Life style

ယခုနှစ်ရဲ့ဒေါ်လာ ၂၉.၅ မီလီယံအထိ ဝင်ငွေရှိတဲ့ YouTuber အဖြစ်သတ်မှတ်ခံလိုက်ရတဲ့ အသက် ၉နှစ်အရွယ်ကောင်လေး

Written by admm

 

ယခုနှစ်ရဲ့ဒေါ်လာ ၂၉.၅ မီလီယံအထိ ဝင်ငွေရှိတဲ့ YouTuber အဖြစ်သတ်မှတ်ခံလိုက်ရတဲ့ အသက် ၉နှစ်အရွယ်ကောင်လေး

 

 

အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် Ryan Kajiအမည်ရှိကောင်လေးတစ်ဦးဟာယခုနှစ်အတွက်

 

ဝင်ငွေအမြင့်ဆုံး YouTuber အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ Ryan ရဲ့ YouTube channel ဟာ ဒေါ်လာ ၂၉.၅ သန်းကျော်ရရှိပြီး

 

သုံးနှစ်ဆက်တိုက်လုံး ပထမနေရာမှာ ရပ်တည်နေခဲ့ပါတယ်။Ryan ဟာ အစပိုင်းမှာ ကစားစရာများကို ၎င်းတို့ရဲ့အထုပ်များမှထုတ်ယူ

 

 

 

ပြီး ပြန်လည်သုံးသပ်တဲ့ unboxing ဗီဒီယိုများကို ဝေမျှပြီးနောက် ကြော်ငြာ စပွန်ဆာများစွာကို ဆွဲဆောင်စေခဲ့ပြီး အခုဆိုရင်တော့

 

သူ့မှာ ကုန်ပစ္စည်းများ ၊ ကစားစရာများ၊ ကျောပိုးအိတ်များ နှင့် သွားတိုက်ဆေးများ စတဲ့စပွန်ဆာများစွာ ရရှိလာခဲ့ပြီး Nickelodeon

 

channel မှာ TV စီးရီးတစ်ခုလည်း ရှိနေပါပြီ။အဆိုပါရုပ်သံလိုင်းကလည်း စပွန်ဆာအမြောက်အမြားကို ဆွဲဆောင်နေခဲ့ပါတယ်။ယခု

 

 

 

အချိန်မှာ Ryan ရဲ့ Ryan’s World YouTube channel ဟာ subscribers ပေါင်း ၄၁.၇ သန်း နှင့် ၁၂.၂ ဘီလီယံ viewအထိ ရှိနေပါ

 

တယ်။Ryan ရဲ့မိသားစုက မတူတဲ့ YouTube channel ၉ခုကို အတူတကွ run ပေးခဲ့ကြပြီး Kaji အမည်ရှိတဲ့Ryan ရဲ့onlineနာမည်

 

ကို Guan ဆိုတဲ့အမည်သစ်အဖြစ် ပြောင်းလဲပေးခဲ့ကြပါတယ်။Forbes စီးပွါးရေးမဂ္ဂဇင်းရဲ့ ” YouTube ရဲ့အကြီးမားဆုံးကြယ်ပွင့်သစ်”

 

 

 

စာရင်းအရ နံပါတ် ၂ နေရာမှာ ဒေါ်လာ ၂၄ သန်းဖြင့်  Jimmy Donaldson a.k.a. Mr Beast  ကရပ်တည်နေခဲ့ပြီး  Dude Perfect   က

 

နံပါတ် ၃ နေရာမှာ ဒေါ်လာ ၂၃ သန်း ၊ Rhett & Link ကနံပါတ် ၄နေရာမှာဒေါ်လာသန်း၂၀အထိရပ်တည်နေခဲ့ကြပြီး Mark Fischbach

 

(Markiplier) က ဒေါ်လာ ၁၉.၅ သန်းဖြင့် နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။ထို့အပြင် Forbes ရဲ့ဖော်ပြချက်အရ YouTube မှာ Nastya

 

လို့လူသိများတဲ့ အသက် ၆နှစ်အရွယ် Anastasia Radzinskaya အမည်ရှိတဲ့ ရုရှားကလေးမလေးကလည်း ဒေါ်လာ ၁၈.၅ သန်း အထိရရှိနေခဲ့ပါတယ်။

 

Unicode

 


 

 

 


 


 


 

 

 


 


 


 

 

 


 


 


 

 

 


 


 


 


 

Credit;

 

About the author

admm