INTERNATIONAL NEWS

မြန်မာ သင်္ဘောသားများ ပါဝင်သော တောင်ကိုရီးယား ဆီတင် သင်္ဘော တစီးကို အီရန် လုံခြုံရေး တပ်ဖွဲ့ က ဖမ်းဆီး

Written by admm

မြန်မာ သင်္ဘောသားများ ပါဝင်သော တောင်ကိုရီးယား ဆီတင် သင်္ဘော တစီးကို အီရန် လုံခြုံရေး တပ်ဖွဲ့ က ဖမ်းဆီး

 

 

တောင်ကိုရီးယား အလံတင် Hankuk Chemi အမည်ရှိ product tanker တစီးကို ရေထုညစ်ညမ်းစေမှု ဆိုတဲ့ စွဲချက်နဲ့ အီရန် ပြည်စောင့်တပ်

 

က စီးနင်းဖမ်းဆီး လိုက်တယ် လို့သိရပါတယ်။ ယင်းဖြစ်ရပ် ဟာ ယနေ့ မှာဘဲ ဖြစ်ပွားခဲ့ပြီး အဆိုပါရေယာဉ် သည် အငြင်းပွားဖွယ်ဖြစ်သော

 

အီရန် ရေပိုင်နက်ထဲ ဝင်ရောက် မိပြီးနောက် ဖြစ်ပွားခဲ့တာပါ။အခင်းဖြစ် ချိန်မှာ အဆိုပါ သင်္ဘောသည် အီသနော တန်ချိန် ၇၂၀၀ တင်ဆောင်

 

ထားပြီး ကိုရီးယား၊ အင်ဒိုနီးရှား၊ မြန်မာ နဲ့ ဗီယက်နမ် လူမျိုးများ တာဝန်ထမ်းဆောင်နေတယ် လို့ သိရပါတယ်။ အခင်းဖြစ်လျင်ဖြစ်ခြင်း

 

ပင်လယ်ကွေ့ အခြေစိုက် ဓါးပြရန်ကာကွယ်ရေး ကိုရီးယား တပ်ဖွဲ့များကို စေလွှတ်ထားပါတယ်။ဒီဖမ်းဆီးခံရမှုဟာ အီရန် နဲ့ ဆော်ဒီ

 

တင်းမားမှု ဖြစ်နေတဲ့ အကျိုးဆက် အနေနဲ့ ကုန်သွယ်သင်္ဘော တွေကို ဖမ်းဆီး နှောက်ယှက် ခံခဲ့ရတဲ့ အမှုအခင်း တွေထဲက တခုပေါ့။

 

ရေထု ညစ်ညမ်း စေမှု ဆိုတဲ့ စွဲချက် နဲ့ ဖမ်းဆီးခံရတဲ့ အဆိုပါ သင်္ဘောကို အီရန်နိုင်ငံ Bandar Abbas ဆိပ်ကမ်းသို့ မောင်းနှင် လာစေ

 

ခဲ့တယ်လို့လဲ သိရပါတယ်။ဒီအဖြစ်အပျက်ဟာ ယနေ့နံနက် ဒေသစံတော်ချိန် ၆:၃၀ အချိန်ခန့်က ဟော်မုဇ် ရေလက်ကြားမှာ ဖြစ်ခဲ့တယ်

 

 

လို့ ဗြိတိန် ရေတပ် နဲ့ ဆက်စပ်တဲ့ UK Maritime Trade Operations က ထုတ်ပြန် ခဲ့ပါတယ်။Hankuk Chemi သင်္ဘောဟာ ဇန်နဝါရီလ ၂

 

ရက်နေ့က ဆော်ဒီ နိုင်ငံ Jubail ဆိပ်ကမ်းတွင် ကုန်တင်ခဲ့ပြီး ယူအေအီးနိုင်ငံ ဖူဂျာရာ သို့ သွားနေတာပါ။ အခင်းဖြစ်ပွားပြီးအိုမန် နဲ့ အီရန်

 

ထိပ်နား အရောက်တွင် မူလလမ်းကြောင်းမှ သွေဖည်ကာ အီရန် နိုင်ငံ ဘန်ဒါအဘတ်စ် မြို့သို့ ဦးတည်သွားလာနေကြောင်း ခရီးစဉ် မှတ်တမ်း

 

များအရ သိရပါတယ်။အမေရိကန် အမှတ်၅ ရေတပ် အုပ်စု အနေနဲ့ အဆိုပါ ဖြစ်စဉ်ကို သိရှိပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့

 

ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါဟာ တနေ့က Dynacom Tanker တစီး၏ ဝမ်းတွင် တွယ်ကပ်ထားသောဗုံးတလုံးကို ရှာဖွေ

 

 

တွေ့ရှိသော အဖြစ်၊ Jeddah တွင် ကုန်ချနေသော BW Rhine ကို အဝေးထိန်း ရေယာဉ်ငယ် တွင် ဗုံးတပ်ဆင် ပြီး တိုက်ခိုက်ခံ ရတဲ့

 

အမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ပြီး အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။

 

Credit

 

 

 

Unicode

 


 

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

 

Credit

 

 

About the author

admm