နိုင္ငံတကာ ႏွစ္သစ္ကူးေန႔တြင္ ျမန္မာနိုင္ငံ၌ ကေလး ၂၆ဝဝေက်ာ္ ေမြးဖြားလာမည္ဟု UNICEF သတင္းထုတ္ျပန္

နိုင္ငံတကာ ႏွစ္သစ္ကူးေန႔တြင္ ျမန္မာနိုင္ငံ၌ ကေလး ၂၆ဝဝေက်ာ္ ေမြးဖြားလာမည္ဟု UNICEF သတင္းထုတ္ျပန္

 

 

နိုင္ငံတကာ ႏွစ္သစ္ကူးေန႔ရက္မွာ ျမန္မာနိုင္ငံမွာ ကေလး ၂၆၈၈ ဦးခန႔္ ေမြးဖြားလာနိုင္ေၾကာင္း UNICEF Myanmar က သတင္း

 

ထုတ္ျပန္လိုက္ပါတယ္။နိုင္ငံတကာ ႏွစ္သစ္ကူးေန႔မွာ ျမန္မာနိုင္ငံ၌ ေမြးဖြားလာမယ့္ ကေလးငယ္ဦးေရဟာ တစ္ကမၻာလုံး အတိုင္း

 

အတာအရႏွစ္သစ္ကူးေန႔မွာ ေမြးဖြားလာမည္ဟုခန႔္မွန္းထားတဲ့ကေလးငယ္ဦးေရ ၃၇၁၅၀၄ ဦးအနက္မွ ၀ ဒသမ ၇ ရာခိုင္ႏႈန္းျဖစ္ၿပီး

 

၎တို႔ရဲ့ ပ်မ္းမၽွေမၽွာ္မွန္း သက္တမ္းမွာ ၇၅ ဒသမ ၇ ႏွစ္ခန႔္ရွိမွာ ျဖစ္တယ္လို႔ သိရပါတယ္။“ဒီႏွစ္က ကၽြန္မတို႔အားလုံးအတြက္ ခက္ခဲ

 

တဲ့ ႏွစ္တစ္ႏွစ္ပါ။ အသစ္ျပန္စတင္ဖို႔အတြက္ ကမၻာႀကီးထဲေရာက္ရွိလာမယ့္ ကေလးငယ္ေတြကို ႀကိဳဆိုတာထက္ပိုေကာင္းတဲ့ နည္း

 

 

လမ္းမရွိနိုင္ပါဘူး။ ၂၀၂၁ခုႏွစ္ရဲ့ အခြင့္အလမ္းေတြကကၽြန္မတို႔ေရွ႕မွာ ရွိေနပါၿပီ။အခက္အခဲေတြကိုထားခဲ့ၿပီး အခုအခ်ိန္ကပိုေကာင္း

 

တဲ့ကမၻာႀကီးကို တည္ေဆာက္ဖို႔ အခ်ိန္က်ပါၿပီ။ ဒီေန႔မွာ ေမြးဖြားလာတဲ့ ကေလးငယ္ေတြ က ဒီေန႔မွာ သူတို႔အတြက္ ကၽြန္မတို႔ စတင္

 

တည္ေဆာက္ ကာကြယ္ေပးမယ့္ ကမၻာႀကီးကို အေမြဆက္ခံၾကရမွာပါ။” လို႔  UNICEF  မွ ျမန္မာနိုင္ငံဆိုင္ရာ  ဌာေနကိုယ္စားလွယ္

 

Ms. June Kunugiက ေျပာပါတယ္။ထို႔အတူတစ္ကမၻာလုံးအတိုင္းအတာအရ ၂၀၂၁ ခုႏွစ္ရဲ့ ႏွစ္သစ္ကူးေန႔မွာပထမဆုံးေမြးဖြားလာ

 

မယ့္ ကေလးငယ္မွာ ပစိဖိတ္ေဒသတြင္းရွိ ဖီဂ်ီနိုင္ငံမွျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္ တစ္ႏွစ္တာရဲ့ ေနာက္ဆုံးရက္မွာ ေမြးဖြားလာမယ့္ ကေလးငယ္

 

 

မွာ အေမရိကန္ျပည္ေထာင္စုမွ ျဖစ္တယ္လို႔ သိရပါတယ္။ကမၻာတစ္ဝန္းလုံးရွိ ေမြးဖြားမႈမ်ားရဲ့ ထက္ဝက္ေက်ာ္မွာ နိုင္ငံ ၁၀ နိုင္ငံမွ ျဖစ္မည္

 

ဟု ခန႔္မွန္းထားၿပီး ယင္းနိုင္ငံ မ်ားအနက္ အိႏၵိယ မွ ၅၉၉၉၅ ဦး၊ တ႐ုတ္ မွ ၃၅၆၁၅ ဦး၊ နိုင္ဂ်ီးရီးယားမွ ၂၁၄၉၃ ဦး၊ ပါကစၥတန္မွ ၁၄၁၆၁ ဦး၊

 

အင္ဒိုနီးရွားမွ၁၂၃၃၆ ဦး၊အီသီယိုးပီးယားမွ၁၂၀၀၆ ဦး၊ အေမရိကန္ျပည္ေထာင္စုမွ၁၀၃၁၂ ဦး၊အီဂ်စ္မွ ၉၄၅၅ ဦး၊ဘဂၤလားေဒ့ရွ္မွ ၉၂၃၆ ဦး

 

ႏွင့္ ကြန္ဂိုဒီမိုကရက္တစ္သမၼတ နိုင္ငံမွ ၈၆၄၀ ဦးျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

 

Unicode

 

နိုင်ငံတကာ နှစ်သစ်ကူးနေ့တွင် မြန်မာနိုင်ငံ၌ ကလေး ၂၆ဝဝကျော် မွေးဖွားလာမည်ဟု UNICEF သတင်းထုတ်ပြန်

 

 

နိုင်ငံတကာ နှစ်သစ်ကူးနေ့ရက်မှာ မြန်မာနိုင်ငံမှာ ကလေး ၂၆၈၈ ဦးခန့် မွေးဖွားလာနိုင်ကြောင်း  UNICEF Myanmar  က သတင်း

 

ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံတကာ နှစ်သစ်ကူးနေ့မှာ မြန်မာနိုင်ငံ၌ မွေးဖွားလာမယ့်ကလေးငယ်ဦးရေဟာ တစ်ကမ္ဘာလုံး အတိုင်း

 

အတာအရ နှစ်သစ်ကူးနေ့မှာ မွေးဖွားလာမည်ဟု ခန့်မှန်းထားတဲ့ ကလေးငယ်ဦးရေ ၃၇၁၅၀၄ ဦးအနက်မှ ၀ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး

 

၎င်းတို့ရဲ့ ပျမ်းမျှမျှော်မှန်း သက်တမ်းမှာ ၇၅ ဒသမ ၇ နှစ်ခန့်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။“ဒီနှစ်က ကျွန်မတို့အားလုံးအတွက် ခက်

 

ခဲတဲ့နှစ်တစ်နှစ်ပါ။အသစ်ပြန်စတင်ဖို့အတွက်ကမ္ဘာကြီးထဲရောက်ရှိလာမယ့်ကလေးငယ်တွေကို ကြိုဆိုတာထက်ပိုကောင်းတဲ့ နည်း

 

 

လမ်းမရှိနိုင်ပါဘူး။ ၂၀၂၁ ခုနှစ်ရဲ့ အခွင့်အလမ်းတွေက ကျွန်မတို့ရှေ့မှာ ရှိနေပါပြီ။ အခက်အခဲတွေကို ထားခဲ့ပြီး အခုအချိန်ကပိုကောင်းတဲ့

 

ကမ္ဘာကြီးကို တည်ဆောက်ဖို့ အချိန်ကျပါပြီ။ ဒီနေ့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေ က ဒီနေ့မှာ သူတို့အတွက် ကျွန်မတို့ စတင်တည်

 

ဆောက်ကာကွယ်ပေးမယ့်ကမ္ဘာကြီးကိုအမွေဆက်ခံကြရမှာပါ။”လို့UNICEF မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. June Kunugi

 

က ပြောပါတယ်။ထို့အတူ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၂၀၂၁  ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ ပထမဆုံးမွေးဖွားလာမယ့် ကလေးငယ်မှာ

 

ပစိဖိတ်ဒေသတွင်းရှိ ဖီဂျီနိုင်ငံမှဖြစ်ပြီး၂၀၂၀ ပြည့်နှစ်တစ်နှစ်တာရဲ့နောက်ဆုံးရက်မှာမွေးဖွားလာမယ့်ကလေးငယ်မှာအမေရိကန်ပြည်ထောင်စု

 

 

မှ ဖြစ်တယ်လို့သိရပါတယ်။ကမ္ဘာတစ်ဝန်းလုံးရှိမွေးဖွားမှုများရဲ့ထက်ဝက်ကျော်မှာ နိုင်ငံ၁၀ နိုင်ငံမှဖြစ်မည်ဟုခန့်မှန်းထားပြီးယင်းနိုင်ငံ

 

များအနက် အိန္ဒိယ မှ ၅၉၉၉၅ ဦး၊ တရုတ် မှ ၃၅၆၁၅ ဦး၊ နိုင်ဂျီးရီးယားမှ ၂၁၄၉၃ ဦး၊ ပါကစ္စတန်မှ ၁၄၁၆၁ ဦး၊ အင်ဒိုနီးရှားမှ ၁၂၃၃၆ ဦး၊

 

အီသီယိုးပီးယားမှ ၁၂၀၀၆ ဦး၊ အမေရိကန်ပြည်ထောင်စုမှ၁၀၃၁၂ ဦး၊အီဂျစ်မှ ၉၄၅၅ ဦး၊ဘင်္ဂလားဒေ့ရှ်မှ ၉၂၃၆ ဦးနှင့် ကွန်ဂိုဒီမိုကရက်

 

တစ်သမ္မတ နိုင်ငံမှ ၈၆၄၀ ဦးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

Credit;