NEWS

“ယူကေနိုင်ငံနှင့် ဩစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်စ် ပြည်နယ်များမှ ခရီးသွားများကို စင်ကာပူ ပြည်ဝင်ခွင့်နှင့် ခရီးစဉ်အကူးအပြောင်းလုပ်ခွင့်ပိတ်ပင်”

Written by admm

“ယူကေနိုင်ငံနှင့် ဩစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်စ် ပြည်နယ်များမှ ခရီးသွားများကို စင်ကာပူ ပြည်ဝင်ခွင့်နှင့် ခရီးစဉ်အကူးအပြောင်းလုပ်ခွင့်ပိတ်ပင်”

 

 

ကူးစက်မြန် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ကို ယူကေနိုင်ငံတွင် တွေ့ရှိခဲ့ပြီးနောက် လွန်ခဲ့သော ၁၄ ရက် အတွင်းက ယူကေနိုင်ငံသို့

 

ခရီသွားမှတ်တမ်းရှိသည့် Long-term pass holders နှင့် short-term visitors များကို ဒီဇင်ဘာ ၂၃ ရက်၊ ည ၁၁း၅၉ မိနစ်မှ စတင်

 

၍ စင်ကာပူ ပြည်ဝင်ခွင့်နှင့် ခရီးစဉ်အကူးအပြောင်းလုပ်ခွင့်ပိတ်ပင်လိုက်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ ကနေ့ သတင်း

 

ထုတ်ပြန်သည်။ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေသည့် ဩစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်စ် ပြည်နယ်သို့ လွန်ခဲ့သော ၁၄ ရက်

 

အတွင်း ခရီသွားမှတ်တမ်းရှိသည့် Long-term pass holders နှင့် short-term visitors များကို ဒီဇင်ဘာ ၂၃ ရက်၊ ည ၁၁း၅၉ မိနစ်

 

 

မှ စတင်၍ စင်ကာပူ ပြည်ဝင်ခွင့်နှင့် ခရီးစဉ်အကူးအပြောင်းလုပ်ခွင့်ပိတ်ပင်လိုက်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ ကနေ့

 

သတင်းထုတ်ပြန်သည်။ “ဒီဇင်ဘာ (၂၂) ၊ စင်ကာပူတွင် ရောဂါပိုးတွေ့ လူနာ (၂၉) ဦးရှိ၊ အားလုံးသည် Imported cases များဖြစ်”

စင်ကာပူတွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ထပ်တိုးရောဂါသည် (၂၉) ဦး တွေ့ရှိကြောင်းသိရပြီး ရောဂါကူးစက်ခံရသူ

 

စုစုပေါင်း (58,461) ဦး ရှိသွားပြီဖြစ်သည်။ ယမန်နေ့ကအထိ ရောဂါပိုးကင်းစင်သူ စုစုပေါင်း (58,287) ဦးနှင့် သေဆုံးသူ စုစုပေါင်း

 

 

(29) ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ယနေ့ကူးစက်မှုသည် Community အတွင်းမှ (၀) ဦး၊ အလုပ်သမားအဆောင်မှ (၀) ဦး နှင့်

 

Imported cases (၂၉) ခု ဖြစ်သည်။ အသေးစိတ် အချက်အလက်ကို စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ ညပိုင်းတွင် သတင်းထုတ်ပြန်မည်။

 

Unicode

 


 

 


 


 


 


 


 

 


 



 


 

 


 


 

Credit;

About the author

admm