Pet & Love

ကိုယ်ဝန်လွယ်ထားတဲ့သခင့်ကို မျက်ခြေမပျက်အမြဲဂရုစိုက်ပြီး ရေချိုးခန်းထဲထိပါ ထိုင်စောင့်ပေးနေခဲ့တဲ့ ခွေးလိမ္မာလေး

Written by admm

ကိုယ်ဝန်လွယ်ထားတဲ့သခင့်ကို မျက်ခြေမပျက်အမြဲဂရုစိုက်ပြီး ရေချိုးခန်းထဲထိပါ ထိုင်စောင့်ပေးနေခဲ့တဲ့ ခွေးလိမ္မာလေး

 

 

Mexico နိုင်ငံရှိ Diz လို့ခေါ်တဲ့ခွေးမလေးဟာ သူ့သခင်အမျိုးသားကိုအရမ်းချစ်ခဲ့ပြီး သခင်ဖြစ်သူလက်ထပ်သွားတော့လည်း Diz ဟာ

 

Brittany Johnson အမည်ရှိတဲ့သူ့အမေအသစ်ကိုလည်း ချစ်ခင်တွယ်တာခဲ့ပါတယ်။ Diz ဟာ သူမအမေနှင့်အမြဲတွဲတွဲရှိနေပြီး Johnson

 

ကိုလုံခြုံမှုရှိစေဖို့ အမြဲတမ်းလိုလားနေခဲ့ပါတယ်။“ Diz က အမြဲတမ်း ကျွန်မရဲ့ထိပ်တန်း အကာအကွယ်ဖြစ်ခဲ့တယ် ၊အထူးသဖြင့် ကျွန်မခင်ပွန်

 

းကျွန်မနှင့်အတူ မရှိတဲ့အချိန်တွေမှာပေါ့ ” လို့ Johnson က ဆိုခဲ့ပါတယ်။လအနည်းငယ်အကြာမှာတော့ Johnson က ကိုယ်ဝန်ရှိလာခဲ့ပြီး

 

 

Diz က ကျိန်းသေသတိပြုမိပေမဲ့လည်း တမင်လျစ်လျူရှုထားခဲ့ပြီး ပထမအပတ်လောက်မှာ Johnson ကို စိတ်ကောက်နေခဲ့ပါတယ်။ရက်သတ္တ

 

ပတ်အနည်းငယ်အကြာမှာတော့ Diz က ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး သူမအမေနဲ့အတူ အမြဲအတူရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။မကြာသေးခင်

 

က Johnson ရေချိုးနေတုန်း Diz က ရေချိုးခန်းအပြင်ဘက်မှာ ထိုင်လျက်စောင့်နေခဲ့ပါသေးတယ်။ခဏကြာပြီးတဲ့နောက်မှာ Johnson က ရေချိုး

 

တာကြာနေလို့ စိုးရိမ်နေတဲ့ Diz က ရေချိုးခန်းထဲ လိုက်ဝင်ပြီး ရေချိုးခန်းထဲမှာ တစ်ဖန်ပြန်ထိုင်စောင့်နေခဲ့ပါတယ်။Diz ဟာ သူမရဲ့အမေကို မျက်ခြေ

 

 

မပျက် ဂရုစိုက်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် Johnsonရဲ့ကိစ္စရပ်တွေအားလုံးကို သူမကိုယ်တိုင် လုပ်ဆောင်ပေးခဲ့ပါတယ်။Johnson ဟာ လက်ရှိမှာ

 

ကိုယ်ဝန် ၅ လ ရှိနေပြီဖြစ်ပြီး မကြာခင်မှာ Diz ရဲ့မွေးချင်းအသစ်လေး မွေးဖွားလာတော့မှာပါ။ Johnson ရဲ့ကလေးမလာမချင်းကတော့ သူ့အမေကို

 

၂၄/၇ စောင့်ကြည့်ခြင်းအားဖြင့် Diz က အကောင်းဆုံးအစ်မကြီးတာဝန်ကို လေ့ကျင့်နေပြီးဖြစ်ပါတယ်။အကယ်လို့ ခွေးလေးသာ မစောင့်ရှောက်ရင်

 

ကျွန်မဘယ်လိုဖြစ်နေမလဲလို့ Dizရဲ့ အထူးဂရုစိုက်ခြင်းကို ခံနေရတဲ့ Johnson က ဂုဏ်ယူစွာနဲ့ ဆိုခဲ့ပါသေးတယ်။

 

Credit

 

 

 

 

Unicode

 

 


 

 


 


 


 


 

 


 


 


 


 

 


 


 


 


 

Credit;

About the author

admm