Home Blog Page 3
0
Unicode
ရုပ်ရှင် စရိုက်ခါစက ဖိနပ် နဲ့ပေါက်ပြီး ဆုံး မခံ ခဲ့ရ တဲ့ အကြောင်း ပြ န်ပြော င်းပြောပြ လာ သော ဟာ သ သရုပ်ဆောင် ခင်လှိုင်
ရုပ်ရှင် စရိုက်ခါစက ဖိနပ် နဲ့ပေါက်ပြီး ဆုံးမခံခဲ့ရ တဲ့ အကြောင်း ပြန်ပြောင်းပြောပြ လာတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်လူ ရွှင်တော်/သရုပ်ဆောင် ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အခိုင်အမာရရှိထားပြီး ယခုအခါမှာ လူရွှင်တော်အလုပ်သာမကဒါရိုက်တာအဖြစ်ရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲများ ရိုက်ကူးနေပြီဖြစ်ပါတယ်။ခင်လှိုင်ဟာ ဒါရိုက်တာအနေနဲ့ ဆိုးပေ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးဖို့ရှိနေပြီး သမီးဖြစ်သူ သရုပ်ဆောင် သဇင်ထူးမြင့်နဲ့အတူ ပါဝင်သွားမှာပါ။ယခုလို အောင်မြင်နေပေမယ့် ဦးခင်လှိုင်ရဲ့ ရုပ်ရှင်လောက ကို စတင်ဝင်ရောက်ခဲ့မှုကတော့ လွယ်လင့်တကူမဟုတ်ခဲ့ပါဘူး။
ရုပ်ရှင်စရိုက်ခါစမှာဇာတ်သဘင်လောကက လာသူဖြစ်တဲ့အတွက် သရုပ်ဆောင်ရာမှာ အဆီအငေါ်မတည့်မှုတွေဖြစ်နေလို့ ဖိနပ်နဲ့ပေါက်ပြီးဆုံး မတာခံခဲ့ရ ဖူးတယ်လို့ ဦးခ င်လှိုင်ကပြန်ပြောင်းပြောပြ လာခဲ့တာဖြစ်ပါ တယ်။ဦးခင်လှိုင်က ” ကျွန်တော်တို့ ကသဘင်လောက က လာတာဆိုတော့ ရုပ်ရှင်နဲ့ပတ်သတ်ပြီး ဘာမှကိုမသိတာလေ…သဘင်မှာကျတော့ ရာနဲ့ထောင်နဲ့ချီတွေ ဟိုးအဝေးကြီးကနေလှမ်းမြင်နိုင်ဖို့အတွက် Over Act လုပ်ရတာပေါ့ အမူအယာတွေပိုလုပ်ရတာပေါ့….ဒါမှ အဝေးကမြင်သာတာဆိုတော့လေ…ရုပ်ရှင်ကျတော့ ကင်မရာသေးသေးလေးထဲမှာ ကိုယ့်အမူအရာကိုထင်းနေအောင်လုပ်ပြရ
တာဆိုတော့ စရိုက်ခါစတုန်းက ပရိသတ်တွေက ခင်လှိုင်က အရမ်း အိုက်တင်တွေအိုဗာဖြစ်တာပဲလို့ ဝေဖန်သံတွေကြားရတယ်..ဟုတ်တယ်အဲ့ဒီတုန်းကကျွန်တော်တကယ်အိုဗာဖြစ်နေခဲ့တယ်ဆိုတာ ကျွန်တော်လည်းသိပါတယ်။ဒါကလည်း သဘင်လောကကို နှိမ်ပြောတာမဟုတ်ပါဘူး….. နယ်ပယ်ချင်းမတူတာကို ပြောချင်တာပါ” ဟု Over Acting တွေသရုပ်ေ ဆာင်ခဲ့မိတဲ့အကြော င်းပြောပြ လာခဲ့ တာပါ။ဒါ့အပြင် ဦးခင်လှိုင်က ” ကျွန်တော်ဆို အရင်တုန်းက
ဆရာသမားတွေက ဖိနပ်နဲ့ပေါက်ပြီးဆုံးမတာပါခံခဲ့ရ တာပါ….. သူတို့ဒီလိုဆုံးမလို့လည်းတသက်လုံးမှတ်သွားတာပေါ့။….. ဒါရိုက်တာကိုလည်းကြောက်ရသလို ကင်မရာမန်းတွေလည်း ကြောက်ရပါတယ်…. ” လို့ ရုပ်ရှင်စရိုက်ခါစက ဖိနပ်နဲ့ပါအပေါက်ခံခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ ဦးခင်လှိုင်တစ်ယောက်ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော်ခဲ့ရတဲ့ရုပ်ရှင်လော ကအမှ တ်တရ တ ချို့ကို ပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ။ဦးခင်လှိုင်ကိုအားပေးတဲ့ပရိသတ်ကြီးအတွက်တင်ဆက်ပေးလို က်ရပါတယ်နော်။
Credit ShweyaungMyanmar
0
Unicode
အကြိမ် ၅၀မြောက် စာမေးပွဲမှာလည်း ကျရှုံးခဲ့ရပြန်တဲ့ ဖိုးဖိုး……..
မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားခဲ့ပါတယ် ဦးသိန်းညွန့် ဟာ ၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားခဲ့တာပါ
မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားခဲ့ကြောင်း သိရသည်။
ဒါပေမယ့် ကံမကောင်းစွာနဲ့ အောင်စာရင်းမှာ သူရဲ့ ခုံအမှတ် အက၃၁၀၅ ပါမလာခဲ့ပါ “ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။
တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။
လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောခဲ့သည်။
ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။
အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။
မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားခဲ့ပါတယ် ဦးသိန်းညွန့် ဟာ ၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားခဲ့တာပါ
မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားခဲ့ကြောင်း သိရသည်။
ဒါပေမယ့် ကံမကောင်းစွာနဲ့ အောင်စာရင်းမှာ သူရဲ့ ခုံအမှတ် အက၃၁၀၅ ပါမလာခဲ့ပါ “ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ။
တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။
လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောခဲ့သည်။
ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊ အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည်။
အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။
0
ဦးဟုတ်စိန်
သား မောင်စောလှိုင်
မြစ် စောဝင်းမြင့်
မြစ် စမ်းယုမွန်
Unicode
မျိုးဆက် (၄) ဆက်တိုင်တိုင် မြန်မာတပြည်လုံး ဆယ်တန်းအမှတ် ပထမနေရာကို သိမ်းပိုက်ခဲ့ကြသူများ
မျိုးဆက် (၄) ဆက်တိုင်တိုင် မြန်မာတပြည်လုံး ဆယ်တန်းအမှတ်အများဆုံး ပထမနေရာကို သိမ်းပိုက်ခဲ့ကြသူများ…
တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကြိုးစားသူများအတွက် အောင်မြင်ဖို့ သိပ်မခက်လှသော စာမေးပွဲဖြစ်သော်လည်း ဂုဏ်ထူးများ ပါဖို့ တော့ခက်ခဲလှသည်။ ထိုထက်ပို၍ တစ်နိုင်ငံလုံး အဆင့် ၁ မှ ၁၀ အထိ ဝင်ရန်မှာ အလွန်ပင်ခက်ခဲလှပြီး အဆင့် ၁ နေရာကိုရရန်အတွက်မှု မည်မျှခက်ခဲကြောင်း ပြော၍ မလိုတော့ပါ။ သို့သော် ထို နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက်တိုင်တိုင် (၅) ကြိမ် ဆက် ရရှိခဲ့သူများ ရှိခဲ့ဖူးသည်ဟု ဆိုလျှင် အလွန်အမင်းအံသြသွားနိုင်ပါသည်။ မသိသေးသူများအတွက် ထိုမိသားစု အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုပါသည်။
ဦးဟုတ်စိန်
ယခင်က ဘင်္ဂလားစာမေးပွဲ (ခေါ်) ဆယ်တန်းစာမေးပွဲကို ၁၉၀၉ ခုနှစ်၌ စိန်ပေါလ်ကျောင်းမှ မောင်ဟုတ်စိန်က မြန်မာနိုင်ငံ လုံး ပထမ အဆင့်ဖြင့်အောင်မြင်ခဲ့သည်။ ထိုအချိန်က စိန်ပေါလ်ကျောင်း နှင့် စိန်ဂျွန်းကျောင်းတို့မှာ အဓိကပြိုင်ဘက်များ ဖြစ်ခဲ့သည်။ မောင်ဟုတ်စိန် သည် ငယ်စဉ်ကတည်းက အလွန်တော်ပြီး နှစ်စဉ် ထူးချွန်ဆုများ ရရှိခဲ့သူ ဖြစ်သည်။ နိုင်ငံလုံး ပထမ အဆင့်ရချိန်တွင် မောင်ဟုတ်စိန်မှာ အသက်(၁၉) နှစ် သာ ရှိသေးသည်။ ရန်ကုန်ကောလိပ်နှင့် ကာလကတ္တားတို့၌ ပညာသင်ဆု ရခဲ့ပြီး တက်ရောက်သင်ယူခဲ့သည်။
၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိခဲ့သည်။ ထို့နောက် ပါဠိ၊ မြန်မာစာဆရာ ၊ စာရင်းကိုင် ၊ လက်ထောက်အတွင်းဝန် ၊ အတွင်းဝန် ၊ တရားလွှတ်တော်ရှေ့နေကြီး စသည်ဖြင့် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ မှစတင်ကာ ၁၉၇၇ ခုနှစ်အထိ ပါဠိ-မြန်မာ-အဘိဓာန် ကျမ်းကိုပြုစုခဲ့သည်။ ယနေ့တိုင် ရဟန်းရှင်လူတို့ အားကိုး အားထားပြုရသည့် အဘိဓာန်ကျမ်းများကို အသက်ထက်ဆုံးပြုစုသွားခဲ့ပြီး အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သား မောင်စောလှိုင်
ဦးဟုတ်စိန် နှင့် ဇနီးဒေါ်မြမေတို့မှ သား မောင်စောလှိုင်ကို ဖွားမြင်ခဲ့သည်။ မောင်စောလှိုင်သည် ဒုတိယ မျိုးဆက် အဖြစ် ဖခင်ခြေရာကို နင်းနိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ်ဆယ်တန်းစာမေးပွဲကို မြန်မာနိုင်ငံလုံး ပထမ ဖြင့်အောင်မြင်ခဲ့သည်။ ဦးစောလှိုင် မှာ နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက် အမှုထမ်းခဲ့ရာ စပိန်နိုင်ငံ၏ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဖြစ်လာခဲ့သည်။
မြေး ချယ်ရီသန်းသန်းတင်
ဦးစောလှိုင်နှင့် ဇနီး ဒေါ်ညွန့်ရီတို့မှ သမီး သန်းသန်းတင်(ချယ်ရီ) ကို ဖွားမြင်ပါသည်။ ဒေါ်သန်းသန်းတင်သည် စိန်ဂွန်းကွန်ဗင့် (ယခု လသာ ထ-၂) ကျောင်း၌ ပညာဆည်းပူးခဲ့သည်။ ဒေါ်သန်းသန်းတင်မှာလည်း ဖခင် နှင့် အဘိုးတို့၏ ခြေရာကို ဆက်နင်းနိုင်ခဲ့သူ ဖြစ်သည်။ ၁၉၆၄ ခုနှစ် ဆယ်တန်းစာမေးပွဲတွင် မြန်မာနိုင်ငံလုံး ပထမ အဆင့်နေရာကို St Mary Diocesan အမျိုးသမီးအထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ နောင်တွင် မီးယပ် နှင့်သားဖွားပါရဂူ ဆေးပညာရှင်ပါမောက္ခ ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင် အဖြစ် ထင်ရှားခဲ့သည်။
မြစ် စောဝင်းမြင့်
ဒေါက်တာ ဒေါ်ချယ်ရီသန်းသန်းတင်သည် အထူးကု ဆရာဝန်ကြီး ဦးအောင်မွန် နှင့် လက်ဆက်ကာ သားစောဝင်းမြင့် ၊ သမီး စမ်းယုမွန် နှင့် သားမောင်ဖြိုးသန့်ထူးတို့ကို မွေးဖွားခဲ့သည်။ ဦးဟုတ်စိန်၏ စတုတ္ထမျိုးဆက်ဖြစ်သူ မောင်စောဝင်းမြင့် က အဘေး၊ အဘိုး ၊ မိခင် တို့၏ ခြေရာကို ထပ်မံနင်းနိုင်ခဲ့ပြန်သည်။ စောဝင်းမြင့်သည် ဒသမတန်း စာမေးပွဲကို အထက၂ ကမာရွတ် မှ ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံး ပထမ ရခဲ့သည့်အပြင် ထိုခေတ်ကာလက မြန်မာနိုင်ငံ၏ အမြင့်ဆုံး စံချိန် ဖြစ်သော အမှတ်ပေါင်း ၅၅၇ မှတ် ကို စံချိန်တင်နိုင်ခဲ့သည်။
မြစ် စမ်းယုမွန်
စောဝင်းမြင့် ဆယ်တန်း အောင်မြင်စဉ်က ညီမဖြစ်သူ စမ်းယုမွန်မှာ သတ္တမတန်းသာ ရှိသေးသည်။ စမ်းယုမွန်သည်လည်း ဦးဟုတ်စိန်၏ မျိုးဆက်ဖြစ်သဖြင့် ဆွေမျိုးများ၏ အားထား ခြင်းကိုခံရသည်။ ၁၉၉၆ ခုနှစ်တွင် စမ်းယုမွန်သည် ဒသမတန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။ အဘေး၊ အဘိုး ၊ မိခင် ၊ အစ်ကို တို့၏ ခြေရာကို နင်းမှနင်းနိုင်ပါ့မလား ဟူ၍ စမ်းယုမွန် ၏ စာမေးပွဲအောင်စာရင်းကို ရင်တမမ နှင့် တဆွေမျိုးလုံး စောင့်ကြည့်ခဲ့သည်။ ထင်သည့်အတိုင်းပင် စမ်းယုမွန် သည်လည်း မြန်မာတစ်နိုင်ငံလုံး ဆယ်တန်းစာမေးပွဲတွင် အဆင့် ၁ ဖြင့် ဗိုလ်စွဲ ခဲ့ပြန်ပါသည်။
အလွန်တရာ ခက်ခဲလှသော နိုင်ငံလုံး အဆင့် ၁ နေရာကို မျိုးဆက်လေးဆက် တိုင်တိုင် (၅) ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ သော ဦးဟုတ်စိန်၏ မိသားစုမျိုးဆက်များမှာ အလွန်ပင်ထူးခြားလှပါတော့သည်။ (အငယ်ဆုံး ဖြိုးသန့်ထူးကလည်း ၂၀၀၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး တတိယ ရရှိခဲ့ပါတယ်။)
ကိုးကား – ပုဂ္ဂိုလ်ထူးတို့ရဲ့ဘဝတစ်ကွေ့ – တင်နိုင်တိုး
0
Unicode
ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲတော်မှာ ဖျော်ဖြေခဲ့တဲ့ “ချစ်သောမောင်မောင်” သီချင်းရဲ့ မူရင်းပိုင်ရှင် မာမာအေးရဲ့ နာမည်ကိုမှားယွင်းပြောဆိုမိတဲ့အပေါ် ပြန်လည်ဖြေရှင်းလာတဲ့ ခင်ပိုးပန်းချီ
ချိုမြမြအသံလေးနဲ့ မြန်မာသံစဉ်သီချင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး ခင်ပိုးပန်းချီကို အမြို့မြို့ အနယ်နယ်က ပရိသတ်ကြီးအားလုံး ချစ်ခင်ပြီးသား ဖြစ်မှာပါ။ ခင်ပိုးပန်းချီက လက်ရှိမှာ သူမရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပြင်ဆင်နေသလို အနုပညာအလုပ်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ကိုင်နေလျက်ရှိပါတယ်။
မနေ့က သြဂုတ်လ (၇)ရက်နေ့မှာတော့ ခင်ပိုးပန်းချီက ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲတော်မှာ “ချစ်သောမောင်မောင်” သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပြီး ထိုသီချင်းရဲ့ မူရင်းတေးသံရှင်နာမည်ကို မာမာအေးအစား ချိုပြုံးလို မှားယွင်းပြီး ပြောခဲ့မိတာပဲ ဖြစ်ပါတယ်။
ထိုအကြောင်းနဲ့ ပက်သတ်ပြီး “ချစ်သောမောင်မောင်” သီချင်းရဲ့ မူရင်းတေးသံရှင် မာမာအေးက “ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက် ရုပ်ရှင်သီချင်းတွေ အခုMRTV ကအသံလွှင့်နေကြောင်းနဲ့ ကျွန်မ ဆိုခဲ့တဲ့”ချစ်သောမောင်မောင်”ပဏာမသီချင်းကို ချိုပြုံးဆိုခဲ့တယ်လို့ပြောပါသတဲ့ရှင်။ ချစ်စွာသောရုပ်ရှင်ချစ်ပရိသတ်တို့ အမှတ်မမှားစေချင်လို့ရေးပါတယ်ရှင်။ တခါတရံမှာ မဏ္ဏာပ်တိုင်တက်ပြမှသိမှာမို့ မှားပြောတဲ့သူများက ခွင့်လွှတ်ကြပါရှင့်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိအနုပညာသည်များအနေနဲ့ သက်ရှိထင်ရှား ကန်တော့ခံ သရုပ်ဆောင်အဆိုတော် ကျွန်မသီချင်းများကို မှတ်တမ်းအမှန်ရအောင် စီစစ်ပေးစေလိုပါတယ်ရှင်။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားပါတယ်။
အဆိုတော် မာမာအေးရဲ့ ပြောဆိုမှုအပေါ် မှားယွင်းစွာပြောခဲ့မိတဲ့ ခင်ပိုးပန်းချီက “ချစ်သောမောင်မောင် ရုပ်ရှင်ဇာတ်ဝင်တေးကို သမီးကဒီနေ့ည Live သီဆိုခဲ့ပါတယ်။ ချစ်သောမောင်မောင် သီချင်းကို မူရင်းသီဆိုခဲ့သူ အမည်ပြောတော့ သမီးကို အန်တီဆွေဇင်ထိုက် ပြောပြအတိုင်းပြန်ဖြေရတာပါ။
ပထမ ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးလို့ကြားလို့ပြောလိုက်ပါသေးတယ်။ နောက်မှမဟုတ်ဘူး။ အန်တီချိုပြုံး လို့ပြောတာနဲ့ သမီးလဲအမေချိုပြုံး လို့ပြောရတာပါ။
“ဒီဇာတ်ကားတွေက သမီးတို့နဲ့ လက်လှမ်းမမှီတဲ့ ရုပ်ရှင်ကားတွေပါ။ ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးကိုယ်တိုင် သရုပ်ဆောင်ပြီး သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ဇာတ်ကားလို့ အန်တီကြီးဆွေဇင်ထိုက်က ပြောပြပါတယ်။ အဲဒီအတိုင်းပဲ သမီးကပြန်ပြောခဲ့တာပါရှင်။
အဖွားမာမာအေးကို သမီးကအနူးအညွှန့်တောင်းပန်ပါတယ်ဖွားဖွား။ သီချင်းဆိုရမယ့်အဆိုတော်တစ်ယောက် က ကိုယ်ဆိုရမယ့်သီချင်းရဲ့ မူရင်းသီဆိုသူကို သိထားသင့်ပါတယ်။ သမီးရဲ့အမှားပါ။ အဖွား ရုပ်ရှင် နှစ်တရာပြည့်ပွဲမှာမှ မှားရတယ်လို့ အထူးတောင်းပန်ပါတယ်။ အဖွားကိုအမြဲလေးစားကြည်ညိုလျှက်ပါ နားလည်ခွင့်လွှတ်ပေးမယ်လို့ ထင်ပါတယ်အဖွား။ ဖွားဖွားသက်ရှည်ကျမ်းမာပါစေလို့ အမြဲဆုတောင်းပေးလျှက်ပါ” ဆိုပြီး ပြန်လည်တောင်းပန်ခဲ့တာပဲ ဖြစ်ပါတယ်။
ခင်ပိုးပန်းချီကတော့ သူမရဲ့ ပရိသတ်တွေနဲ့ အဆိုတော်ကြီး မာမာအေး အမြင်ရှင်းသွားရအောင် ဖြစ်ရပ်မှန်ကို သေချာလေး ပြောပြလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Khin Poe Panchi & Mar Mar Aye’s fb
0
Source: Chit Thu Wai’s fb
Unicode
(၃၆)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် ပဲခူးရိုးမက ရွာလေးတစ်ရွာမှာ ခင်ပွန်းဖြစ်သူလင်းလင်းနဲ့အတူ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ ချစ်သုဝေ
ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။
ချစ်သုဝေက သူမရဲ့ သမီးလေးတွေနာမည်နဲ့ ” ခေတ်သစ်ဖောင်ဒေးရှင်း ” ကိုလည်း တည်ထောင်ထားပြီး တစ်နိုင်ငံလုံး အနှံ့ပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက မကြာခင်ကျရောက်တော့မယ့် သူမရဲ့ မွေးနေ့လေးအတွက် စာကြည့်တိုက်လေး ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။
“ကိုယ့်မွေးလလေးမှာ ပထမဆုံးလှူဖြစ်တဲ့အလှူလေးပါ🙏 ပဲခူးရိုးမ၊ကျောက်တံခါးမြို့နယ်၊ ကုန်းမြင့်သာကျေးရွာ(၁၂မိုင်) မှာရှိနေတဲ့ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးအတွက် ဦးစီးဦးဆောင်နေသော ဆရာတော်ဘုရားနှင့် တိုင်ပင်၍ “စာကြည့်တိုက်လေး” ဆောက်လုပ်လှူဒါန်းရန် အလှူငွေ လှူဒါန်းခဲ့ပါတယ်🙏 ပညာရေးအတွက် လှူရတာအင်မတန်ပီတိဖြစ်ရတယ်။
အသက်ကြီးလာတာနဲ့အမျှ ကုသိုလ် အကုသိုလ်၊ အစစ် အမှန် အပေါ်ယံ.. အရာရာကိုဆင်ခြင်တတ်လာတယ်။ ဒီထပ်ပိုလို့လောဘ ဒေါသနည်းပြီးဆင်ခြင်တုံတရားနဲ့နေထိုင်နိုင်သူဖြစ်ဖို့လည်းဆင်ခြင်မိတယ်🙏 Trezaရဲ့မွေးနေ့က ၁၀ရက်နေ့မှပါနော်😊🥰” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။
ချစ်သုဝေကတော့ အလှူအတန်းနဲ့ ပက်သတ်လာရင် ရှေ့ဆုံးကနေ ကူညီဆောင်ရွက်ပေးချင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ မွေးနေ့အလှူကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Chit Thu Wai’s fb
0
Unicode
ဈေးကဝယ်လာတဲ့ငါးကို ချက်စားမယ်လုပ်တဲ့အဖေကို လိုက်တားနေတဲ့ ကလေးငယ်
ကြင်နာတတ်လွန်းလှတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်စေတနာလေးကိုပေါ်လွင်စေတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။
အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုမှာတွေ့မြင်ရတာကတော့ ကလေးငယ်လေးဟာ ငါးကိုချက်စားဖို့ခုတ်မယ်လုပ်နေတဲ့ဖခင်ကို မလုပ်ပါနဲ့လို့ တားမြစ်နေတာပါ။
ချစ်စဖွယ်မွန်လူမျိုးကလေးငယ်ဟာ သနားကြင်နာတတ်သူလေးပါပဲ။ ဖခင်က ငါးကိုဓားနဲ့ရွယ်တိုင်းမှာ သူ့ခမျာ ငိုယိုပြီး ငါးလေးကိုမခုတ်ဖို့ တောင်းပန်ရှာပါတယ်။
အဆုံးမှာတော့ ကလေးငယ်လေးဟာ ငါးလေးကို မကြောက်မရွံ့ဘဲ ကိုင်ကာ ရေထဲသွားလွှတ်ပေးလိုက်တာကိုတွေ့မြင်ရပါတယ်။တကယ့်ကိုစိတ်ထားကောင်းတဲ့ ကလေးပါပဲ။
ဈေးကဝယ်လာတဲ့ငါးကို ချက်စားမယ်လုပ်တဲ့အဖေကို လိုက်တားနေတဲ့ ကလေးငယ်
ကြင်နာတတ်လွန်းလှတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်စေတနာလေးကိုပေါ်လွင်စေတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။
အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုမှာတွေ့မြင်ရတာကတော့ ကလေးငယ်လေးဟာ ငါးကိုချက်စားဖို့ခုတ်မယ်လုပ်နေတဲ့ဖခင်ကို မလုပ်ပါနဲ့လို့ တားမြစ်နေတာပါ။
ချစ်စဖွယ်မွန်လူမျိုးကလေးငယ်ဟာ သနားကြင်နာတတ်သူလေးပါပဲ။ ဖခင်က ငါးကိုဓားနဲ့ရွယ်တိုင်းမှာ သူ့ခမျာ ငိုယိုပြီး ငါးလေးကိုမခုတ်ဖို့ တောင်းပန်ရှာပါတယ်။
အဆုံးမှာတော့ ကလေးငယ်လေးဟာ ငါးလေးကို မကြောက်မရွံ့ဘဲ ကိုင်ကာ ရေထဲသွားလွှတ်ပေးလိုက်တာကိုတွေ့မြင်ရပါတယ်။တကယ့်ကိုစိတ်ထားကောင်းတဲ့ ကလေးပါပဲ။
0
Unicode
နောက်ကနေအမြဲ လိုက်စောင့်ရှောက်ပေးတဲ့ ဖေဖေ၊မေမေတို့နဲ့အတူ ရုပ်ရှင်နှစ်(၁၀၀)ပြည့်ပွဲလေးကို တက်ရောက်ခဲ့တဲ့ စိုးပြည့်လေး
အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့အနုပညာလောကထဲမှာ လျှောက်လှမ်းလာခဲ့တာ ကြာမြင့်နေပြီဖြစ်လို့ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများအပြားရှိနေပါပြီနော်။စိုးပြည့်က လက်ရှိမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကြော်ငြာတွေလည်း ရိုက်ကူးထားပါတယ်။စိုးပြည့်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကလည်း အမြဲတမ်းအားပေးနေကြတာပါနော်။
စိုးပြည့်ရဲ့မိဘနှစ်ပါးကလည်း သမီးလေးကိုအရမ်းချစ်ပြီး အစစအရာရာဂရုစိုက်ပေးကြပါတယ်။စိုးပြည့်လေးခရီးထွက်ရင်လည်း ဖေဖေနဲ့မေမေက နောက်ကလိုက်တတ်ပြီး မိသားစုသုံးယောက်လုံး စည်းစည်းလုံးလုံးနဲ့နေထိုင်နေကြတာဖြစ်ပါတယ်။စိုးပြည့်လေးကလည်း သိတတ်လိမ္မာပြီး အေးဆေးနေတတ်တဲ့သူလေးဖြစ်လို့ မိဘနှစ်ပါးကတော့ သူမအတွက်စိတ်အေးနေရတာပဲဖြစ်ပါတယ်‌နော်။
စိုးပြည့်ရဲ့မေမေကလည်း သမီးလေးရဲ့အနုပညာအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေး‌တဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။အခုဆိုရင်လည်း စိုးပြည့်က ရုပ်ရှင်နှစ်(၁၀၀)ပြည့်ပွဲတက်ဖို့အတွက် ဖေဖေနဲ့မေမေ့ကိုပါအတူခေါ်လာတာဖြစ်ပါတယ်။စိုးပြည့်တို့သားအမိနှစ်ယောက်လုံးကတော့ အရမ်းချစ်ဖို့ကောင်းနေကြပြီး ပွဲတက်လာတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source:Soe Pyae Thazin’s Facebook Account
0
zawgyi
“အသက်(၃၂) နှစ်ပြည့် မွေးနေ့အကြိုအတွက် ရုပ်ရှင်အစည်းအရုံးမှာ အလှူအတန်းတွေကို ပြုံးရွှင်စွာပြုလုပ်နေတဲ့ ရွှေကစ်ရဲ့ဗီဒီယိုဖိုင်”
နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင် ဝတ်မှုံရွှေရည်ကတော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာရင်း အောင်မြင်မှုတွေကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။ရွှေကစ်က သရုပ်ဆောင်လည်းအရမ်းကောင်းတာကြောင့် သူမရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပရိသတ်တွေအားပေးရကျိုးနပ်ပါတယ်နော်။ရွှေကစ်လေးက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ချစ်မေတ္တာတွေနဲ့အတူ အနုပညာလောကမှာ လျှောက်လှမ်းနေတာဖြစ်ပါတယ်။
ရွှေကစ်လေးက အခုဆိုရင် အသက်(၃၂)အရွယ်ရောက်ရှိနေပြီဖြစ်ပြီး အမြဲတမ်း ဆယ်ကျော်သက်အရွယ်လေးလို နုပျိုလန်းဆန်းနေတာဖြစ်ပါတယ်။ရွှေကစ်လေးရဲ့ဖြူဖွေးနုဖတ်တဲ့ အသားအရည်လေးကလည်း ထိရက်စရာမရှိလောက်အောင် နုနယ်တာပါနော်။အခုဆိုရင်တော့ ရွှေကစ်လေးက သူမရဲ့အသက်(၃၂)နှစ်ပြည့်အတွက် မွေးနေ့မရောက်ခင်လေးမှာ ကုသိုလ်တွေနဲ့ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
ရွှေကစ်လေးက ရုပ်ရှင်အစည်းအရုံးကိုသွားရောက်ပြီး လိုအပ်တဲ့သူတွေကို တတ်နိုင်သလောက်ကူညီလှူဒါန်းခဲ့တာဖြစ်ပါတယ်။ရွှေကစ်လေးကလည်း မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျက်သရေရှိစွာ လှပနေပြီး ပြုံးရွှင်စွာ အလှူအတန်းပြုလုပ်နေတာဖြစ်ပါတယ်။ပရိသတ်တွေချစ်ရတဲ့ အကယ်ဒမီဝတ်မှုံရွှေရည်ရဲ့ မွေးနေ့အကြို လှူဒါန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source:Wutt Hmone Shwe Yi’s IG Acc
0
Source : Aung Min Naing
Unicode
ချစ်ခင်ရတဲ့ အနုပညာညီအစ်ကိုတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူချစ်မင်းသား မြင့်မြတ်
ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကို ပီပြင်ကောင်းမွန်စွာ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆု ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချော မြင့်မြတ်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေအားလုံးက သဘာဝမင်းသားလို့ေ
တာင် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ အနုပညာလောကတွင် အောင်မြင်မှုတွေ ရရှိထားရုံသာမကဘဲ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက်ထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒီနေ့လေးကတော့ သရုပ်ဆောင် မြင့်မြတ်ရဲ့ (၃၄) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူ့ကိုချစ်ခင်ကြတဲ့ မိတ်ဆွေ ၊ သူငယ်ချင်းများကလည်း လူမှုကွန်ယက်စာမျက်နှာတွင် မွေးနေ့ဆုမွန်ကောင်းများတောင်းပေးကြတာလည်း ဖြစ်ပါတယ်။
မြင့်မြတ်ဟာ ဒီညလေးမှာ ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားချောလေး အောင်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း မွေးနေ့အမှတ်တရပုံရိပ်လေးတွေနဲ့ အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။
” Happy birthday ko myint myat မွေးနေ့မှစပြီး အမြဲတမ်းပျော်ရွှင်စရာကောင်းသောမိသားစုလေးနဲ့ဒီထက်မကတစ်သက်လုံးပျော်ရွှင်ပါစေခင်ဗျာ( ငယ်ငယ်တည်းကကျွန်တော်လေးစားအားကျရတဲ့ ကျွန်တော့် idol ပါ) ဖြစ်သလိုလေးမို့ရုပ်တော့သည်းခံကြည့်ပေးပါ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် မင်းသားချော မြင့်မြတ်ရဲ့မွေးနေ့ပွဲလေးကိုတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်ညီအစ်ကိုများရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Aung Min Naing
0
09455500010
09455500014
09776089484
Unicode
သားသမီး (၄)ယောက်လုံး မျက်မမြင်ဖြစ်နေပြီး အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့ မိသားစုလေးအတွက် မြေကွက်ဝယ်ပေးပြီး အိမ်ဆောက်ပေးတော့မည်
ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှမိဘများက မျက်စိမြင်ကြပေမယ့် သား၅ယောက် မှ သား၄ယောက်မှာ မျက်လုံးမပါ မမြင်ကြပါဖူး။သနားစရာ ထူးဆန်းတဲ့ဝဋ်ကြွေးတွေနဲ့ အတူ ကံဆုံကြတဲ့ မိသားစုလေးပေါ့။
ဒီနေ့တော့ အလှူရှင် မြောက်ဥက္ကလာက ဦးမြင့်သိန်း နဲ့ အတူသွားဖြစ်ခဲ့ပါတယ်။သားလေးတို့က မျက်စိပြန်မမြင်နိုင်တော့ပါဘူး။အကြီးဆုံးသား ကမျက်မမြင်ကျောင်းမှာ ကျောင်းနေပြီး ဆရာဝန်တွေ နဲ့ စစ်ဆေးကြည့်ဖူးပြီးပါပြီ။
အခု သားတို့မိသားစုတွေ မှာ အရင်နေတဲ့ အိမ်က နှင်ချခံရလို့ အဆောင်ခန်းသေးသေးလေး ငှားနေရပါတယ်။နေထိုင်ရေး အခက်အခဲ ဖြစ်နေတာမို့ မြို့ကအသင်းအဖွဲ့များကို အကူအညီတောင်းပြီးသူတို့မိသားစုလေး ရပ်တည်နေထိုင်နိူင်ဖို့ မြေကွက်လေးဝယ်ဖို့ နဲ့ အိမ်လေးဆောက်ဖို့ စီစဉ်ပေးခိုင်းခဲ့ပါတယ်။
အလှူရှင် ဦးမြင့်သိန်းနှင့် ဖောင်ဒေးရှင်းမှ ကောက်ခံရရှိငွေတို့ စုပေါင်း လှူပေးတာပါ။
လောလောဆယ် အခန်းငှားခနဲ့ လိုအပ်တာသုံးဖို့ အတွက်လဲလှူပေးခဲ့ပါတယ်။အိမ်လေးပြီးမှပဲ ဆက်ဖော်ပြပေးပါ့မယ်အိမ်လေးထဲလိုအပ်တာလေးတွေလဲ ပေးပို့ လှူဒါန်းပေးသွားပါအုံးမယ်။ကလေးတို့အတွက် လုံခြုံနားခိုရာ အိမ်လေးရမှာမို့အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484
ဗီဒီယိုအခွေဆိုင် (၁၂၀) ကျော်နဲ့ ကိုယ်တိုင် စကားပြောကြည့်မှ ဗီဒီယိုလောကပျက်စီးရတဲ့ တရားခံတွေကို သိရတယ်ဆိုတဲ့ နေထူးနိုင်
ဗီဒီယိုအခွေဆိုင် (၁၂၀) ကျော်နဲ့ ကိုယ်တိုင် စကားပြောကြည့်မှ ဗီဒီယိုလောကပျက်စီးရတဲ့ တရားခံတွေကို သိရတယ်ဆိုတဲ့ နေထူးနိုင် နေထူးနိုင်ကတော့ ဗီဒီယိုအခွေဆိုင် (၁၂၀) ကျော်နဲ့ Video callပြောပြီး ဗီဒီယိုလောကပျက်ဆီးရတဲ့အဓိကတရားခံတွေသိရတယ်အကြောင်းကို “ဗီဒီယိုအခွေဆိုင်၁၂၀ကျော်နဲ့Video callပြောမှာပဲဗီဒီယိုလောကပျက်ဆီးရတဲ့အဓိကတရားခံတွေသိရတော့တယ် မပျက်ဆီးသင့်ပဲပျက်ဆီးသွားခဲ့ရတယ်အရင်လောက်မကောင်းနိုင်ပေမယ့် ရိုက်စား/ရောင်းစား /ဌားစားရပါသေးတယ်တဲ့အားလုံးကိုကျေးဇူးတင်ပါသည် နားမလည်တဲ့အခွေဆိုင်တွေအပေါ်ဒုက္ခမျိုးစုံပေးသူတွေကျန်းမာကြပါစေဒီနေ့ထိအခွေဆိုင်ဖွင့်သူများနောင်ဆိုင်ဖွင့်ချင်သူများရဲ့အခက်အခဲများ(လိုင်စင်/အခွေဝယ်/ရောင်း)ကိုဦးဆောင်ဖြေရှင်းပေးသွားပါမည် ဆက်သွယ်ပြောဆိုကြပါပွင့်လင်းမြင်သာတဲ့ခေတ်ရောက် နေပါပြီဘယ်သူ/ဘယ်အဖွဲ့စည်းမှာကြောက်စရာမလိုပါကိုယ်ဘက်ကလဲဥပဒေနဲ့အညီဆိုရင်ပေါ့ မှတ်ချက်-ပြောပြီးသားဆိုင်သမားများထပ်မခေါ်သေးပဲ မပြောရသေးသောဆိုင်များထပ်ခေါ်၍ပြောပေးကြပါအုံးနော်” လို့သူ့ရဲ့...