ပုဂ္ဂလိကဆေးရုံများ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ပေးရာမှာ အတုအပမဖြစ်စေရေး ကြိုတင်ပြင်ဆင်ရန်လို
ပုဂ္ဂလိကဆေးရုံများ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ပေးရာမှာ အတုအပမဖြစ်စေရေး ကြိုတင်ပြင်ဆင်ရန်လို
Credit
Unicode
ကိုဗစ်-၁၉ရောဂါစစ်ဆေးခွင့်ပြုသည့် ပုဂ္ဂလိကဆေးရုံနဲ့ ရောဂါရှာဖွေရေးဓါတ်ခွဲခန်းများအနေနဲ့ ကိုဗစ်-၁၉ရောဂါ ကင်းရှင်းကြောင်
းအထောက်အထား Certificate ပေးရာမှာ အတုအပမဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့
ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ပုဂ္ဂလိကဆေးရုံနဲ့ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့မှာ ကိုဗစ်-၁၉
ရောဂါ စစ်ဆေးပေးသွားမည့်ကိစ္စနဲ့စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်
ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် ပြောကြားလိုက်တာဖြစ်ပါတယ်။“ပုဂ္ဂလိကဆေးရုံနဲ့ ရောဂါ
ရှာဖွေတဲ့ ဓာတ်ခွဲခန်းတွေအနေနဲ့ ပြင်ဆင်ထားရမယ့်အချက်က ကိုဗစ်-၁၉ ရောဂါ စစ် ဆေးပြီးတဲ့အခါမှာ အထောက်အထား Certificate
ပေးတဲ့အခါ အတုအပမဖြစ်စေရေးအတွက် Certificate format ကို ကြိုပြီးပြင်ထားဖို့လည်း လိုအပ်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။ဆက်
လက်ပြီး WHO ကအတည်ပြုထားတဲ့ Emergency Use Listing(EUL)ပါရှိပြီး အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနက တင်
သွင်းခွင့်ပြုထားတဲ့ Antigen (RTD) Test Kit နဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲ ဌာနက အတည်ပြုချက်ရရှိပြီးတဲ့ ဓာတ်ခွဲစက်ပစ္စည်းတွေ
ကို အသုံးပြုဆောင်ရွက်သွားရမယ်လို့ သိရပါတယ်။ဒါ့ပြင် ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများက အလွန်
အရေးကြီးကာ ထိုလုပ် ငန်းများအတွက် သတင်းမှတ်တမ်းအချက်အလက် မှန်ကန်စွာရရှိရေးက အရေးကြီးတယ်လို့လည်း အထက်ပါပု ဂ္
ဂိုလ်က ထပ်မံပြောပါတယ်။ပုဂ္ဂလိကဆေးရုံများအနေနဲ့ ပြည်သူလူထုဆီက အခကြေးငွေယူသည့်အခါမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအ
တွက် အလေးပေးဆောင်ရွက်ရန် လမ်းညွှန်ချက်ပေးထားကြောင်းနဲ့ ပုဂ္ဂလိကဆေးရုံ၊ ဓာတ်ခွဲခန်းများအနေနဲ့ ဓာတ်ခွဲစစ်ဆေးရာမှ
ာ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အား မလိုက်နာပါက အရေးယူသွားမယ်လို့ သိရပါတယ်။
Credit;