ကိုဗစ္ကုသေရး ဧရာဝတီစင္တာ (မႏၲေလး)စင္တာအတြက္ဦးေဇာ္ေဇာ္က က်ပ္သိန္း ၅၀၀၀ ထပ္မံ လႉဒါန္း

ကိုဗစ္ကုသေရး ဧရာဝတီစင္တာ (မႏၲေလး)စင္တာအတြက္ဦးေဇာ္ေဇာ္က က်ပ္သိန္း ၅၀၀၀ ထပ္မံ လႉဒါန္း

 

 

ကိုဗစ္ကုသေရး ဧရာဝတီစင္တာ (မႏၲေလး) အတြက္ က်ပ္သိန္း ၅၀၀၀ ထပ္မံ မတည္ေပးခဲ့တယ္လို႔ ဧရာဝတီေဖာင္ေဒးရွင္းဥကၠဌ ဦးေဇာ္ေဇာ္က

 

ေျပာၾကားလိုက္ပါတယ္။ဦးေဇာ္ေဇာ္က “စင္တာစတင္ခ်ိန္က မတည္ထားတဲ့ သိန္း(၁၅၀၀၀)ဟာလည္း သုံးစြဲၿပီးျဖစ္တာေၾကာင့္ ေနာက္ထပ္

 

သိန္း(၅၀၀၀) ထပ္မံမတည္ေပးခဲ့ပါတယ္။ ညဘက္ မွာလည္း မႏၲေလးက ပါေမာကၡ ဆရာဝန္၊ ဆရာမႀကီးေတြနဲ႔ ေတြ႕ဆုံၿပီး ဧရာဝတီစင္တာရဲ့

 

ဝန္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး ညႇိႏွိုင္းေဆြးေႏြးရင္း ညစာအတူစားျဖစ္ခဲ့ပါတယ္။ ဝန္ေဆာင္မႈ အျပည့္အဝေပးနိုင္ေအာင္ တက္ညီလက္ညီေဆာင္

 

 

ရြက္ေပးေနတဲ့ ဆရာႀကီး ေဒါက္တာခင္ေမာင္လြင္နဲ႔ ဆရာဝန္၊ ဆရာမေတြ၊ ေစတနာ့ဝန္ထမ္းေတြနဲ႔ ဦးေဆာင္မႈေပးခဲ့တဲ့ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊

 

ၿမိဳ႕ေတာ္ဝန္ႀကီးနဲ႔ တာဝန္ရွိသူေတြ၊ အလႉရွင္ေတြအားလုံးကို အထူးပဲေက်းဇူးတင္ရွိပါတယ္”လို႔ဆိုပါတယ္။ဦးေဇာ္ေဇာ္က “ စင္တာမွာ တက္တက္ႂကြႂကြ

 

တာဝန္ယူေဆာင္ရြက္ေနၾကတဲ့ ဆရာဝန္၊ ဆရာမေတြကို ေတြ႕ရတာဟာ အားရေကာင္းပါတယ္။ ရက္ေစ့လို႔ ျပန္ၾကေတာ့မယ့္ လူငယ္ဆရာဝန္ေတြ၊

 

 

ဆရာမေတြ၊ Test & Care စင္တာက Dentist ေတြကို ဂုဏ္ျပဳမွတ္တမ္းေတြ ေပးရင္း ၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို အျပန္အလွန္ေဝမၽွခဲ့ၾကၿပီး

 

၎တို႔အေနနဲ႔လည္း စင္တာကို ထပ္မံလာေရာက္ တာဝန္ထမ္းေဆာင္ၾကဦးမယ္ဆိုတဲ့အေၾကာင္း ဝမ္းေျမာက္ဖြယ္ ၾကားသိခဲ့ရပါတယ္”လို႔ လူမႈကြန္ယက္

 

မွတစ္ဆင့္ေျပာၾကားထားပါတယ္။

 

Unicode

 

ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (မန္တလေး)စင်တာအတွက်ဦးဇော်ဇော်က ကျပ်သိန်း ၅၀၀၀ ထပ်မံ လှူဒါန်း

 

 

ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (မန္တလေး) အတွက် ကျပ်သိန်း ၅၀၀၀ ထပ်မံ မတည်ပေးခဲ့တယ်လို့ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်က

 

ပြောကြားလိုက်ပါတယ်။ဦးဇော်ဇော်က “စင်တာစတင်ချိန်က မတည်ထားတဲ့ သိန်း(၁၅၀၀၀)ဟာလည်း သုံးစွဲပြီးဖြစ်တာကြောင့် နောက်ထပ် သိန်း(၅၀၀၀)

 

ထပ်မံမတည်ပေးခဲ့ပါတယ်။ ညဘက် မှာလည်း မန္တလေးက ပါမောက္ခ ဆရာဝန်၊ ဆရာမကြီးတွေနဲ့ တွေ့ဆုံပြီး ဧရာဝတီစင်တာရဲ့ ဝန်ဆောင်မှုနဲ့ ပတ်

 

သက်ပြီး ညှိနှိုင်းဆွေးနွေးရင်း ညစာအတူစားဖြစ်ခဲ့ပါတယ်။ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်အောင် တက်ညီလက်ညီဆောင်ရွက်ပေးနေတဲ့ ဆရာကြီး

 

 

ဒေါက်တာခင်မောင်လွင်နဲ့ ဆရာဝန်၊ ဆရာမတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ဦးဆောင်မှုပေးခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်ကြီးနဲ့ တာဝန်ရှိသူ

 

တွေ၊ အလှူရှင်တွေအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်”လို့ဆိုပါတယ်။ဦးဇော်ဇော်က “ စင်တာမှာ တက်တက်ကြွကြွ တာဝန်ယူဆောင်ရွက်နေ

 

ကြတဲ့ ဆရာဝန်၊ ဆရာမတွေကို တွေ့ရတာဟာ အားရကောင်းပါတယ်။ ရက်စေ့လို့ ပြန်ကြတော့မယ့် လူငယ်ဆရာဝန်တွေ၊ ဆရာမတွေ၊ Test & Care

 

 

စင်တာက Dentist တွေကို ဂုဏ်ပြုမှတ်တမ်းတွေ ပေးရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အပြန်အလှန်ဝေမျှခဲ့ကြပြီး ၎င်းတို့အနေနဲ့လည်း စင်တာ

 

ကို ထပ်မံလာရောက် တာဝန်ထမ်းဆောင်ကြဦးမယ်ဆိုတဲ့အကြောင်း ဝမ်းမြောက်ဖွယ် ကြားသိခဲ့ရပါတယ်”လို့ လူမှုကွန်ယက်မှတစ်ဆင့်ပြောကြားထားပါ

 

တယ်။

 

Credit;