NEWS
Written by admm
CCSA ဖော်ပြချက်အရ ရောဂါကူးစက်မှုအသစ်တွေများပြားလာမှုကြောင့် ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၅၂၈၉ ဦးအထိ ရှိေ
ထားတယ်လို့ ဆိုပါတယ်။
Unicode
ထိုင်းတွင် မြန်မာအလုပ်သမား ၃၆၀ နီးပါး ကိုဗစ်ပိုး ထပ်မံတွေ့ရှိ
ယနေ့ တနင်္လာနေ့က ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃၈၂ ဦး ထပ်မံတွေ့ရကြောင်း သိရပါတယ်။ အဲဒီအထဲမှာ ဆာမွတ်ဆာခွန်ခရို
င် မဟာချိုင်ဒေသရှိ ပုဇွန်ဈေးတစ်ခုမှာလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၃၆၀ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။တနင်္ဂ
နွေနေ့က ရောဂါကူးစက်သူလူနာ ၅၇၆ ဦးတွေ့ရှိခဲ့ပြီးနောက် ကူးစက်မှုတွေ များပြားလာခဲ့တာပါ။ မဟာချိုင်ဒေသ ပင်လယ်စာဈေးတစ်ခုမှာ
ကိုဗစ်ပိုးကူးတာတွေ့ရပြီးနောက် ရောဂါပိုးစစ်ဆေးမှုတွေ အမြောက်အမြားပြုလုပ်ခဲ့ပါတယ်။ လက်ရှိ ရောဂါစမ်းသပ်မှုတွေ စစ်ဆေးလျ
က်ရှိနေတာကြောင့် ရောဂါကူးစက်သူ အရေအတွက် ထပ်မံ များပြားလာဖို့ ရှိနေပါတယ်။အဆိုပါ ဒေသတစ်ဝိုက်ကို စနေနေ့ညက စတင်ပြီး
Lockdown ချမှတ်ထားပြီး ရွေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာကို စစ်ဆေးနေပါတယ်။ထိုင်း Covid-19 ဗိုင်းရပ်အခြေအနေ စီမံ
ခန့်ခွဲရေးအဖွဲ့ CCSA ဖော်ပြချက်အရ ရောဂါကူးစက်မှုအသစ်တွေများပြားလာမှုကြောင့် ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၅၂၈၉
ဦးအထိ ရှိနေကြောင်း သိရပါတယ်။ အစောပိုင်းက မြန်မာအလုပ်သမား ၅၁၆ ဦး ရောဂါပိုးတွေ့ရပြီး နောက်ထပ် ၃၆၀ တွေ့ရှိခဲ့တာပါ။ယနေ့
မွန်းလွဲပိုင်းမှာတော့ မဟာချိုင်ရှိ ဗဟိုပုစွန်ဈေးနဲ့ ဆက်စပ်နေတဲ့ နောက်ဆုံး ကိုဗစ်ရောဂါကူးစက်အကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာ
နက ကြေညာချက်ထုတ်ပြန်မယ်လို့ CCSA ပြောရေးဆိုခွင့်ရှိသူ တာဝီဆစ် ဝီသာနုယိုသင်က ပြောပါတယ်။နောက်ထပ် ဆူရတ်ဌာနီဒေသမှာ
ရွေ့ပြောင်းအလုပ်သမားတွေ သွားလာခွင့် ပိတ်ပင်ထားပြီး နယ်စပ်တရားမဝင်ကျော်လာသူတွေအပါအဝင် မြန်မာနိုင်ငံက လာရောက်တဲ့
အလုပ်သမားအားလုံးကို ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးဖို့ မှာကြားထားကြောင်း ဆူရတ်ဌာနီအုပ်ချုပ်ရေးမှူး ဝီချာဝတ် ဂျင်တိုက ပြောပါတယ်
အလုပ်ခွင်အတွင်း ရောဂါကူးစက်မှုလက္ခဏ သံသယရှိပါက ရပ်ဆိုင်းထားပြီး ကျန်းမာရေးဝန်ထမ်းတွေကို အကြောင်းကြားဖို့လည်း ညွှန်
ကြားထားတယ်လို့ ဆိုပါတယ်။
Credit;
About the author
admm