ဝက်ခြံအမာရွတ်တွေကို အရှင်းပျောက်ကင်းစေဖို့…

ဝက်ခြံအမာရွတ်တွေကို အရှင်းပျောက်ကင်းစေဖို့…

 

 

ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့နေရာမှာ အဓိကကမျက်နှာကိုသန့်သန့်ရှင်းရှင်းမထားတဲ့အတွက်ဖြစ်ပါတယ်။နောက်ပြီး

 

မိတ်ကပ်မဖျတ်ဘဲ အိပ်ရာဝင်တာ၊အပူအစပ်အငံတို့လို အစားအသောက်တွေကိုမဆင်မခြင် စားတာတွေအပြင် ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့

 

အခါတွေမှာလည်း ဝက်ခြံပေါက်လေ့ရှိပါတယ်။ ဝက်ခြံပေါက်တဲ့အခါ လက်နဲ့မကြာခဏကိုင်တွယ်ပွတ်သပ်တာမျိုးကိုအထူးသတိထားရှောင်ကြဉ်

 

သင့်ပါတယ်။ လက်နဲ့ ဝက်ခြံကိုညှစ်တာကဝက်ခြံပျောက်ဖို့အချိန်ကြာနိုင်သလို ပျောက်ကင်းသွားတဲ့နောက်ပိုင်းမှာလည်း အမဲစက်တွေ အမာ

 

ရွတ်တွေကျန်ခဲ့လေ့ရှိပါတယ်။ မျက်နှာမှာ ဝက်ခြံအမာရွတ်တွေ ရှိနေရင် ပျိုမေတို့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထား နိုင်တော့မှာမဟုတ်ပါ

 

 

ဘူး။ ဒါကြောင့် ပျိုမေတို့ရဲ့အလှတရားကို ဖျက်ဆီးနေတဲ့ ဝက်ခြံအမာရွတ်တွေကိုဖယ်ရှားပေးနိုင်တဲ့နည်းလမ်းကောင်းလေးတွေကိုမျှဝေပေး

 

ရခြင်းဖြစ်ပါတယ်။ တကယ်လိုလွယ်ကူတဲ့ ကိုယ်တိုင်လည်းလိုက်လုပ်နိုင်တဲ့နည်းလမ်းကောင်းလေးတွေဖြစ်လို့ လက်တွေ့စမ်းကြည့်ဖို့လည်းမမေ့

 

နဲ့နော်…

 

၁.လိမ္မော်ခွံအမှုန့်

 

.လိမ္မော်သီးကိုစားပြီး အခွံကိုဘယ်လိုအသုံးချရမလဲမသိဘူးဆိုရင်တော့ လိမ္မော်ခွံကိုဝက်ခြံအမာရွတ်တွေအတွက်အသုံးပြုနိုင်တဲ့အကြောင်းေ

 

လးပြောပြပေးချင်ပါတယ်။လိမ္မော်ခွံကိုအခြောက်လှမ်းပြီး အမှုန့်ကျိတ်လိုက်ပါ၊ ပြီးရင်တော့ အဲဒီလိမ္မော်ခွံအမှုန့်ကို ပျားရည်စစ်စစ် ၁ ဇွန်းနဲ့ရောေ

 

မွှပြီး အမာရွတ်ရှိတဲ့နေရာလေးတွေကိုလိမ်းပေးရုံပါပဲ။ နည်းလမ်းလေးကအရမ်း လွယ်ကူ ပါတယ်နော်။ လိမ်းထားတာလေးတွေ ခြောက်သွားတော့

 

မှ ပြန်ပြီးမျက်နှာသစ်ချပေးရမှာပါအ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ် ကို လေးကြိမ် အထိ ပုံမှန် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ် ။ လိမ္မော်သီးမှာအာ

 

နိသင်တွေရှိသလို သူ့ရဲ့အခွံမှာလည်း အာနိသင်တွေအများကြီးရှိပါတယ်။ လိမ္မော်ခွံက ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကိုသိသိသာသာပျောက်

 

ကင်းစေတဲ့အာနိသင်ရှိတာဖြစ်လို့ ဒီနည်းလမ်းလေးကိုမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။

 

 

၂.အုန်းဆီ

 

အလှအပရေးရာကုထုံးတွေမှာ အုန်းဆီကတော့မပါမဖြစ်ပါပဲ။ ဝက်ခြံအမာရွတ်တွေကိုကုသတဲ့နေရာမှာတော့အုန်းဆီစစ်စစ်ကို လက်ဖဝါးထဲထည့်

 

ပြီး နွေးသွားတဲ့အထိ လက်ဖဝါးနှစ်ဖက်ကိုပွတ်ပေးရပါမယ်။ အဲဒီလို အနွေးဓာတ် ရထားတဲ့ အုန်းဆီကို မှ ဝက်ခြံအမာရွတ်တွေ ရှိတဲ့ နေရာအနှံ့ကို

 

လိမ်းပေးရမှာဖြစ်ပါတယ်။ တကယ်ကိုလွယ်လွယ်လေးနော်။ ဒီနည်းလေးကိုတော့ ညတိုင်း အိပ်ရာမဝင်ခင်မှာ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ပျောက်

 

ဖို့ခဲယဉ်းနေတဲ့ အမာရွတ်တွေ ကြာကြာနေနိုင်တော့မှာမဟုတ်ပါဘူး။

 

၃.ရှားစောင်းလက်ပတ်ဂျယ်

 

ရှားစောင်းလက်ပတ်ဂျယ်ကိုအလှအပရေးရာအတွက်အသုံးပြုနိုင်သလို ကျန်းမာရေးအတွက်လည်းကျိုချက်စားနိုင်ပါတယ်။ ကျန်းမာရေးဆေး

 

စွမ်းကောင်းတစ်လက်ဖြစ်လို့ သဘာဝကပေးတဲ့ လက်ဆောင်ဆိုရင်လည်းမမှားပါဘူး။ ဝက်ခြံအမာရွတ်တွေအတွက် ရှားစောင်းလက်ပတ်ဂျယ်

 

ကိုအသုံးပြုနည်းကလည်းလွယ်ပါတယ်။ ရှာေးစာင်းလက် ပတ်ဂျယ်ကို ဝက်ခြံအမာရွတ်ရှိတဲ့နေရာတွေမှာ အသားထဲစိမ့်ဝင်အောင်စက်ဝိုင်းပုံစံ

 

ပွတ်လိမ်း ပေးရမှာပဲဖြစ်ပါတယ်။ ရလဒ်ကောင်းကိုခံစားချင်ရင်တော့ ကိုယ်တိုင်လက်တွေ့သာ လုပ်ကြည့်လိုက်ပါနော်။

 

 

၎.သံပုရာသီး

 

Vitamin C ဓာတ် အကြွယ်ဝဆုံးအသီးလို့ပြောလိုက်ရင်သံပုရာသီးကိုပြေးမြင်မိကြမှာပါ။ ဒီလို မျိုး Vitamin C ဓာတ် ကြွယ်ဝတဲ့ သံပုရာသီးက

 

ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းလျော့ပါးသက်သာသွားစေတဲ့ အစွမ်းအာနိသင်ရှိပါတယ်။ ဒါကြောင့်ကုသနည်းလေး ကိုလည်း‌ပြောပြပေး

 

ချင်ပါတယ်။ သံပုရာသီးတစ်လုံးကို ထက်ခြမ်း ခြမ်းပြီး အရည်တွေ ညှစ်ပါ။ ရလာတဲ့ အရည်ထဲကို ကော်တွန်ပတ်စိမ်ပြီး ကော်တွန်ပတ်လေးနဲ့

 

အမာရွတ်တစ်ဝိုက်ကိုခပ်ဖွဖွလေး လိမ်းပေးရမှာဖြစ်ပါတယ်။ သံပုရာရည်မှာအက်ဆစ်ဓာတ်ပါတာကြောင့် အရေပြားကိုကြမ်းကြမ်းတမ်းတမ်း

 

ပွတ်ဆွဲလိမ်းမယ်ဆိုရင် အရေပြားတွေစပ်တာ၊ နီမြန်းတာမျိုးဖြစ်စေနိုင်ပါတယ်။ သံပုရာရည်လိမ်းပြီးသွားရင် ဆယ်မိနစ်လောက်ထားပြီးမှ မျက်နှာ

 

သစ်လိုက်ရမှာဖြစ်ပါတယ်။ အမာရွတ်အနည်းအများပေါ်မူတည်ပြီး တစ်ပတ်ကို နှစ်ကြိမ်ကနေ လေးကြိမ်အထိလမ်းပေးရင်လုံလောက်ပါတယ်။

 

Credit