Papua New Guinea နိုင်ငံထဲက လူသားစား တာဇံမျိုးနွယ်စုဝင်တွေအကြောင်း
Papua New Guinea နိုင်ငံထဲက လူသားစား တာဇံမျိုးနွယ်စုဝင်တွေအကြောင်း
Credit
Unicode
အင်တာနက်နဲ့ နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေသေးတဲ့ ရှေးဟောင်းလူ့အဖွဲ့အစည်းတွေဟာ အပြင်မှာရှိ
နေသေးတယ်ဆိုတာ ယုံရခက်ခက်ပါပဲ။ မြို့ပြလူနေမှုဘဝတွေနဲ့ ကင်းကွာပြီး တောထဲတောင်ထဲမှာ နေထိုင်ကြတဲ့ သီးခြားမျိုးနွယ်စုတွေဆိုတာ
အပြင်မှာ တကယ်ရှိပါတယ်။ အခုတွေ့ရှိရမှာကတော့ ပါပွာနယူးဂီနီယာနိုင်ငံက ထူးခြားတဲ့ မျိုးနွယ်စုတစ်စုဖြစ်တဲ့ ကိုရိုဝေမျိုးနွယ်စုပဲ ဖြစ်ပါတယ်။
ကိုရိုဝေမျိုးနွယ်စုတွေဟာ တာဇံတွေလိုပဲ တောထဲမှာ ကျင်လည်စွာ ကျက်စားနေထိုင်နိုင်ပါတယ်။ သူတို့ကိုတော့ စနောက်တာ၊ စော်ကားတာ
မျိုး သွားလုပ်လို့မရပါဘူး။ အခန့်မသင့်ရင် ကိုယ့်ကိုတောင် ပြန်စားနိုင်တဲ့ မျိုးနွယ်စုတွေလည်း ဖြစ်ပါတယ်။ ကိုရိုဝေတွေဟာ ၎င်းတို့နေထိုင်
ရာနေအိမ်တွေကို မြေပြင်ကနေ ပေ(၁၄၀) အမြင့်အထိ ဆောက်လုပ်နိုင်ပါတယ်။ အိမ်ဆောက်တဲ့အခါ သစ်ကိုင်းတွေနဲ့ ပတ်ဝန်းကျင်မှာတွေ့
ရှိရတဲ့ ဒေါက်တိုင်တွေကို သုံးပြီး ဆောက်လုပ်ကြပါတယ်။ တစ်နေရာကနေ တစ်နေကို မျောက်တွေလိုပဲ နွယ်ကြိုးတွေနဲ့ လွှဲ လွှဲပြီး ခုန်ကူးလေ့ရှိ
ပါတယ်။ ဆောက်လုပ်ထားတဲ့ အမြင့်ဆုံး သစ်ပင်အိမ်ဟာဆိုရင် အခုတွေ့ရတဲ့အတိုင်းပဲ သစ်ပင်ကြီးတစ်ပင်ရဲ့ ဟိုးထိပ်ဖျားဆီမှာ အတော်
မြင့်မြင့်ကြီး ဆောက်လုပ်ထားတာကို တွေ့ရမှာပါ။ သစ်ပင်အိမ်တွေဟာ ကြည့်ရတာ လျော့တိလျော့ရဲရှိသယောင် ထင်ရပေမယ့် တကယ်တမ်း
မှာတော့ ခိုင်ခံ့တဲ့ သစ်ကိုင်းတွေကို ရွေးပြီးဆောက်လုပ်ထားတာပါ။ ကိုရိုဝေတွေဟာ ဖက်ရှင်အဆင်တန်ဆာအဖြစ်နဲ့ တိရစ္ဆာန်တွေရဲ့ သွားနဲ့
လုပ်ထားတဲ့ လည်ဆွဲတွေကို ဝတ်ဆင်ကြပါတယ်။ တစ်ခါတစ်လေမှာလည်း နှာခေါင်းမှာ အပေါက်ဖောက်ပြီး ဝတ်ဆင်ကြပါတယ်။ အလှအပ
တန်ဆာဆင်တာကတော့ မျိုးနွယ်စုဝင်တွေနဲ့ အဆင့်အတန်းပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ကိုရိုဝေအမျိုးသားတွေဟာ များသောအားဖြင့်
ဝတ်လစ်စလစ်ဖြစ်ပြီး ခါးမှာကြိုးတွေနဲ့ ပြုလုပ်ထားတဲ့ ခါးပတ်တစ်ခုသာ ဝတ်ဆင်ကြပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေကတော့ သစ်ရွကေ်တွနဲ့
လုပ်ထားတဲ့ စကတ်တစ်မျိုးကို ဝတ်ဆင်ကြပါတယ်။ ကလေးတွေကို အရွယ်ငယ်ငယ်ကတည်းက အမဲလိုက်နည်း သင်ပေးထားပါတယ်။ ကိုရို
ဝေမျိုးနွယ်စုတွေကို အမေရိကန် မနုဿဗေဒ ပညာရှင်တစ်ဦးက (၁၉၇၀) ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကိုရိုေ၀ မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်တဲ့
ဘို့စ်ဟာ မျိုးနွယ်စုကို ခွဲခွာပြီး မြို့ကြီး ပြကြီးဆီကို ရောက်လာခဲ့ပါတယ်။ ဘို့စ်ရဲ့ အကူအညီနဲ့ ပညာရှင်တွေဟာ အခုလို တွေ့ရခဲတဲ့ တာဇံကိုရိုဝေတွေ
ကို လေ့လာခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ကိုရိုဝေတွေဟာ လူသားစားတဲ့ မျိုးနွယ်စုဝင်တွေဖြစ်ကြောင်း အထောက်အထားတွေ ရှိပါတယ်။ သူတို့အ
ခေါ်အရ khakhua လို့ ခေါ်တဲ့ စုန်းထီးတွေကို ကြောက်ကြပြီး တကယ်လို့စုန်းထီးလို့ သံသယရှိခဲ့ရင် ၎င်းအမျိုးသားကို ပုဆိန်နဲ့ ခုတ်သတ်ပြီး
အသားကိုတော့ မျိုးနွယ်စုဝင်တွေဟာ မျှဝေစားသုံးကြကြောင်း သိရပါတယ်။
Credit