Credit
Unicode
ကျိုက်ထီးရိုးစေတီတော် ဇန်နဝါရီလ(၁)ရက်နေ့ ပြန်ဖွင့်မည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဂေါပကအဖွဲ့ပြော
ကျိုက်ထီးရိုးစေတီတော်ကြီးကို ဇန်နဝါရီလ (၁)ရက်နေ့ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းမှာ မဟုတ်မှန်ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်
ဦးစိုးနိုင်က ပြောပါတယ်။ “သတင်းအမှားတွေကို အင်တာနက်တင်နေတာပါဗျာ။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ ကျွန်
တော်ဆီကို တက်လာမှာစိုးလို့ ကိုဗစ်ကော်မတီနဲ့ ညှိနှိုင်းပြီးတော့တောင် ခြေလျင်တောင်တက်လမ်းကိုပါ ပိတ်ထားတာပါ။ မဖွင့်သေး
ပါဘူး။ ဖွင့်ရမယ့်ရက်ကိုလည်း မညွှန်ကြားသေးပါဘူး။”လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိုးနိုင်က ပြောပါတယ်။ ကိုဗစ်ကာလမှာ
ကျိုက်ထီးရိုးစေတီတော် ခြေလျင် တောင်တက်လမ်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်ထား
ပေမယ့်လည်း Christmas နဲ့ နှစ်သစ်ကူးကာလတွေမှာ လူစုလူဝေး မဖြစ်စေရေးနဲ့ COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် ဒီဇင်
ဘာ ၂၂ နေ့ကစပြီး ခေတ္တပိတ်ထားတယ်လို့ သိရပါတယ်။ “ကျိုက်ထီးရိုးက လက်ရှိမှာ ကိုဗစ်ကင်းလွတ်နယ်မြေဖြစ်နေတယ်။ သန့်စင်
နေတဲ့ နယ်မြေဖြစ်နေတယ်။ ဖွင့်ဖို့လဲ ကျွန်တော်တို့ စီမံချက်တွေအကုန်လုံး ရေးဆွဲပြီး တင်ထားပြီးပါပြီ။ ဒါပေမယ့် ညွှန်ကြားချက်တစ်စုံ
တစ်ရာ မလာပဲနဲ့ တစ်စုံတစ်ခုဖြစ်လာလို့ရှိရင် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လာမယ်။ တကယ်တမ်း ရွှေတိဂုံတို့ မဟာမြတ်မုနိတို့ ပြန်ဖွင့်
မယ့်အချိန်မှာ ကျိုက်ထီးရိုးပြန်ဖွင့်ဖို့ အခက်ခဲဖြစ်မှာ ကြောက်တဲ့အတွက် ကိုဗစ်စည်းကမ်းအတိုင်း လိုက်နာပြီပိတ်လိုက်တာ ဖွင့်မယ့်ရက်
ကို ကျွန်တော်တို့ ကြေညာပေးပါမယ်။” လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိုးနိုင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရ စေတီတော်တစ်
ဆူဖြစ်တဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကို ဖူးမြော်သူ များပြားလွန်းတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းစဉ်
တွေနဲ့ သွေဖီနေတဲ့အတွက် မတ်လ(၂၁)ရက်နေ့ကစပြီး တောင်တက်ကားလမ်းတွေကို ပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။
Credit