စင်ကာပူတွင် ဗြိတိန်က လာတဲ့ ကျောင်းသူတစ်ဦးမှာ မျိုးဗီဇကွဲ ကိုဗစ်အမျိုးအစားသစ်ကူးစက်ခံရကြောင်း အတည်ပြု

စင်ကာပူတွင် ဗြိတိန်က လာတဲ့ ကျောင်းသူတစ်ဦးမှာ မျိုးဗီဇကွဲ ကိုဗစ်အမျိုးအစားသစ်ကူးစက်ခံရကြောင်း အတည်ပြု

 

 

ဗုဒ္ဓဟူးနေ့က စင်ကာပူမှာ မျိုးဗီဇကွဲကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတစ်ဦး ပထမဆုံး တွေ့ရှိခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက

 

အတည်ပြု ပြောကြားခဲ့ပါတယ်။ ကူးစက်ခံရသူဟာ မကြာသေးခင်က ယူကေမှာ ပညာသင်ကြားပြီး ပြန်လာခဲ့တဲ့ ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦး

 

ဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ ဒီဇင်ဘာ ၆ ရက်နေ့က စင်ကာပူကို ပြန်ရောက်ခဲ့ပြီးနောက် သီးသန့်ကွာရန်တင်းနေထိုင်နေသူ ဖြစ်တယ်လို့

 

သိရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ယူကေမှာ ပျံ့နှံ့နေတဲ့ B117 အမျိုးအစားဖြစ်ပြီး အမျိုးသားပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းမှာ ဥရောပကနေ မကြာခင်

 

က ရောက်ရှိလာသူဆီမှာ မျိုးဗီဇကွဲ ကိုဗစ်၁၉ ကူးစက်ခံထားရကြောင်း အတည်ပြုဖို့ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါ

 

 

တယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၇ ရက်အတွင်း ဥရောပနိုင်ငံတွေကနေ စင်ကာပူကို ရောက်ရှိလာသူ ၃၁ ဦး ယခုလအတွင်း

 

ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။ အဲဒီအထဲက ၁၂ ဦးက B117 အမျိုးအစားကူးစက်ထားခြင်းမရှိဘဲ တစ်ဦးထဲ

 

ကူးစက်ထားတယ်လို့ သိရပါတယ်။ နောက်ထပ် စမ်းသပ်နေတဲ့ ၁၁ ဦးမှာ B117 အမျိုးအစား ကူးစက်ခံရခြင်းရှိမရှိ အတည်ပြုဖို့ စောင့်ဆိုင်းနေ

 

ပြီး ၅ ဦးကတော့ ဗိုင်းရပ်စ်ပမာဏာ နည်းပါးနေတာကြောင့် မဖော်ထုတ်နိုင်သေးကြောင်း MOH က ထုတ်ပြန်ထားပါတယ်။ နောက်ဆုံး

 

ရောက်လာသူ ၂ ဦးကိုတော့ စမ်းသပ်မှု မလုပ်ရသေးဘူးလို့လည်း ဆိုထားပါတယ်။ လက်ရှိမှာတော့ ဗြိတိန်မှာ ဆိုးဆိုးရွားရွားကူးစက်မြန်နေ

 

တဲ့ B117 အမျိုးအစား စင်ကာပူပြည်တွင်း ကူးစက်နေတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့လည်း MOH က ပြောပါတယ်။ ကူးစက်သူ

 

အားလုံးကို စင်ကာပူ ရောက်ပြီး ၁၄ ရက် ကွာရန်တင်း သီးသန့်ဝင်နေသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ထိတွေ့ဆက်ဆံသူ အားလုံးကိုလည်း

 

စောစောစီးစီး ကွာရန်တင်းဝင်ထားတယ်လို့လည်း သိရပါတယ်။ စင်ကာပူမှာ B117 ဗိုင်းရပ်သစ် ပျံ့နှံ့မှု လျော့ချနိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အေ

 

နနဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့စပြီး ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ယူကေမှာ နေထိုင်ခဲ့တဲ့ ခရီးသည်အားလုံး ဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ ဗြိတိန်

 

က ပြန်လာတဲ့ စင်ကာပူနိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေကိုလည်း လေဆိပ်မှာ ကိုဗစ်-၁၉ စစ်ဆေးမှု မဖြစ်မနေ ခံယူဖို့ လိုအပ်သလို

 

နေအိမ်မှာ ၁၄ ရက်ကြာ ကွာရန်တင်း သီးသန့်နေထိုင်ဖို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်

 

Credit