ပေါ်တူဂီမှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး   Pfizer ထိုးပြီး ၄၈ နာရီအကြာတွင် သေဆုံးသွား

ပေါ်တူဂီမှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး   Pfizer ထိုးပြီး ၄၈ နာရီအကြာတွင် သေဆုံးသွား

 

 

ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့ မှ အသက် ၄၁ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း သူနာပြုအမျိုးသမီး ၁ ဦးသည် အမေရိကန်မှထုတ်လုပ်သည့် ကိုဗစ်

 

ကာကွယ်ဆေး Pfizer ထိုးခဲ့ပြီး ၄၈ နာရီအကြာတွင် ရုတ်တရက် သေဆုံးသွားခဲ့သည်။  သားသမီး ၂ ဦး၏မိခင်ဖြစ်သူ ဆိုနီယာ အဆီဗီဒို အ

 

မည်ရ အဆိုပါကျန်းမာရေးဝန်ထမ်းမှာ ပေါ်တိုမြို့ ရှိ အကြိတ်အဖုဆိုင်ရာပေါ်တူဂီဆေးရုံကြီးတွင် ကလေးငယ်များနှင့်ဆိုင်သည့် ကျွမ်းကျင်ပ

 

ညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။  Pfizer ကာကွယ်ဆေးထိုးရန် လျောက်ထားခဲ့ပြီး နောက် ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် ဆေး

 

ထိုးမှုခံယူခဲ့ကာ ၂၀၂၁ နှစ်ဆန်းနေ့ တွင် သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။ ကွယ်လွန်သွားခဲ့သည့် သမီးဖြစ်သူ ဆိုနီယာနှင့်ပတ် သက်၍ ဖခင်ဖြစ်

 

 

သူ အဘီလီယို အဆီဗီဒိုက –  “ကျွန်တော့်သမီးမှာ ကျန်းမာရေး ပြသာနာ မရှိပါဘူး။ သမီးက ကိုဗစ်ကာကွယ်ဆေးထိုးခဲ့ပေမယ့် သူ့ မှာ ဘာ

 

လက္ခဏာမှ မရှိဘူး။ မပြဘူး။ ဘာတွေဖြစ်သွားမှန်း ကျွန်တော်လည်း မသိပါဘူး။ အဖြေပဲ လိုချင်တာပါ။ ကျွန်တော့်သမီး ဘာကြောင့် သေဆုံး

 

သွားတယ် ဆိုတဲ့အဖြေကို ကျွန်တော် သိချင်ရုံပါ”ဟု ပေါ်တူဂီ မီဒီယာများသို့  ပြောကြားခဲ့သည်။  ဆိုနီယာမှာ ရုတ်တရက်အပြင်းအထန် ဖျား

 

နာလာ သည့်အတွက် အရေးပေါ်လူနာခန်းသို့ ပို့ ဆောင်ခြင်းခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်သည်။  ဆိုနီယာကို ဒီဇင်ဘာ ၃၀ ရက်နေ့ က Pfizer

 

ကိုဗစ် ကာကွယ်ဆေးထိုးပေးခဲ့သည်ဟုလည်း သူမ၏ ဆေးရုံက အတည်ပြုသတင်း ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့  ကာကွယ်ဆေးထိုးပြီးနောက်

 

 

နာရီပေါင်းအတန်ကြာအထိ ရုတ်တရက် အကျိုးသက်ရောက်မှု လက္ခဏာတစ်စုံတရာ မပြသခဲ့ဟုလည်း ဆေးရုံ၏ထုတ် ပြန်ချက်တွင် ပါရှိသည်။

 

သို့ သော် မည့်သည့်အကြောင်းအရင်းကြောင့် ဆိုနီယာ ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်ကို သိရှိနိုင်ရေးအတွက် ရုပ်အလောင်းကို ခွဲစိတ်စစ်ေ

 

ဆးမှုများပြုလုပ် နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။  အဆိုပါဆေးရုံမှ အခြားဝန်ထမ်း ၅၃၈ ဦးသည်လည်း Pfizer ကာကွယ်ဆေး

 

ထိုးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပေါ်တူဂီ ကျန်းမာရေးဝန်ကြီးဌာနကလည်း အတည်ပြုထားသည်။ ဆိုနီယာမှာ Portuguese

 

Institute of Oncology  ဆေးရုံတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်မှာ ၁၀ နှစ်ကြာခဲ့ပြီဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးနောက်

 

မိခင်ဖြစ်သူမှာ မအီမသာ၊ အဆင်မပြေမှုအချို့ ခံစားခဲ့ရသော်လည်း အခြားထူးထူးခြားခြား မဖြစ်ခဲ့ဟု ဆိုနီယာ၏သမီးဖြစ်သူက ပြောကြားသည်။

 

ဆိုနီယာမှာ Pfizer ကိုဗစ်ကာကွယ်ဆေးကို ထိုးပြီး နောက် သူမ၏ Facebook အကောင့်တွင် ” ကိုရိုနာကာကွယ်ဆေး ထိုးလိုက်ပြီ” ဟူသော

 

စာသားနှင့် Selfie ဓါတ်ပုံများကိုပင် တင်ခဲ့သေးသည်။

 

 

Credit
Refး DM , Correio da Manha
The Ladies News