NEWS

ပြင်သစ် နယ်စပ်ပိတ်မှုကြောင့် ကုန်ကားတွေ ထောင်နဲ့ချီ ပိတ်မိနေဆဲ- အစားအစာပြတ်လတ်မှာကို စိုးရိမ်

Written by admm

ပြင်သစ် နယ်စပ်ပိတ်မှုကြောင့် ကုန်ကားတွေ ထောင်နဲ့ချီ ပိတ်မိနေဆဲ- အစားအစာပြတ်လတ်မှာကို စိုးရိမ်

 

 

ပြင်သစ်ဖက်ကနေ တနင်္ဂနွေညမှာ နယ်စပ်ပိတ်လိုက်ပြီးနောက် ဒီနေ့ (အင်္ဂါနေ့) မနက်ပိုင်းအထိ ထရပ်ကား ၁၅၀၀ ကျော် အင်္ဂလန်ဖက်မှာ

 

ပိတ်မိနေဆဲဖြစ်ပါတယ်။ တကယ်လို့ ဒီလို အကြာကြီးပိတ်ထားမယ်ဆိုရင် ဥရောပတိုက်က အစားအစာကို အဓိက အားထားနေရတဲ့ အင်္ဂလန်

 

မှာ ရိက္ခာအခက်အခဲရှိလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။အင်္ဂလန်တောင်ပိုင်းမှာ မျိုးကွဲဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုပြီး ဗြိတိန်

 

အစိုးရက ကြေညာပြီးနောက် အဲဒီ ဗိုင်းရပ်စ်ကို စိုးရိမ်ပြီး ပြင်သစ်ဖက်ကနေ နယ်စပ်ကို ၄၈ နာရီ အရေးပေါ် ပိတ်လိုက်တာပါ။ အခြား ဥရောပ

 

နိုင်ငံအတော်များများကလည်း အင်္ဂလန်နဲ့ လေကြောင်း၊ ရေကြောင်း ခရီးတွေကို ပိတ်ပင်လိုက်ပါတယ်။ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel

 

ကတော့ -ဒီကိစ္စပြေလည်ဖို့ ပြင်သစ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။ အခုထိတော့ Dover ဆိပ်ကမ်းဖက်မှာ ထရပ်ကား ၆၅၀ ရှိနေဆဲ

 

ပါ။ အခြား ထရပ်ကား ၈၇၃-စီးကတော့ Manston လေယာဉ်ကွင်းဖက် သွားနေပါပြီ- လို့  ပြောပါတယ်။တကယ်လို့ ဗြိတိန်ဖက်က ထရပ်ကား

 

 

တွေကို ပြင်သစ်က ဝင်ခွင့်မပြုပဲ ဆက်ပိတ်ထားမယ်ဆိုရင် ဗြိတိန်မှာ ရိက္ခာပြတ်လတ်မှာကိုစိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုရင် ရိက္ခာအများစု

 

ကို ဗြိတိန်မှာ မထုတ်လုပ်ပဲ ဥရောပကနေ ဝယ်ယူပြီး ထရပ်ကားတွေနဲ့ သယ်ပို့နေရလို့ဖြစ်ပါတယ်လို့ ဗြိတိန် ရိက္ခာဖူလုံရေးအဖွဲ့က အရာရှိ

 

Andrew Opie ကပြောပါတယ်။ဒီလိုပိတ်ထားမယ်ဆိုရင် ထရပ်ကားမောင်းသမားတွေ အင်္ဂလန်ဖက် မလာချင်းဘူးဖြစ်သွားမယ်။ Dover မှာ

 

နေ့စဉ် အဝင်-အထွက်လုပ်နေတဲ့ ထရပ်ကား တသောင်းလောက်ရှိပြီး ဒါဟာ နိုင်ငံ့တခုလုံးရဲ့ ကုန်စည်စီးဆင်းမှု ၂၀ % ရှိတယ်လို့ သိရပါတယ်။

 

နယ်စပ်ကို ဆက်ပိတ်ထားမယ်ဆိုရင်… ဆလတ်ရွက်၊ ဟင်းသီးဟင်းရွက်၊ လပ်ဆတ်တဲ့သစ်သီး အပါဝင် စားစရာအချို့ ခရစ်စမတ်အလွန်မှာ

 

ပြတ်တောက်သွားနိုင်တယ်- လို့ Opie ကပြောပါတယ်။အခု ပိတ်မိနေတဲ့ ထရပ်ကားတွေထဲမှာ ဘာရိက္ခာမှ မရှိဘူး။ ဒီထရပ်ကားတွေ ပိတ်မိ

 

နေရာကနေ အမြန်ထွက်ခွာပြီး စပိန်လိုနေရာမျိုးဆီကနေ စတော်ဘယ်ရီအသီးနဲ့ အခြား ဟင်းသီး ဟင်းရွက်တွေသယ်ပြီး အချိန်မီ ပြန်လာနိုင်ဖို့

 

 

လိုတယ်။ မနက်ဖန်အထိ ဒီလိုမလုပ်နိုင်ဘူးဆိုရင် အခက်အခဲရှိနိုင်တယ်လို့ သူက ထောက်ပြပါတယ်။လန်ဒန်နဲ့ အင်္ဂလန်တောင်ပိုင်းမှာ ကိုရိုနာ

 

ဗိုင်းရပ်စ် မျိုးကွဲသစ်တွေ့ထားတယ်။ ကူးစက်မှု မြန်တယ်ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် ဘော့ရစ် ဂျွန်ဆင်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ ကြေညာပြီး

 

နောက် ပြင်သစ်ဖက်ကနေ အခုလို နယ်စပ်ကို ၄၈ နာရီ အရေးပေါ် ပိတ်လိုက်တာဖြစ်ပါတယ်။ဒါပေမယ့် BioNTech ဆေးကုပဏီ အကြီးအကဲ

 

Ugur Sahin ကတော့ သူတို့ ကုပဏီက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ဒီမျိုးကွဲဗိုင်းရပ်စ်ကိုလည်း ကာကွယ်စွမ်းရှိပါတယ်လို့ ဒီနေ့ (အင်္ဂါနေ့)

 

မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ။

 

Unicode

 


 

 


 


 


 


 


 


 


 

 


 


 


 


 


 


 


 

 


 


 


 


 


 

Credit;

 

 

About the author

admm