INTERNATIONAL NEWS

ကိုဗစ္-၁၉ ကာကြယ္ေဆး ႀကိဳတင္ေရာင္းမယ့္ ထိုင္းေဆး႐ုံေၾကာ္ျငာ တားျမစ္ခံရ

Written by admm

ကိုဗစ္-၁၉ ကာကြယ္ေဆး ႀကိဳတင္ေရာင္းမယ့္ ထိုင္းေဆး႐ုံေၾကာ္ျငာ တားျမစ္ခံရ

 

 

ထိုင္းနိုင္ငံမွာ ကာကြယ္ေဆး အတည္ျပဳမရေသးတာေၾကာင့္ ကိုဗစ္-၁၉ ကာကြယ္ေဆး ႀကိဳတင္ေရာင္းခ်ဖို႔ ေၾကာ္ျငာေနတဲ့ ထိုင္းပုဂၢလိက

 

ေဆး႐ုံတစ္ခုကို အစိုးရက ေၾကာ္ျငာရပ္ဆိုင္းဖို႔ အမိန႔္ေပးခဲ့ေၾကာင္း သိရပါတယ္။ Moderna ထုတ္ ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးႏွံဖို႔အတြက္

 

ကနဦး ႀကိဳတင္ကာကြယ္ေဆး ၁၀၀၀ ေရာင္းမယ့္ အြန္လိုင္းေၾကာ္ျငာဟာ နားလည္မႈ လြဲတာျဖစ္တယ္လို႔ Vibhavadi ေဆး႐ုံက ေျပာပါတယ္။

 

“နားလည္မႈလြဲတာပါ။ အစီအစဥ္ကို ရပ္လိုက္ပါၿပီ။ ကာကြယ္ေဆးေတြ မွာဖို႔ စီစဥ္ထားေပမယ့္ ခုေတာ့ ရပ္ဆိုင္းလိုက္ၿပီ”လို႔ Vibhavadi

 

ေဆး႐ုံညႊန္ၾကားေရးမႉး ခ်ိဳင္စစ္ ကြတ္ဝီဝတ္က ေျပာပါတယ္။ ေၾကာ္ျငာထဲမွာေတာ့ ႀကိဳတင္မွာယူမႈေတြအတြက္ ဘတ္ ၄၀၀၀ က်သင့္ၿပီး

 

 

ကာကြယ္ေဆးထိုးၿပီးတဲ့အထိ စုစုေပါင္း ဘတ္ ၁၀၀၀၀ (ေဒၚလာ ၃၃၀) ကုန္က်မယ္လို႔ ရိုက္တာသတင္းက ေဖာ္ျပသြားပါတယ္။ ကမၻာအႏွံ့

 

မွာေတာ့ နိုင္ငံေတြ ကာကြယ္ေဆး ထိုးႏွံေနတာေၾကာင့္ အကန႔္အသတ္ရွိေနတဲ့ ကာကြယ္ေဆးကို ဘယ္လိုဦးစားေပးမလဲနဲ႔ ကာကြယ္ေဆး

 

ကို လူေတြ ဝယ္နိုင္မလားဆိုတာ ေမးခြန္းေတြ ျမင့္တက္ေနပါတယ္။ ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက ထိုင္းနိုင္ငံတြင္း ကိုဗစ္-၁၉ ကာကြယ္ေ

 

ဆး အတည္ျပဳထားျခင္း မရွိေသးေၾကာင္းနဲ႔ အဆိုပါေၾကာ္ျငာဟာ ေဆး႐ုံစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ေနေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ၿပီး

 

ဖယ္ရွားဖို႔ အမိန႔္ထုတ္ျပန္ခဲ့တယ္လို႔ ဆိုပါတယ္။ အေစာပိုင္းက ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္း ကာကြယ္ေဆးထိုးဖို႔အတြက္ ဇန္နဝါရီ ၃၁ ရက္ေန႔

 

ႀကိဳတင္စာရင္းသြင္းရမယ္လို႔ ေဆး႐ုံက ေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။ Moderna ကုမၸဏီဘက္က ဒီအေၾကာင္း ထုတ္ျပန္ေျပာၾကား

 

ထားျခင္း မရွိပါဘူး။ ထိုင္းနိုင္ငံက AstraZeneca ထုတ္ကိုဗစ္-၁၉ ကာကြယ္ေဆး ဝယ္ယူဖို႔ ႀကိဳတင္သေဘာတူညီခ်က္တစ္ခု လက္မွတ္

 

ထိုးေပမယ့္ ကာကြယ္ေဆး ထိုးမယ့္အစီအစဥ္ေတြ သတ္မွတ္ထားျခင္း မရွိေသးပါဘူး။ ယခုလအတြင္း Moderna ကာကြယ္ေဆးဟာ

 

Pfizer/BioNTech ကာကြယ္ေဆးေနာက္ အေမရိကန္ FDA က အေရးေပၚအသုံးျပဳခြင့္ ေပးတဲ့ ဒုတိယကာကြယ္ေဆး ျဖစ္လာခဲ့ပါတယ္။

 

ယခုႏွစ္အတြင္း အေမရိကန္ကို ခန႔္မွန္းေၿခ ေဆးပမာဏသန္း ၂၀ ေပးပို႔မယ္လို႔ Moderna က ေျပာၾကားထားၿပီး တစ္ကမၻာလုံးအတိုင္းအ

 

တာအေနနဲ႔ လာမယ့္ ၂၀၂၁ ခုႏွစ္ ပထမဆုံးသုံးလပတ္အတြင္း ကာကြယ္ေဆး သန္း ၁၀၀ ကေန ၁၂၅ သန္းၾကား ျဖန႔္ခ်ိေပးနိုင္မယ္လို႔

 

ေမၽွာ္မွန္းထားေၾကာင္း သိရပါတယ္။

 

Credit

 

 

 

Unicode

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ကြိုတင်ရောင်းမယ့် ထိုင်းဆေးရုံကြော်ငြာ တားမြစ်ခံရ

 

 

ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး အတည်ပြုမရသေးတာကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကြိုတင်ရောင်းချဖို့ ကြော်ငြာနေတဲ့ ထိုင်းပုဂ္ဂလိက

 

ဆေးရုံတစ်ခုကို အစိုးရက ကြော်ငြာရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။ Moderna ထုတ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံဖို့အတွက်

 

ကနဦး ကြိုတင်ကာကွယ်ဆေး ၁၀၀၀ ရောင်းမယ့် အွန်လိုင်းကြော်ငြာဟာ နားလည်မှု လွဲတာဖြစ်တယ်လို့ Vibhavadi ဆေးရုံက ပြောပါတယ်။

 

“နားလည်မှုလွဲတာပါ။ အစီအစဉ်ကို ရပ်လိုက်ပါပြီ။ ကာကွယ်ဆေးတွေ မှာဖို့ စီစဉ်ထားပေမယ့် ခုတော့ ရပ်ဆိုင်းလိုက်ပြီ”လို့ Vibhavadi

 

ဆေးရုံညွှန်ကြားရေးမှူး ချိုင်စစ် ကွတ်ဝီဝတ်က ပြောပါတယ်။ ကြော်ငြာထဲမှာတော့ ကြိုတင်မှာယူမှုတွေအတွက် ဘတ် ၄၀၀၀ ကျသင့်ပြီး ကာ

 

 

ကွယ်ဆေးထိုးပြီးတဲ့အထိ စုစုပေါင်း ဘတ် ၁၀၀၀၀ (ဒေါ်လာ ၃၃၀) ကုန်ကျမယ်လို့ ရိုက်တာသတင်းက ဖော်ပြသွားပါတယ်။ ကမ္ဘာအနှံ့မှာ

 

တော့ နိုင်ငံတွေ ကာကွယ်ဆေး ထိုးနှံနေတာကြောင့် အကန့်အသတ်ရှိနေတဲ့ ကာကွယ်ဆေးကို ဘယ်လိုဦးစားပေးမလဲနဲ့ ကာကွယ်ဆေးကို

 

လူတွေ ဝယ်နိုင်မလားဆိုတာ မေးခွန်းတွေ မြင့်တက်နေပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး

 

အတည်ပြုထားခြင်း မရှိသေးကြောင်းနဲ့ အဆိုပါကြော်ငြာဟာ ဆေးရုံစည်းမျဉ်းတွေကို ချိုးဖောက်နေကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ဖယ်

 

ရှားဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းက ၂၀၂၁ ခုနှစ်နှောင်းပိုင်း ကာကွယ်ဆေးထိုးဖို့အတွက် ဇန်နဝါရီ ၃၁ ရက်နေ့ ကြိုတင်

 

စာရင်းသွင်းရမယ်လို့ ဆေးရုံက ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ Moderna ကုမ္ပဏီဘက်က ဒီအကြောင်း ထုတ်ပြန်ပြောကြားထားခြင်း

 

မရှိပါဘူး။ ထိုင်းနိုင်ငံက AstraZeneca ထုတ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူဖို့ ကြိုတင်သဘောတူညီချက်တစ်ခု လက်မှတ်ထိုးပေမယ့်

 

ကာကွယ် ဆေး ထိုးမယ့်အစီအစဉ်တွေ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ယခုလအတွင်း Moderna ကာကွယ်ဆေးဟာ Pfizer/BioNTech

 

ကာကွယ်ဆေးနောက် အမေရိကန် FDA က အရေးပေါ်အသုံးပြုခွင့် ပေးတဲ့ ဒုတိယကာကွယ်ဆေး ဖြစ်လာခဲ့ပါတယ်။ ယခုနှစ်အတွင်း အမေရိ

 

ကန်ကို ခန့်မှန်းခြေ ဆေးပမာဏသန်း ၂၀ ပေးပို့မယ်လို့ Moderna က ပြောကြားထားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ လာမယ့် ၂၀၂၁

 

ခုနှစ် ပထမဆုံးသုံးလပတ်အတွင်း ကာကွယ်ဆေး သန်း ၁၀၀ ကနေ ၁၂၅ သန်းကြား ဖြန့်ချိပေးနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

 

Credit

About the author

admm