Amazing
Written by admm
Unicode
ထူးထူးဆန်းဆန်း ကျောကုန်းမှာ ပဲပင်ပေါက်နေတဲ့ လယ်ကြွက်ကလေး
အိန္ဒိယနိုင်ငံက လယ်သမားကြီးတစ်ဦးဟာ သူ့ရဲ့  ပဲပိစပ်အခင်းတွေကို သွားစစ်ဆေးရင်း မမျှော်လင့်ပဲအံ့အားသင့်စရာ အဖြစ်အပျက်နဲ့
တွေ့ကြုံခဲ့ရပါတယ်။ သူတွေ့လိုက်ရတာက ကျောကုန်းမှာပဲပိစပ်ပင်ပေါက်တစ်ပင်ပေါက်နေတဲ့ ကြွက်ကလေးတစ်ကောင်ပါ။ဒါတာဆင်း
ဆိုသူယင်းလယ်သမားကြီးဟာအိန္ဒိယနိုင်ငံမက်ဒရာပရာဒက်ရှ်ပြည်နယ် ရက်တ်လန်ခရိုင် သူ့အခင်းတွေထဲမှာပဲပိစပ်ပင်တွေကိုစိုက်
ပျိုးထားပါတယ်။ တစ်နေ့မှာသူ့အခင်းတွေထဲသွားစစ်ရင်း ကျောမှာပဲပင်ပေါက်နေတဲ့ သနားစရာကြွက်ကလေးတစ်ကောင်ကိုတွေ့ခဲ့တာ
ဖြစ်ပါတယ်။ ကြွက်ကလေးကိုတော့ ဒါတာရဲ့ အိမ်နီးချင်းတွေဟာဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ကြွက်ကလေးဟာပဲပင်ကြောင့် အလွန်အမင်း
နာကျင်နေပုံရပြီး ပဲညှောင့်က တဖြည်းဖြည်းနဲ့ ကြီးထွားလာနေတာကို ကြိတ်ခံနေရပါတယ်။ ကြွက်ကလေးဟာ သူ့ကို လူတွေဝိုင်းပြီး ကြည့်နေ
ပေမယ့် ထွက်ပြေးဖို့တောင် မကြိုးစားခဲ့ပါဘူး။ မျက်လုံးအပြူးသားလေးနဲ့ ကင်မရာကို ကြည့်နေတဲ့ ကြွက်ကလေးဟာလှုပ်တောင်မလှုပ်နိုင်ဘဲ
လူတွေကိုပဲပင်ကြီးဖယ်ရှားပေးဖို့အသနားခံနေတယ်လို့တောင်ထင်ရပါတယ်။ဗီဒီယိုထဲမှာတော့ လယ်သမားတွေဟာကြွက်ကလေးကိုကိုယ်
တစ်ဖက်လှန်ပြီး ပဲပင်ပေါက်ရာနေရာကို အသေအချာ ကြည့်နေကြတာလည်း တွေ့ရမှာပါ။ ဒါပေမယ့် ထူးခြားစွာပဲ ပဲပင်ဟာ ကြွက်ကလေးရဲ့
ကျောပေါ်မှာ အသေအချာကိုပေါက်နေပြီး ကြီးထွားလာဖို့ပြင်ဆင်နေတာပါ။လယ်သမားကြီးကတော့ ကြွက်ကလေးဟာကျောကုန်းမှာဒဏ်ရာ
ရခဲ့မည်ဖြစ်ကြောင်းနဲ့ ပဲစေ့တစ်စေ့ဟာ ကြွက်ကလေးရဲ့ ကျောကုန်းပေါ်ကပွင့်နေတဲ့အနာထဲကိုဝင်သွားပြီးအပင်ဟာတဖြည်းဖြည်းနဲ့ ကြီးထွား
လာတယ်လို့ သူယူဆကြောင်း ပြောပြခဲ့ပါတယ်။လယ်သမားကြီး ဒါတာဆင်းဟာ ကြွက်ကလေးကို ဗီဒီယိုရိုက်ကူးပြီးနောက်မှာတော့ ကြွက်က
လေးကို သူ့အိမ်ခေါ်သွားပြီး ကျောကုန်းပေါ်ကပဲပင်ကိုဖယ်ရှားပေးခဲ့ကြောင်းသိရပါတယ်။မျှော်လင့်ရတာကတော့သနားစဖွယ်ကြွက်ကလေး
ဟာ မကြာခင်မှာ နေပြန်ကောင်းလာပြီး တခြားကြွက်တွေနည်းတူ သွားလာလှုပ်ရှားနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။
Credit;
About the author
admm