ေသဆုံးသူရဲ႕ သားအိမ္နဲ႔ အစားထိုးကာ ကေလးေမြးႏိုင္ခဲ့တဲ့ ကမာၻ႔ပထမဆုံးျဖစ္စဥ္

ေသဆုံးသူရဲ႕ သားအိမ္နဲ႔ အစားထိုးကာ ကေလးေမြးႏိုင္ခဲ့တဲ့ ကမာၻ႔ပထမဆုံးျဖစ္စဥ္

 

 

သားအိမ္အစားထိုးကာ ကေလးေမြးဖြားႏိုင္မႈဟာ အခုမွ စေအာင္ျမင္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ယခင္က အႀကိမ္ေပါင္း ၃၉ႀကိမ္ေလာက္

 

ျပဳလုပ္ခဲ့ၿပီး ကေလး ၁၁ ေယာက္ကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီခြဲစိတ္မႈအားလုံးမွာ သက္ရွိအမ်ိဳးသမီးတစ္ဦးရဲ႕

 

သားအိမ္နဲ႔ အစားထိုးခဲ့တာျဖစ္ပါတယ္။ အခုလို ေသဆုံးၿပီး အမ်ိဳးသမီးတစ္ဦးရဲ႕သားအိမ္နဲ႔ အစားထိုးကာ ကေလးေမြးဖြားမႈကေတာ့ ပထမ

 

ဆုံးအႀကိမ္ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ ယခင္ကလည္း ေသဆုံးသူရဲ႕သားအိမ္နဲ႔ အစားထိုးမႈေပါင္း ၁၀ႀကိမ္ေလာက္ စမ္းသပ္ခဲ့ဖူးေပမယ့္

 

ကေလးေမြးႏိုင္ခဲ့ျခင္းမရွိတဲ့အတြက္ အခုလိုအစားထိုးမႈ ေအာင္ျမင္သြားတာဟာ ေဆးေလာက အတြက္ေတာ့ဝမ္းသာစရာ သတင္းပါ။

 

 

ခြဲစိတ္မႈေအာင္ျမင္ခဲ့တဲ့ အမ်ိဳးသမီးကေတာ့ အသက္ ၃၂ႏွစ္အ႐ြယ္ ဘရာဇီးအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး သူမဟာ ေမြးဖြားစဥ္ကလည္း သားအိမ္

 

ပါမလာခဲ့သူျဖစ္ပါတယ္။ ဒီလိုသားအိမ္မပါတဲ့ေရာဂါကို Mayer-Rokitansky-Küster-Hauser လို႔ေခၚၿပီး အေယာက္ ၄၅၀၀ မွာ ၁ေယာက္

 

ခန႔္ ျဖစ္ႏိုင္တဲ့ေရာဂါျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၀၆ခုႏွစ္မွာ ဦးေႏွာက္ေသြးယိုမႈနဲ႔ ေသဆုံးသြားတဲ့ အသက္ ၄၀အ႐ြယ္ အမ်ိဳးသမီးတစ္ဦးရဲ႕

 

သားအိမ္နဲ႔ အစားထိုးကာ ဘရာဇီးႏိုင္ငံ ေဆာ္ေပၚလိုတကၠသိုလ္မွာရွိတဲ့ Hospital das Clínicas က ဆရာဝန္ေတြက ဒီခြဲစိတ္မႈကို ျပဳလုပ္ေပး

 

ခဲ့တာျဖစ္ပါတယ္။ ဒီအစားထိုးခြဲစိတ္မႈဟာ ၁၀ နာရီခန႔္ၾကာျမင့္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ အစားထိုးသားအိမ္နဲ႔ အမ်ိဳးသမီးဟာ ၈ လ၊ ၃ ပတ္

 

 

နဲ႔ ၃ ရက္ၾကာ ကိုယ္ဝန္ေဆာင္ၿပီးတဲ့ေနာက္ ကိုယ္အေလးခ်ိန္ ၆ေပါင္ရွိတဲ့ သမီးငယ္ေလးကို ၂၀၁၇ခုႏွစ္ ဒီဇင္ဘာ ၁၅ရက္ေန႔မွာ ေအာင္ျမင္စြာ

 

ဗိုက္ခြဲၿပီး ေမြးဖြားႏိုင္ခဲ့ပါတယ္။ အစားထိုးမႈကို ဦးေဆာင္တဲ့ ေဆာ္ေပၚလိုေဆးတကၠသိုလ္က ေဒါက္တာ Dani Ejzenberg ကေတာ့ “ဒီေအာ

 

င္ျမင္မႈဟာ ကြၽန္ေတာ္တို႔အတြက္အေရးႀကီးသလို သူမအတြက္လည္း အလြန္အေရးပါပါတယ္။ တစ္သက္လုံး ကေလးမရေတာ့ဘူးလို႔ ထင္

 

ထားတာ အခုေတာ့ သူမၿပဳံးေပ်ာ္ႏိုင္ပါၿပီ ၊ ကေလးေတာင္ ၁ႏွစ္ျပည့္ပါေတာ့မယ္” လို႔ ဆိုပါတယ္။ အမ်ိဳးသမီးကို သားအိမ္အစားထိုးကုသမႈ ျပဳ

 

လုပ္ခဲ့ၿပီး ၇လ နဲ႔ ၁၀ရက္အၾကာမွ ကိုယ္ဝန္ရွိေနတယ္ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ကေလးဟာ ေမြးဖြားၿပီး ရက္ ၂၀မွာတင္ ကိုယ္အေလး

 

 

ခ်ိန္ ၁၆ေပါင္ရွိလာခဲ့ၿပီး အခုလည္း က်န္းက်န္းမာမာရွိေနပါတယ္။ ဒီေအာင္ျမင္မႈေၾကာင့္ ဘရာဇီးဆရာဝန္အဖြဲ႕ကို ကမာၻတဝန္းက ခ်ီးက်ဴးေန

 

ၾကပါတယ္။ အခုအေၾကာင္းအရာကိုေတာ့ UK အေျခစိုက္ အထင္ကရ ေဆးပညာဂ်ာနယ္ျဖစ္တဲ့ The Lancet က ေဖၚျပခဲ့တာပါ။

 

 

Credit

 

 

 

 

Unicode

 

 

 

သားအိမ်အစားထိုးကာ ကလေးမွေးဖွားနိုင်မှုဟာ အခုမှ စအောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။ ယခင်က အကြိမ်ပေါင်း ၃၉ကြိမ်လောက်

 

ပြုလုပ်ခဲ့ပြီး ကလေး ၁၁ ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီခွဲစိတ်မှုအားလုံးမှာ သက်ရှိအမျိုးသမီးတစ်ဦးရဲ့

 

သားအိမ်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။ အခုလို သေဆုံးပြီး အမျိုးသမီးတစ်ဦးရဲ့သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးဖွားမှုကတော့ ပထမဆုံး

 

အကြိမ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ယခင်ကလည်း သေဆုံးသူရဲ့သားအိမ်နဲ့ အစားထိုးမှုပေါင်း ၁၀ကြိမ်လောက် စမ်းသပ်ခဲ့ဖူးပေမယ့်

 

ကလေးမွေးနိုင်ခဲ့ခြင်းမရှိတဲ့အတွက် အခုလိုအစားထိုးမှု အောင်မြင်သွားတာဟာ ဆေးလောက အတွက်တော့ဝမ်းသာစရာ သတင်းပါ။

 

 

 

 

ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ အမျိုးသမီးကတော့ အသက် ၃၂နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမဟာ မွေးဖွားစဉ်ကလည်း သားအိမ်

 

ပါမလာခဲ့သူဖြစ်ပါတယ်။ ဒီလိုသားအိမ်မပါတဲ့ရောဂါကို Mayer-Rokitansky-Küster-Hauser လို့ခေါ်ပြီး အယောက် ၄၅၀၀ မှာ ၁ယောက်

 

ခန့် ဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၆ခုနှစ်မှာ ဦးနှောက်သွေးယိုမှုနဲ့ သေဆုံးသွားတဲ့ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးရဲ့ သား

 

အိမ်နဲ့ အစားထိုးကာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုတက္ကသိုလ်မှာရှိတဲ့ Hospital das Clínicas က ဆရာဝန်တွေက ဒီခွဲစိတ်မှုကို ပြုလုပ်ပေးခဲ့

 

တာဖြစ်ပါတယ်။ ဒီအစားထိုးခွဲစိတ်မှုဟာ ၁၀ နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ အဲဒီနောက်တော့ အစားထိုးသားအိမ်နဲ့ အမျိုးသမီးဟာ ၈ လ၊ ၃ ပတ်

 

 

 

 

နဲ့ ၃ ရက်ကြာ ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် ကိုယ်အလေးချိန် ၆ပေါင်ရှိတဲ့ သမီးငယ်လေးကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့မှာ အောင်မြင်

 

စွာ ဗိုက်ခွဲပြီး မွေးဖွားနိုင်ခဲ့ပါတယ်။ အစားထိုးမှုကို ဦးဆောင်တဲ့ ဆော်ပေါ်လိုဆေးတက္ကသိုလ်က ဒေါက်တာ Dani Ejzenberg ကတော့

 

“ဒီအောင်မြင်မှုဟာ ကျွန်တော်တို့အတွက်အရေးကြီးသလို သူမအတွက်လည်း အလွန်အရေးပါပါတယ်။ တစ်သက်လုံး ကလေးမရတော့

 

ဘူးလို့ ထင်ထားတာ အခုတော့ သူမပြုံးပျော်နိုင်ပါပြီ ၊ ကလေးတောင် ၁နှစ်ပြည့်ပါတော့မယ်”လို့ ဆိုပါတယ်။ အမျိုးသမီးကို သားအိမ်အစားထိုး

 

ကုသမှု ပြုလုပ်ခဲ့ပြီး ၇လ နဲ့ ၁၀ရက်အကြာမှ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ကလေးဟာ မွေးဖွားပြီး ရက် ၂၀မှာတင်

 

ကိုယ်အလေးချိန် ၁၆ပေါင်ရှိလာခဲ့ပြီး အခုလည်း ကျန်းကျန်းမာမာရှိနေပါတယ်။ ဒီအောင်မြင်မှုကြောင့် ဘရာဇီးဆရာဝန်အဖွဲ့ကို ကမ္ဘာတဝန်း

 

က ချီးကျူးနေကြပါတယ်။ အခုအကြောင်းအရာကိုတော့ UK အခြေစိုက် အထင်ကရ ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet က ဖေါ်ပြခဲ့တာပါ။

 

Credit