စူးေဆာက္ေတြကိုသုံးကာ ေဖာက္လုပ္ထားတဲ့ Guoliang ဥမင္

စူးေဆာက္ေတြကိုသုံးကာ ေဖာက္လုပ္ထားတဲ့ Guoliang ဥမင္

 

 

တ႐ုတ္ႏိုင္ငံ Henan ျပည္နယ္ မွာရွိတဲ့ ဒီ Guoliang ဥမင္ဟာ Taihang ေတာင္ကို ျဖတ္ေဖာက္ကာ Guoliang ႐ြာနဲ႔ Huixian ၿမိဳ႕တို႔ကို

 

ဆက္သြယ္ေပးထားပါတယ္။ Guoliang ႐ြာဟာ ေပ ၆၀၀ ေက်ာ္ အျမင့္ရွိတဲ့ ေခ်ာက္ကမ္းပါးတစ္ခုမွာ ရွိေနတဲ့႐ြာပါ။  ဟန္မင္းဆက္ကို

 

ေတာ္လွန္ပုန္ကန္ခဲ့သူ တစ္ေယာက္ဟာ ထြက္ေျပးတိမ္းေရွာင္ရင္း Guoliang ႐ြာကို တည္ေထာင္ခဲ့တာျဖစ္ၿပီး ဒီ႐ြာဟာ ေတာင္ပတ္လည္

 

ကာရံထားတာေၾကာင့္ သီးျခားကမာၻတစ္ခုပမာျဖစ္ခဲ့ရပါတယ္။ ျမင့္မားတဲ့ေတာင္ေတြေၾကာင့္ ဒီ႐ြာရဲ႕ အျပင္ဘက္ကို ထြက္ဖို႔ဆိုတာလည္း

 

အလြန္ခက္ခဲခဲ့ရပါတယ္။ ၁၉၇၂ ခုႏွစ္မွာေတာ့ Shen Mingxin ဦးေဆာင္တဲ့ ႐ြာသားတစ္စုဟာ ဒီ႐ြာရဲ႕ လမ္းပန္းဆက္သြယ္မႈ အခက္အ

 

 

ခဲကို ေျဖရွင္းႏိုင္ဖို႔ ဒီဥမင္ကို စတင္ေဖာက္လုပ္ခဲ့ပါတယ္။ ဒီလို ေဖာက္လုပ္ရာမွာ ႐ြာသား ၁၃ဦးနဲ႔ စတင္ခဲ့တာျဖစ္ၿပီး စက္မႈနည္းပညာရဲ႕ အ

 

ကူအညီမပါပဲ စူးေဆာက္ နဲ႔ တူေတြကို သုံးကာ လူအင္အားနဲ႔ပဲ ေဖာက္လုပ္ခဲ့ၾကတာျဖစ္ပါတယ္။ ႐ြာသားေတြဟာ ဒီကိရိယာေတြကို ဝယ္

 

ယူဖို႔အတြက္ သူတို႔ရဲ႕ ၾကက္ ၊ ဝက္ စတဲ့ ေမြးျမဴေရးတိရစာၦန္ေတြကို ေရာင္းခ်ခဲ့ရပါတယ္။ ၁ မီတာ လမ္းအရွည္အတြက္ ၃ရက္ခန႔္ ေဖာက္

 

လုပ္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ၁.၂ကီလိုမီတာ အရွည္ရွိကာ အက်ယ္ ၁၃ေပ ၊ အျမင့္ ၁၆ေပ ရွိတဲ့ ေတာင္ေဖာက္လမ္းတစ္ခု ျဖစ္လာခဲ့ပါ

 

တယ္။ စတင္ေဆာက္လုပ္ခဲ့ၿပီး ၅ႏွစ္အၾကာ ၁၉၇၇ခုႏွစ္ ေမလမွာေတာ့ ဒီလမ္းကို စတင္ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ ေဖာက္လုပ္ခဲ့တဲ့ ၅ႏွစ္အတြင္း

 

 

မွာ တူအလက္ေပါင္း ၄၀၀၀ခန႔္ကို အသုံးျပဳခဲ့ရပါတယ္။ ယခုအခ်ိန္မွာေတာ့ Guoliang ဥမင္ဟာ နာမည္ေက်ာ္ လမ္းတစ္ခုျဖစ္လာခဲ့ၿပီး

 

Guoliang ႐ြာဟာလည္း ခရီးသြားေတြ တကူးတက လာေရာက္ရတဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ လမ္းရဲ႕တစ္ဖက္မွာ ေခ်ာက္ရွိေန

 

တာေၾကာင့္ အႏၲရာယ္အရွိဆုံးလမ္းတစ္ခုအျဖစ္လည္း သတ္မွတ္ခံထားရတဲ့ ဒီေနရာတဝိုက္ဟာလည္း ႐ုပ္ရွင္ေတြထဲမွာ မၾကာခဏ

 

ထည့္သြင္း႐ိုက္ကူးခံရတဲ့ ေနရာေတြ ျဖစ္လာခဲ့ပါတယ္။

 

Credit

 

 

 

Unicode

 

 

တရုတ်နိုင်ငံ Henan ပြည်နယ် မှာရှိတဲ့ ဒီ Guoliang ဥမင်ဟာ Taihang တောင်ကို ဖြတ်ဖောက်ကာ Guoliang ရွာနဲ့ Huixian မြို့တို့ကို

 

ဆက်သွယ်ပေးထားပါတယ်။ Guoliang ရွာဟာ ပေ ၆၀၀ ကျော် အမြင့်ရှိတဲ့ ချောက်ကမ်းပါးတစ်ခုမှာ ရှိနေတဲ့ရွာပါ။ ဟန်မင်းဆက်ကို

 

တော်လှန်ပုန်ကန်ခဲ့သူ တစ်ယောက်ဟာ ထွက်ပြေးတိမ်းရှောင်ရင်း Guoliang ရွာကို တည်ထောင်ခဲ့တာဖြစ်ပြီး ဒီရွာဟာ တောင်ပတ်

 

လည်ကာရံထားတာကြောင့် သီးခြားကမ္ဘာတစ်ခုပမာဖြစ်ခဲ့ရပါတယ်။ မြင့်မားတဲ့တောင်တွေကြောင့် ဒီရွာရဲ့ အပြင်ဘက်ကို ထွက်ဖို့ဆို

 

တာလည်း အလွန်ခက်ခဲခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ Shen Mingxin ဦးဆောင်တဲ့ ရွာသားတစ်စုဟာ ဒီရွာရဲ့ လမ်းပန်းဆက်သွယ်

 

 

မှု အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဒီဥမင်ကို စတင်ဖောက်လုပ်ခဲ့ပါတယ်။ ဒီလို ဖောက်လုပ်ရာမှာ ရွာသား ၁၃ဦးနဲ့ စတင်ခဲ့တာဖြစ်ပြီး စက်မှု

 

နည်းပညာရဲ့ အကူအညီမပါပဲ စူးဆောက် နဲ့ တူတွေကို သုံးကာ လူအင်အားနဲ့ပဲ ဖောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရွာသားတွေဟာ ဒီကိရိ

 

ယာတွေကို ဝယ်ယူဖို့အတွက် သူတို့ရဲ့ ကြက် ၊ ဝက် စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ရောင်းချခဲ့ရပါတယ်။ ၁ မီတာ လမ်းအရှည်အတွက်

 

၃ရက်ခန့် ဖောက်လုပ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ၁.၂ကီလိုမီတာ အရှည်ရှိကာ အကျယ် ၁၃ပေ ၊ အမြင့် ၁၆ပေ ရှိတဲ့ တောင်ဖောက်လမ်း

 

တစ်ခု ဖြစ်လာခဲ့ပါတယ်။ စတင်ဆောက်လုပ်ခဲ့ပြီး ၅နှစ်အကြာ ၁၉၇၇ခုနှစ် မေလမှာတော့ ဒီလမ်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဖောက်

 

 

လုပ်ခဲ့တဲ့ ၅နှစ်အတွင်းမှာ တူအလက်ပေါင်း ၄၀၀၀ခန့်ကို အသုံးပြုခဲ့ရပါတယ်။ ယခုအချိန်မှာတော့ Guoliang ဥမင်ဟာ နာမည်ကျော်

 

လမ်းတစ်ခုဖြစ်လာခဲ့ပြီး Guoliang ရွာဟာလည်း ခရီးသွားတွေ တကူးတက လာရောက်ရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ လမ်းရဲ့တစ်

 

ဖက်မှာ ချောက်ရှိနေတာကြောင့် အန္တရာယ်အရှိဆုံးလမ်းတစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ဒီနေရာတဝိုက်ဟာလည်း ရုပ်ရှင်

 

တွေထဲမှာ မကြာခဏ ထည့်သွင်းရိုက်ကူးခံရတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။

 

Credit