အချစ်စစ်အချစ်မှန်နဲ့လက်ထပ်ခဲ့ပေမဲ့ လူတွေရဲ့ထုံးစံအတိုင်းကဲရဲ့ခံခဲ့ရတဲ့အမျိုးသမီး
အချစ်စစ်အချစ်မှန်နဲ့လက်ထပ်ခဲ့ပေမဲ့ လူတွေရဲ့ထုံးစံအတိုင်းကဲရဲ့ခံခဲ့ရတဲ့အမျိုးသမီး
သူတို့ရဲ့ယူကျူ့ချန်နယ်မှာလည်း နေ့တိုင်းဆိုသလို အခုလိုချစ်ခြင်းမျိုးတွေကိုမျှဝေနေပြီး၊ အချစ်စစ်တွေတကယ်ရှိကြောင်းကို သက်သေပြေ
နပါတယ်။
Credit
Unicode
ဆိုရှယ်မီဒီယာတွေရဲ့ထုံးစံအတိုင်း မြင်မြင်သမျှကို ဘလိန်းဖို့အသင့်စောင့်နေတဲ့လူတွေရှိပါတယ်။ တတ်လာသမျှကို ကဲ့ရဲ့ရှုံ့ချဖို့သီးသန့်
ဆိုရှယ်မီဒီယာကိုသုံးနေတဲ့ လူတွေကြောင့်ပဲ ရှိန်းနဲ့ဟန်နာတို့ရဲ့ချစ်ခြင်းတွေဟာ ဝေဖန်ခံဖို့ဖြစ်လာခဲ့ပါပြီ။ ဝှီးချဲလ်ပေါ်က မထနိုင်တဲ့ အမျိုး
သားနဲ့ အကောင်းပကတိရှိနေတဲ့ အမျိုးသမီးတို့ရဲ့စစ်မှန်တဲ့ ချစ်ခြင်းတွေကို ကဲ့ရဲ့ခဲ့တာဖြစ်ပါတယ်။ ရှိန်း ဘာကော် (၂၇)နှစ်နဲ့ ဟန်နာ အေ
ဝက် (၂၄)နှစ် နှစ်ဦးသားက တရားဝင်လက်ထပ်ပြီးတဲ့ စုံတွဲပါ။ ပုံမှာမြင်ရတဲ့အတိုင်း အမျိုးသားကို လက်ထပ်ခဲ့တဲ့အမျိုးသမီးဟာ သူသူငါငါ
အတွက် ထူးဆန်းမှာဖြစ်ပေမဲ့ ဟန်နာအတွက်တော့ မထူးဆန်းခဲ့ပါဘူး။ သူ့ရဲ့ကောင်လေးကို ချစ်ဖို့ကောင်းပြီး၊ ဟာသဉာဏ်ရှိတယ်လို့
မြင်ခဲ့ပြီး အချိန်တွေအကြာကြီးကြိုက်ပြီးချိန်မှာ လက်ထပ်ခဲ့တာပါ။ ရှိန်းက SMA လို့ခေါ်တဲ့ စပိုင်နယ် မာစကူလာ အက်ထရိုဖီ ခံစားနေရသူပါ။
မျိုးရိုးလိုက်တဲ့ အရိုးငြမ်းတည်ဆောက်မှုဆိုင်ရာ ကြွက်သားပျော့ရောဂါလို့သိရပါတယ်။ ကြွက်သားလှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ မော်တာ
နယူရွန်တွေ ဆုံးရှုံးတာကနေတဆင့် အခုလို ဝှီးချဲအကူအညီနဲ့ နေထိုင်ရပါတယ်။ (၂)နှစ်သားကတည်းကဖြစ်ခဲ့တာဖြစ်တဲ့အတွက် သူ့ဘဝ
ရဲ့အချိန်တော်တော်များများကို ဝှီးချဲမှာပဲဖြတ်သန်းခဲ့ရပါတယ်။ အခုလက်ရှိအမေရိကန် မင်နီဆိုတာမှာ နှစ်ဦးသားနေထိုင်နေပါတယ်။ အင်
စတာဂရမ်မှာ သူတို့ရဲ့ပုံလေးကိုတင်ခဲ့ပြီး၊ လက်ထပ်ခဲ့တဲ့အကြောင်းကို မျှဝေခဲ့ချိန်မှာ ကွန်းမန့်တွေက ဟန်နာကိုဝေဖန်ပါတော့တယ်။ ပိုက်
ဆံရှိလို့လက်ထပ်တာနဲ့ တကယ်ချစ်တာမျိုးတခုမှမရှိဘူးလို့ မှတ်ချက်တွေကို ပုံစံမျိုးစုံပေးခဲ့ပါတယ်။ ဟန်နာအတွက်တော့ ထိခိုက်ကြေကွဲ
စရာပါပဲ။ ဒါပေမဲ့ သူ့အတွက်တော့ သူချစ်တဲ့လူအတွက် ဝေဖန်မှုတွေကို ဂရုမစိုက်တော့ပါဘူး။ တကယ်လက်ထပ်ကာ မိသားစုဘဝကိုဖန်
တီးနေပြီဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပဲ ဘဝကိုဖြတ်သန်းသွားဖို့ စဉ်စားထားပြီဖြစ်သလို လူတွေမြင်နေတဲ့အမြင်တွေဟာ မှားယွင်းတာကို
ပြန်ဖြေရှင်းဖို့ အချိန်မပေးတော့ဘူးဆိုခဲ့ပါတယ်။ သူတို့ရဲ့ယူကျူ့ချန်နယ်မှာလည်း နေ့တိုင်းဆိုသလို အခုလိုချစ်ခြင်းမျိုးတွေကိုမျှဝေနေပြီး၊
အချစ်စစ်တွေတကယ်ရှိကြောင်းကို သက်သေပြနေပါတယ်။
Credit