

 

 


 


 


 


 


 

 


 


 


 


 

Credit

 

 

 

 

Unicode

 

ရှမ်းပြည်နယ် နောင်ချိုတွင် တိမ်ပင်လယ်ခရီးစဉ်သစ်ဖော်ဆောင်မည်

 

 

ရှမ်းပြည်နယ် နောင်ချိုတွင် တိမ်ပင်လယ်ခရီးစဉ်သစ်ဖော်ဆောင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်အား ခရီးစဉ်သစ်တစ်ခုအနေဖြင့် ဖော်ဆောင်နိုင်ရေးနှင့်

 

၂၀၂၁ခုနှစ်၊ နောင်ချိုမြို့နယ် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တစ်နှစ်တာ လုပ်ငန်းစဉ် ဆောင်ရွက်မည့် Action Plan တွင်ထည့်သွင်း

 

ရေးဆွဲမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် အဆိုပါ ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေး ကိစ္စရပ်များကို ရွေးကောက်ခံ ပြည်နယ်

 

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်း၊

 

 

ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း/မြောက်) ဇုန်

 

ဥက္ကဌ၊ ဦးဇော်ဇော် နှင့် နောင်ချိုမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ သို့

 

သွားရောက်၍ ကျေးရွာခရီးသွားမြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေး ကိစ္စရပ်များအား အ

 

သေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး တိမ်ပင်လယ် စခန်းတွင် နားနေဆောင်များ တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်၊။

 

Credit