝး ေခၚခဲ့ရပါတယ္။ နီဂါတာနဲ႔ ဂန္မာစီရင္စုမွာ ဆီးႏွင္းေတြ ဆိုး

 

ဆိုးရြားရြားက်ခဲ့ၿပီး သုံးရက္အတြင္း ႏွင္းထု ႏွစ္မီတာ (၆.၆ေပ) အထိ က်ဆင္းခဲ့ေၾကာင္း NHK သတင္းက ေဖာ္ျပသြားပါတယ္။

 

 

Credit

 

 

 

 

Unicode

 

 

ဂျပန်မှာ စံချိန်တင် နှင်းကျတာကြောင့် လူရာပေါင်းများစွာ ပိတ်မိနေ

 

 

 

 

ဂျပန်နိုင်ငံမှာ စံချိန်တင် နှင်းကျဆင်းခဲ့တာကြောင့် ကြာသပတေးနေ့ညက အဝေးပြေးလမ်းမတစ်ခုမှာ လူ ၁၀၀၀ ကျော်လောက် လမ်းပိတ်ပြီး

 

သောင်တင်နေတယ်လို့ သိရပါတယ်။ နှင်းမုန်တိုင်းကြောင့် လူတွေဟာ ကားထဲမှာ အစားအသောက်အနည်းအကျဉ်းနဲ့ နေထိုင်ခဲ့ရတယ်လို့

 

သိရပါတယ်။ တိုကျိုနဲ့ နီအိုဂါတာစီရင်စုကို ဆက်သွယ်ထားတဲ့ ကာနက်ဆုအမြန်လမ်းပေါ်မှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကတည်းက လမ်းတွေ

 

ပိတ်နေတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြသွားပါတယ်။ ကြာသပတေးနေ့ အစောပိုင်းမှာတော့ ယာဉ်ကျောရှင်းဖို့ အဝေးပြေးလမ်းမကို

 

အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။ ဂျပန်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဆီးနှင်းတွေ မတရားကျဆင်းလာတာကြောင့် ပိတ်မိနေတဲ့ ကား

 

 

 

 

တွေ များပြားလာခဲ့ပြီး တစ်နေရာမှာဆိုရင် ယာဉ်ကျောဟာ ၁၀ မိုင်အကွာ ရှိခဲ့တယ်လို့ သိရပါတယ်။ နှင်းတွေကြောင့် လူတွေဟာ ကားထဲမှာ

 

ပဲ ညအိပ်ဖို့ ပြင်ဆင်ခဲ့ရပြီး ကိုယ်ထူကိုယ်ထ အစားအသောက်၊ စောင်တွေအချင်းချင်းကူညီ ထောက်ပံ့ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဂျပန်မိုးလေဝသအဖွဲ့က သောကြာနေ့အထိ နှင်းတွေ ဆက်လက်ကျဆင်းနိုင်ကြောင်းနဲ့ လမ်းတွေ ချော်ပြီး တိမ်းမှောက်နိုင်ကြောင်း သတိ

 

ပေးထားပါတယ်။ ဂျပန်အလယ်ပိုင်းနဲ့ မြောက်ပိုင်းကမ်းရိုးတန်းတလျှောက်မှာလည်း နှင်းတွေ အဆမတန် ကျဆင်းနေတာကြောင့် အိမ်

 

ထောင်စု ၁၀၀၀၀ နီးပါး လျှပ်စစ်မီးပြတ်တောက်နေပြီး အစိုးရက အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ရပါတယ်။ နီဂါတာနဲ့ ဂန်မာစီရင်စုမှာ ဆီး

 

နှင်းတွေ ဆိုးဆိုးရွားရွားကျခဲ့ပြီး သုံးရက်အတွင်း နှင်းထု နှစ်မီတာ (၆.၆ပေ) အထိ ကျဆင်းခဲ့ကြောင်း NHK သတင်းက ဖော်ပြသွားပါတယ်။

 

Credit

About the author

admm