INTERNATIONAL NEWS

ေရွာင္ဖယ္ခံေနရတဲ့ ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြကို ထိုင္းစားေသာက္ဆိုင္တစ္ခု အခမဲ့ေကၽြး

Written by admm

ေရွာင္ဖယ္ခံေနရတဲ့ ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြကို ထိုင္းစားေသာက္ဆိုင္တစ္ခု အခမဲ့ေကၽြး

 

 

ထိုင္းမွာ ေရြ႕ေျပာင္းအလုပ္သမားေတြ ေငြေပးၿပီး ဝယ္ယူစားေသာက္ေနတာကိုေတာင္ လက္မခံဘဲ ျငင္းဆန္ခံေနရတဲ့အခ်ိန္ ဗဟိုအထက္

 

ပိုင္းျပည္နယ္တစ္ခုရွိ စားေသာက္ဆိုင္တစ္ခုက အထူးသျဖင့္ ျမန္မာနိုင္ငံက အလုပ္သမားေတြကို အစားအေသာက္ေတြ အခမဲ့ ေပးေဝေ

 

နေၾကာင္း သိရပါတယ္။ အဲဒီစားေသာက္ဆိုင္ပိုင္ရွင္ဟာ အပီခ်ိဳင္ ခ်ာလာနန္လို႔ ေခၚၿပီး အူသာယန္ ဆာဝန္ျပည္သူ႔ပန္းၿခံအနီး ေဝါင္ဆာဝန္

 

လမ္းေပၚက ဘြန္ဘြန္နာခြန္ဆာဝန္ စားေသာက္ဆိုင္လို႔ သိရပါတယ္။ အပီခ်ိဳင္းက ကိုဗစ္-၁၉ ေနာက္ဆုံးကူးစက္မႈသစ္အၿပီး ထိုင္းနိုင္ငံအ

 

တြင္း ျမန္မာေရြ႕ေျပာင္းအလုပ္သမားေတြဆီက ဗိုင္းရပ္စ္ကူးမွာစိုးရိမ္တဲ့လူေတြ အမ်ားအျပားရွိေနၿပီး ေၾကာက္ရြံတာေၾကာင့္ ေရွာင္ရွားေန

 

 

ၾကတယ္လို႔ေျပာပါတယ္။ ေဈးဆိုင္ေတြကလည္း ေဈးလာဝယ္တဲ့ ျမန္မာလုပ္သားေတြကို ႏွင္လႊတ္ၿပီး ေရာင္းခ်ဖို႔ ျငင္းဆန္ေနၾကတယ္လို႔

 

ေျပာပါတယ္။ ဒီအေျခအေနေၾကာင့္ ေရြ႕ေျပာင္းအလုပ္သမား အမ်ားအျပားဟာ ေဈးကေန ကုန္ၾကမ္းပစၥည္းေတြ ဝယ္ၿပီး ကိုင္တိုင္ခ်က္ျပဳတ္

 

စားေသာက္ေနရတယ္လို႔ ဆိုပါတယ္။ သူတို႔အေျခအေနကို စာနာမိၿပီး အပီခ်ိဳင္းက ဒုကၡေရာက္ေနတဲ့သူေတြကို ကူညီဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔

 

သိရပါတယ္။ ေရာဂါအေျခအေန ေကာင္းလာတဲ့အခ်ိန္ထိ ျမန္မာလုပ္သားေတြကို အစားအေသာက္ အခမဲ့ လာေရာက္ယူခြင့္ ေပးမယ္လို႔

 

ေျပာခဲ့ၿပီး ဆိုင္ေရွ႕မွာ ထိုင္း-ျမန္မာ ႏွစ္ဘာသာနဲ႔ အစားအေသာက္ အခမဲ့ လာေရာက္ယူေဆာင္နိုင္ေၾကာင္း ဗီနိုင္းေထာင္ၿပီး ေၾကညာထား

 

တယ္လို႔ သိရပါတယ္။ တျခားစားေသာက္ဆိုင္ေတြက ဝယ္လို႔မရတာမ်ိဳး ဒါမွမဟုတ္ စားစရာမရွိဘဲ အခက္ေတြ႕ေနတဲ့ ျမန္မာနိုင္ငံသားေတြ

 

သာမကဘဲ တျခားနိုင္ငံေတြက ေရြ႕ေျပာင္းအလုပ္သမားေတြလည္း လာေရာက္ယူေဆာင္နိုင္တယ္လို႔ အပီခ်ိဳင္းက ေျပာပါတယ္။ သူရဲ့

 

စားေသာက္ဆိုင္ကို ညေန ၅ နာရီကေန သန္းေခါင္အထိ ဖြင့္ထားေၾကာင္း သိရပါတယ္။ ခုလို အခမဲ့ေပးတဲ့အစီအစဥ္ကို အခက္အခဲၾကဳံေတြ

 

႕ေနရတဲ့ ေရြ႕ေျပာင္းအလုပ္သမားေတြက ဝမ္းသာႀကိဳဆိုေနၾကတယ္လို႔ သိရပါတယ္။

 

 

Credit

 

 

 

Unicode

 

ရှောင်ဖယ်ခံနေရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ထိုင်းစားသောက်ဆိုင်တစ်ခု အခမဲ့ကျွေး

 

 

ထိုင်းမှာ ရွေ့ပြောင်းအလုပ်သမားတွေ ငွေပေးပြီး ဝယ်ယူစားသောက်နေတာကိုတောင် လက်မခံဘဲ ငြင်းဆန်ခံနေရတဲ့အချိန် ဗဟိုအထက်

 

ပိုင်းပြည်နယ်တစ်ခုရှိ စားသောက်ဆိုင်တစ်ခုက အထူးသဖြင့် မြန်မာနိုင်ငံက အလုပ်သမားတွေကို အစားအသောက်တွေ အခမဲ့ ပေးဝေ

 

နေကြောင်း သိရပါတယ်။ အဲဒီစားသောက်ဆိုင်ပိုင်ရှင်ဟာ အပီချိုင် ချာလာနန်လို့ ခေါ်ပြီး အူသာယန် ဆာဝန်ပြည်သူ့ပန်းခြံအနီး ဝေါင်ဆာ

 

ဝန်လမ်းပေါ်က ဘွန်ဘွန်နာခွန်ဆာဝန် စားသောက်ဆိုင်လို့ သိရပါတယ်။ အပီချိုင်းက ကိုဗစ်-၁၉ နောက်ဆုံးကူးစက်မှုသစ်အပြီး ထိုင်းနိုင်

 

ငံအတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေဆီက ဗိုင်းရပ်စ်ကူးမှာစိုးရိမ်တဲ့လူတွေ အများအပြားရှိနေပြီး ကြောက်ရွံတာကြောင့် ရှောင်ရှား

 

 

နေကြတယ်လို့ပြောပါတယ်။ ဈေးဆိုင်တွေကလည်း ဈေးလာဝယ်တဲ့ မြန်မာလုပ်သားတွေကို နှင်လွှတ်ပြီး ရောင်းချဖို့ ငြင်းဆန်နေကြတယ်လို့

 

ပြောပါတယ်။ ဒီအခြေအနေကြောင့် ရွေ့ပြောင်းအလုပ်သမား အများအပြားဟာ ဈေးကနေ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ပြီး ကိုင်တိုင်ချက်ပြုတ်

 

စားသောက်နေရတယ်လို့ ဆိုပါတယ်။ သူတို့အခြေအနေကို စာနာမိပြီး အပီချိုင်းက ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်လို့

 

သိရပါတယ်။ ရောဂါအခြေအနေ ကောင်းလာတဲ့အချိန်ထိ မြန်မာလုပ်သားတွေကို အစားအသောက် အခမဲ့ လာရောက်ယူခွင့် ပေးမယ်လို့

 

ပြောခဲ့ပြီး ဆိုင်ရှေ့မှာ ထိုင်း-မြန်မာ နှစ်ဘာသာနဲ့ အစားအသောက် အခမဲ့ လာရောက်ယူဆောင်နိုင်ကြောင်း ဗီနိုင်းထောင်ပြီး ကြေညာထားတယ်

 

လို့ သိရပါတယ်။ တခြားစားသောက်ဆိုင်တွေက ဝယ်လို့မရတာမျိုး ဒါမှမဟုတ် စားစရာမရှိဘဲ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသားတွေသာမက

 

ဘဲ တခြားနိုင်ငံတွေက ရွေ့ပြောင်းအလုပ်သမားတွေလည်း လာရောက်ယူဆောင်နိုင်တယ်လို့ အပီချိုင်းက ပြောပါတယ်။ သူရဲ့ စားသောက်ဆိုင်

 

ကို ညနေ ၅ နာရီကနေ သန်းခေါင်အထိ ဖွင့်ထားကြောင်း သိရပါတယ်။ ခုလို အခမဲ့ပေးတဲ့အစီအစဉ်ကို အခက်အခဲကြုံတွေ့နေရတဲ့ ရွေ့ပြောင်း

 

အလုပ်သမားတွေက ဝမ်းသာကြိုဆိုနေကြတယ်လို့ သိရပါတယ်။

 

Credit

About the author

admm