NEWS

အာကာသတွင် လက်နက် ဦးစွာတပ်ဆင်ခြင်းမပြုရေးသဘောတူညီချက် မြန်မာ-ရုရှား လက်မှတ်ထိုး ( နောက်နေတာ မဟုတ်ဘူးနော်….)

Written by admm

အာကာသတွင် လက်နက် ဦးစွာတပ်ဆင်ခြင်းမပြုရေးသဘောတူညီချက် မြန်မာ-ရုရှား လက်မှတ်ထိုး ( နောက်နေတာ မဟုတ်ဘူးနော်….)

 

 

အာကာသဟင်းလင်းပြင်အတွင်း ဦးစွာလက်နက်တပ်ဆင်မှုစတင်ခြင်းမပြုရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံနှင့်

 

ရုရှားနိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။အဆိုပါသဘောတူညီချက်အတွက်

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေး

 

 

ဝန်ကြီး Mr. Sergey Lavrov တို့က အဝေးရောက်စနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏

 

ကြေညာချက်အရ သိရသည်။သဘောတူညီချက်ကို ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov က အောက်တို

 

ဘာလ ၁၁ ရက်တွင်လည်းကောင်း ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်

 

 

က ဒီဇင်ဘာလ ၃ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးကလည်း

 

ကြေညာထားသည်။သဘောတူညီချက်သည် အာကာသဟင်းလင်းပြင်အတွင်း စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်မလာ

 

စရေးအတွက် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုကို ရှောင်ရှားရန်နှင့် အာကာသဟင်းလင်းပြင်အတွင်း ဆောင်ရွက်ချက်များ

 

 

လုံခြုံမှုရှိစေရန် ရည်ရွယ်သည်။ထို့ကြောင့် မြန်မာ-ရုရှားနှစ်နိုင်ငံလုံးသည် မည်သည့်အကြောင်းနှင့်မျှ အာကာသဟင်းလင်းပြင်

 

အတွင်း ဦးစွာလက်နက်တပ်ဆင်မည်မဟုတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

 

Unicode

 


 

 


 


 


 

 


 


 


 

 


 


 


 

 


 


 

Credit;

About the author

admm