INTERNATIONAL NEWS

ထိုင္းဘုရင္ ၾကင္ယာေတာ္ ဆီနီနတ္ရဲ့ ဝတ္လစ္စလစ္ ဓါတ္ပုံအမ်ားအျပား ေပါက္ၾကား

Written by admm

 

ထိုင္းဘုရင္ ၾကင္ယာေတာ္ ဆီနီနတ္ရဲ့ ဝတ္လစ္စလစ္ ဓါတ္ပုံအမ်ားအျပား ေပါက္ၾကား

 

 

ထိုင္းဘုရင္ မဟာဗာဂ်ီရာေလာင္ကြန္းရဲ့ တရားဝင္ ၾကင္ယာေတာ္ ဆီနီနတ္ရဲ့ ဝတ္လစ္စလစ္ဓါတ္ပုံ ရာေပါင္းမ်ားစြာဟာ ဘုရင့္စနစ္ဆန္

 

က်င္ေရးလႈပ္ရွားသူေတြဆီ ေပါက္ၾကားခဲ့တယ္လို႔ သိရပါတယ္။ ၾကင္ယာေတာ္ ဆီနီနတ္ ေဝါင္ဗာဂ်ီရာပတ္ဒီရဲ့ လိင္ပိုင္းဆိုင္ရာဓါတ္ပုံေတြ

 

၁၄၀၀ ေက်ာ္ေလာက္ရွိၿပီး ယခုႏွစ္အေစာပိုင္းက ျပည္ပမွာေနထိုင္တဲ့ ထိုင္းဘုရင္စနစ္ေဝဖန္သူေတြဆီ ေပါက္ၾကားခဲ့တယ္လို႔ daily

 

beast သတင္းက ေဖာ္ျပသြားပါတယ္။ ေပါက္ၾကားလာတဲ့ ဓါတ္ပုံေတြက အိုင္ဖုန္း ေလးလုံးကေန ဓါတ္ပုံ ၁၄၀၀ ေတြပါ။ အဲဒီအထဲက ဓါတ္

 

ပုံတခ်ိဳ႕က အရမ္း ရွင္းလင္းျပတ္သားေနတယ္လို႔ ဓါတ္ပုံရရွိခဲ့တဲ့ ၿဗိတိန္ဂ်ာနယ္လစ္ အန္ဒ႐ူး မက္ခရီေဂၚ မာရွယ္က ေျပာပါတယ္။ ၿဗိတိန္ဂ်ာ

 

 

နယ္လစ္ မာရွယ္ဟာ ထိုင္းဘုရင္စနစ္ကို ေဝဖန္ေရးေဆာင္းပါးေတြ တင္ဆက္ေနသူတစ္ဦး ျဖစ္ပါတယ္။ ဒီဓါတ္ပုံေတြ ပါတဲ့ SD တစ္ခုကို

 

အမည္မပါတဲ့ လိပ္စာအတုကေန သူ႔ဆီက ပို႔လိုက္တယ္လို႔ မာရွယ္က ေျပာပါတယ္။ မာရွယ္က ဒီလိပ္စာဟာ ဘာလင္မွာ ရွိတဲ့ ဂ်ာမန္ေထာက္

 

လွမ္းေရးဌာနခ်ဳပ္နဲ႔ ဆက္ႏြယ္တဲ့ လိပ္စာတုတစ္ခုလို႔ ယူဆထားေၾကာင္း Daily Beast သတင္းကို ေျပာပါတယ္။ ဒီဓါတ္ပုံေတြဟာ ခြင့္ျပဳခ်က္

 

မရဘဲ ကၽြန္ေတာ့္ဆီပို႔လိုက္တာ၊ ထိုင္းနန္းေတာ္ထဲက ၿပိဳင္ဆိုင္မႈေတြနဲ႔ သက္ဆိုင္မယ္ထင္တယ္။ ဒါေတြကို မထုတ္ေဝဖို႔ ဆုံးျဖတ္ထားတယ္

 

လို႔ မာရွယ္က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္လကလည္း လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ စာတစ္ခု လက္ခံရရွိခဲ့တယ္လို႔ မာရွယ္က ေျပာၿပီး အဲဒီအခ်ိန္

 

 

က အသက္ ၃၅ ႏွစ္အရြယ္ ဆီနီနတ္ဟာ ထိုင္းၾကင္ယာေတာ္ ရန္ၿငိဳးထားမႈေၾကာင့္ နန္းခ်ခံရၿပီးေနာက္ အေဆာင္အေယာင္ေတြ ျပန္အပ္ႏွင္း

 

ခံရတဲ့အခ်ိန္လို႔ သိရပါတယ္။ ၂၀၁၉ ခုႏွစ္က ဆီနီနတ္ဟာ ထိုင္းကိုယ္ရံေတာ္တပ္မွာ ဗိုလ္မႉးခ်ဳပ္အျဖစ္ ရာထူးခန႔္အပ္ခဲ့ရၿပီးေနာက္ ထိုင္းဘုရင္

 

တရားဝင္ ၾကင္ယာေတာ္အျဖစ္ တင္ေျမႇာက္ျခင္းခံရပါတယ္။ အဲဒီႏွစ္ ေအာက္တိုဘာမွာပဲ မိဘုရားရာထူး လုယူဖို႔ ႀကိဳးစားတယ္ဆိုတဲ့ စြပ္စြဲခ်က္

 

နဲ႔ ျပည္ႏွင္ဒဏ္ေပးခံရတယ္လို႔ သိရပါတယ္။ ယခုႏွစ္ ၂၀၂၀ ဇူလိုင္လထဲမွာပဲ ဆီနီနတ္ကို ေခ်ာင္ခြန္ဖရာဘြဲ႕ အပ္ႏွင္းၿပီး အရင္လို အေ

 

ဆာင္အေယာင္ေတြ ျပန္အပ္ႏွင္းခဲ့ေၾကာင္း သိရပါတယ္။ မာရွယ္က ဒီဓါတ္ပုံေတြ လူသိရွင္ၾကားထုတ္ျပန္ျခင္း မလုပ္ခဲ့ေပမယ့္ တျခားျပည္

 

 

ပမွာ ထိုင္းဘုရင္ကို ေဝဖန္ခဲ့တဲ့ ပါဗင္ ခ်ာခ်ာဗယ္ပြန္ပြန္လည္း ဓါတ္ပုံေတြ ရရွိထားတယ္လို႔ နယူးေယာက္ပို႔စ္သတင္းမွာ ေဖာ္ျပထားပါတယ္။

 

 

Credit

 

 

 

Unicode

 

ထိုင်းဘုရင် ကြင်ယာတော် ဆီနီနတ်ရဲ့ ဝတ်လစ်စလစ် ဓါတ်ပုံအများအပြား ပေါက်ကြား

 

 

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ တရားဝင် ကြင်ယာတော် ဆီနီနတ်ရဲ့ ဝတ်လစ်စလစ်ဓါတ်ပုံ ရာပေါင်းများစွာဟာ ဘုရင့်စနစ်

 

ဆန်ကျင်ရေးလှုပ်ရှားသူတွေဆီ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။ ကြင်ယာတော် ဆီနီနတ် ဝေါင်ဗာဂျီရာပတ်ဒီရဲ့ လိင်ပိုင်းဆိုင်ရာ

 

ဓါတ်ပုံတွေ ၁၄၀၀ ကျော်လောက်ရှိပြီး ယခုနှစ်အစောပိုင်းက ပြည်ပမှာနေထိုင်တဲ့ ထိုင်းဘုရင်စနစ်ဝေဖန်သူတွေဆီ ပေါက်ကြားခဲ့တယ်

 

လို့ daily beast သတင်းက ဖော်ပြသွားပါတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေက အိုင်ဖုန်း လေးလုံးကနေ ဓါတ်ပုံ ၁၄၀၀ တွေပါ။ အဲဒီအ

 

ထဲက ဓါတ်ပုံတချို့က အရမ်း ရှင်းလင်းပြတ်သားနေတယ်လို့ ဓါတ်ပုံရရှိခဲ့တဲ့ ဗြိတိန်ဂျာနယ်လစ် အန်ဒရူး မက်ခရီဂေါ် မာရှယ်က ပြောပါ

 

 

တယ်။ ဗြိတိန်ဂျာနယ်လစ် မာရှယ်ဟာ ထိုင်းဘုရင်စနစ်ကို ဝေဖန်ရေးဆောင်းပါးတွေ တင်ဆက်နေသူတစ်ဦး ဖြစ်ပါတယ်။ ဒီဓါတ်ပုံတွေ

 

ပါတဲ့ SD တစ်ခုကို အမည်မပါတဲ့ လိပ်စာအတုကနေ သူ့ဆီက ပို့လိုက်တယ်လို့ မာရှယ်က ပြောပါတယ်။ မာရှယ်က ဒီလိပ်စာဟာ ဘာ

 

လင်မှာ ရှိတဲ့ ဂျာမန်ထောက်လှမ်းရေးဌာနချုပ်နဲ့ ဆက်နွယ်တဲ့ လိပ်စာတုတစ်ခုလို့ ယူဆထားကြောင်း Daily Beast သတင်းကို ပြောပါ

 

တယ်။ ဒီဓါတ်ပုံတွေဟာ ခွင့်ပြုချက်မရဘဲ ကျွန်တော့်ဆီပို့လိုက်တာ၊ ထိုင်းနန်းတော်ထဲက ပြိုင်ဆိုင်မှုတွေနဲ့ သက်ဆိုင်မယ်ထင်တယ်။

 

ဒါတွေကို မထုတ်ဝေဖို့ ဆုံးဖြတ်ထားတယ်လို့ မာရှယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း လျို့ဝှက်ဆန်းကြယ်တဲ့ စာတစ်ခု လက်

 

 

ခံရရှိခဲ့တယ်လို့ မာရှယ်က ပြောပြီး အဲဒီအချိန်က အသက် ၃၅ နှစ်အရွယ် ဆီနီနတ်ဟာ ထိုင်းကြင်ယာတော် ရန်ငြိုးထားမှုကြောင့် နန်းချခံ

 

ရပြီးနောက် အဆောင်အယောင်တွေ ပြန်အပ်နှင်းခံရတဲ့အချိန်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်က ဆီနီနတ်ဟာ ထိုင်းကိုယ်ရံတော်တပ်မှာ

 

ဗိုလ်မှူးချုပ်အဖြစ် ရာထူးခန့်အပ်ခဲ့ရပြီးနောက် ထိုင်းဘုရင် တရားဝင် ကြင်ယာတော်အဖြစ် တင်မြှောက်ခြင်းခံရပါတယ်။ အဲဒီနှစ် အောက်

 

တိုဘာမှာပဲ မိဘုရားရာထူး လုယူဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်နှင်ဒဏ်ပေးခံရတယ်လို့ သိရပါတယ်။ ယခုနှစ် ၂၀၂၀ ဇူလိုင်လထဲ

 

မှာပဲ ဆီနီနတ်ကို ချောင်ခွန်ဖရာဘွဲ့ အပ်နှင်းပြီး အရင်လို အဆောင်အယောင်တွေ ပြန်အပ်နှင်းခဲ့ကြောင်း သိရပါတယ်။ မာရှယ်က ဒီဓါတ်ပုံ

 

 

တွေ လူသိရှင်ကြားထုတ်ပြန်ခြင်း မလုပ်ခဲ့ပေမယ့် တခြားပြည်ပမှာ ထိုင်းဘုရင်ကို ဝေဖန်ခဲ့တဲ့ ပါဗင် ချာချာဗယ်ပွန်ပွန်လည်း ဓါတ်ပုံတွေ

 

ရရှိထားတယ်လို့ နယူးယောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

 

Credit

About the author

admm